(၁၂ရက်နေ့ ညအတွင်း ''.....'' မြို့တော်တွင်း သေဆုံးသူလူဦးရေ...၂၅ဦး...!)
"ဖြောက်..!''
ဟာရူတိုဟာ TV power ခလုပ်ကိုပိတ်လိုက်ရင်း ဆိုဖာပေါ်၌ တိတ်တဆိတ်ထိုင်နေလိုက်သည်။ လူတွေက လောဘကြီးနေကြတာလား။ ခက်ခဲနေကြတာလား။ လောကကြီးက ဆိုးရွားကာ အခြေအနေဆိုးလာတာကြောင့် လူသားတွေပါ ကြမ်းတမ်းပြီးခက်ထန်ကုန်ကြပြီ။
သူသတိရသည်နှင့် ဝတ်ရုံတစ်ခုကိုကောက်စွပ်လိုက်ကာ ထွက်လာခဲ့လိုက်သည်။ ''Days'' ဟူသည့် LED မီးလုံးများဖြင့် ပုံဖော်ထားသည့် အဆောက်အဦးကြီးရှေ့၌ သူခြေစုံရပ်လိုက်သည်။ သူက အဆောက်အဦးကို မြင်နိုင်သလောက် အများကြီး ဝေ့ဝိုက်ကြည့်လိုက်ပြီးမှ မလိုအပ်ဘဲ အဆင်တန်ဆာများစွာသုံးထားသည့် အဆောက်အဦးအတွက် မှတ်ချက်တစ်ခုချလိုက်သည်။
"တန်ဖိုးမရှိလိုက်တာ...''
ထို့နောက် သူကအဆောက်အဦး၏ လှေကားထစ်များထံ တစ်လှမ်းချင်းတက်သွားခဲ့သည်။ သူလာသည်နှင့် ထိုနေရာရှိလူအားလုံးက အထူးတဆန်းကြည့်ကြသည်။ ဟာရူတိုက ၎င်းတို့ကို ဘယ်လိုမှ သဘောမထား။ သဘောမထားဆိုသည်ထက် စိတ်မဝင်စားဟန်ရှိသည်။ သူက အဆောက်အဦး၏ ၃ထပ်သို့ တန်းတန်းမတ်မတ်တက်သွားလိုက်ကာ အခန်းတစ်ခုရှေ့၌ မတ်တပ်ရပ်လိုက်သည်။ သူက အခန်း၏ ကုဒ်နံပါတ်၆လုံးကို အလွယ်တကူနှိပ်လိုက်ကာ အခန်းထဲသို့ဝင်လိုက်ပြီး တံခါးကိုစိကာ ဝတ်ရုံကို ချွတ်လိုက်သည်။ ဟာရူတို၏နဖူး၌ *3*ဆိုသည့်အနီရောင်ဂဏန်းလေးက ခပ်မှိန်မှိန် တည်ရှိနေသည်။
"အိုး...! ဘယ်သူလာလဲကြည့်ပါဦး...''
မစ္စတာ ဝ့ါတာနာဘယ်က သားဖြစ်သူကို အားရဝမ်းသာဖြင့် ထိုင်ရာမှထကာ ဖက်ရှာသည်။ ဟာရူတိုက ဖခင်ဖြစ်သူကို ပြန်လည်သိုင်းဖက်လိုက်သည့်အခါ သူ့ဖခင်ကက ကြည်နူးစွာပြုံးလိုက်သည်။
"ရူတို...လာ သားထိုင်ဦး...မင်းဒီကိုမလာတာ ဘယ်လောက်တောင်ကြာပြီလဲ...နောက်ဆုံးတော့ အဖေ့ကိုလာတွေ့ပြီပေါ့...''
ဟာရူတိုက ထိုင်ခုံတစ်လုံး၌ဝင်ထိုင်လိုက်ကာ ပြုံးလိုက်သည်။
YOU ARE READING
In Days (Harukyu)
Fanfictionမင်းအတွက် ငါ့ရဲ့ရက်အကန့်အသတ်တွေအားလုံးကိုပေးပစ်ဖို့တွန့်တိုေနမှာမဟုတ်ဘူး