ကျူးလစ်နီဒဏ္ဍာရီ [AKaYarHline]

312 38 2
                                    

Unicode

Recommend Song - Always ( Slowed+ Reverb )

လွန်ခဲ့သောခုနှစ်သက္ကရာဇ် 1874ခန့်က တစ်နေ့တာ။ ထိုနေ့က ရောင်စုံပန်း‌ တွေပွင့်ရင်း လေပြည်တွေတိုက်နေခဲ့တာကိုမှတ်မိပါသေးတယ်။ ထို့အတူပင် တောင် ကုန်းစိမ်းပေါ်မှာဆော့ကစားနေခဲ့တဲ့ ကလေးလေးတွေသည်လည်း ပျော်ရွှင်နေခဲ့ကြ တာမြင်ခဲ့ပါသေးရဲ့။

ကော်ဖီတစ်ခွက်ရယ်။ အနီရောင်ကျူးလစ်တစ်ပွင့်ရယ်။ ထိုနေ့က ကျွန်တော် နဲ့သူစတွေ့ခဲ့ကြတယ်။

ထိုနေ့က သာမန်နေ့တွေလိုပါပဲ။ ကျွန်တော်ဟာ ပန်းပျိုးသူတစ်ယောက်မို့ မနက်ပိုင်းမှာပန်းခင်းထဲဝင်၊ လုပ်စရာရှိတာလုပ်ပြီး ပိတ်ထားတဲ့ဆိုင်လေးကိုဖွင့်ဖြစ် တယ်။ရိုးရိုးရှင်းရှင်းပန်းဆိုင်လေးရဲ့ သစ်သားဆိုင်းဘုတ်လေးမှာ ထွင်းထားတာက တော့ Veautifulတဲ့လေ။ ကျွန်တော့်နာမည်ရဲ့တစ်စိတ်တစ်ပိုင်းရယ် ၊ လှပခြင်းရယ်ဆို တဲ့အဓိပ္ပါယ်ကိုပေါင်းပေးခဲ့တာပေါ့။

ကျူးလစ်တဲ့။ ခင်ဗျားတို့သိကြမလားမသိဘူး။ အရောင်အသွေးပေါ်မူတည် ပြီးအဓိပ္ပါယ်မျိုးစုံရတဲ့ ထိုကျူးလစ်ပန်းလေးတွေက အချစ်ဒဏ္ဍာရီပေါင်းများစွာနဲ့ပတ် သတ်နေတယ်။ နူးညံ့မှုနဲ့စိတ်ကူးယဉ်အချစ်ကိုသဘောကျတဲ့ကျွန်တော့်ရဲ့ အဓိကပျိုး ထားမိတဲ့ပန်းလေးတွေလည်းဆိုပါတော့။

အနီ ၊ အဖြူ ၊ အဝါ ၊ လိမ္မော် မျိုးစုံရှိကြတဲ့ကျူးလစ်တွေက အဓိပ္ပါယ်မျိုးစုံရှိကြ တယ်။ စစ်မှန်တဲ့မေတ္တာရယ် ၊ သန့်ရှင်းတဲ့ချစ်ခြင်းနဲ့ ထိုပန်းလေးတွေအားလုံးထဲမှာ တော့ ကျွန်တော်အကြိုက်ဆုံးက အဝါရောင်ကျူးလစ်တဲ့လေ။ ပျော်ရွှင်ခြင်းကိုကိုယ် စားပြုတဲ့ ကျူးလစ်ဝါလေးတွေလိုမျိုး ကျွန်တော်က ဘဝမှာအမြဲပျော်ရွှင်ချင်ခဲ့တာ။

ဒါပေမဲ့သူကတော့ ကျွန်တော့်ဒဏ္ဍာရီ‌ကို ကျူးလစ်နီအဖြစ်ပြောင်းစေခဲ့တယ်။ ကျွန်တော်ရဲ့သူ...ကျွန်တော့်ရဲ့သူကပေါ့။

*ကလင်*

"ကြိုဆိုပါတယ်"

"ကျူးလစ်နီပန်းစည်းတစ်စည်းလောက်လုပ်ခိုင်းမယ်ဆိုရင် စိတ်ရှိမလားဗျ"

Rain Drops DiaryWhere stories live. Discover now