56

317 23 0
                                    

အပိုင်း ၅၆ မြောင်ကျင်းကိုခေါ်ထားသည်။ လေလံအိမ်မှထွက်ခွာလေပြီ။

မြောင်ကျင်းသည်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လာစဥ် ဝူကျင်း၏အံ့သြသောအသံကိုကြားလိုက်ရလေသည်။
“အရှင် သခင်လေးသူနှိုးလာပြီထင်တယ်”
သူ၏ခန္ဓာကိုယ်မှဒဏ်ရာများသည်ပျောက်ဆုံးသွားလေပြီ။ သူ့ဆီလမ်းလျှောက်လာသေလင်မိုကိုမြင်သောအခါအိပ်ယာမှထ၍မြေကြီးပေါ်တွင်ဒူးထောက်လိုက်သည်။
ကျွန်တော့်အသက်ကိုကယ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး”

လင်မိုသူ့ကို ကိုလှုပ်လိုက်သည်။ မြောင်ကျင်းသည်အင်မတန်ထိခိုက်ဒဏ်ရာရ၍ကောင်းကောင်းမလှုပ်ရှားနိုင်သေးသော်လည်း သူ့ကိုကြည့်ခြင်းအားဖြင့်အဆင့်မနိမ့်ကြောင်းသိနိုင်လေသည်။ သူနည်းနည်းပါးပါးစူးစမ်းလေ့လာချင်သည်။
“မြောင်မိသားစုကမင်းကိုဘာကြောင့်လိုက်နေတာလဲ။ပြီးတော့မင်းကသစ္စာဖောက်လို့သူတို့ကပြောနေကြတယ်”
မြောင်ကျင်းသည်သက်ပြင်းတချက်ချ၍ သူနဲ့မြောင်ရန်း၊ မြောင်ကျန့်တို့ကြားရန်ငြိုးကိုသေချာစွာရှင်းပြလေသည်။
သူ့ကိုသစ္စာဖောက်လို့ခေါ်ခံရခြင်းသည် မြောင်ကျန့်၏မသမာသောနည်းစနစ်ကိုသူမကျေနပ်၍ပြောသောကြောင့်ဖြစ်လေသည်။ မြောင်ရန်နဲ့တချိန်ကပဍိပက္ခလည်းဖြစ်ဖူးလေသည်။မြောင်ကျင်းသည်ထက်လူကြီးများကိုပုန်ကန်သည်ဟုစွပ်စွဲခံရလေသည်။ ထို့နောက် ‌ခေါင်းဆောင်၏ရတနာများကိုယူ၍‌ပြေးသွားသောသစ္စာဖောက်အဖြစ်သတ်မှတ်လိုက်ကြလေသည်။ ဝူကျင်းထိုအကြောင်းကိုကြးသောအခါဒေါသတကြီးပြောလေသည်။

“ဒီသားအဖကတော်တော်ရက်စက်ယုတ်မာတဲ့လူတွေဘဲ။ ကိုယ့်အမျိုးပေါ်မှာတောင်ရက်စက်ပါပေ့။”
မြောင်ကျင်းသည်ခါးသီးစွာပြုံး၍
“သခင်လေးတို့မသိတာတွေအများကြီးရှိသေးတယ်။ ကျွန်တော့ရဲ့ခွန်အားကအစွမ်းကြီးတယ်ဆိုပေမယ့်မြောင်မျိုးနွယ်စုကြီးကလာတာမဟုတ်ဘူး။”
မြောင်မျိူးနွယ်စုတွင် သူတို့၏စွမ်းအားကိုဖျက်စီးခြင်းမှကာကွယ်ရန် မြောင်ကျန့်သည်သူနဲ့ဆက်စပ်နေသောမျိုးဆက်သစ်လူငယ်များကိုတိုက်ရိုက်အသုံးချလေသည်။ ထိုမျိုးနွယ်စုတို့သည်တချိန်ကထွန်းလင်းတောက်ပခဲ့ကြလေသည်။ မြောင်ကျင်းသည်အစွမ်းအစရှိသော်လည်းအဆင့်မြင့်မြင့်ရောက်ဖို့ခဲယဥ်းလေတော့သည်။ မြောင်ရန်နဲ့ခိုက်ရန်ဖြစ်ပြီးသော်အခြေအနေကသူ့အတွက်ပိုဆိုးသွားတော့သည်။ နောက်ဆုံးတွင်မျိုးနွယ်စုကဖယ်ထုတ်ခံခဲ့ရလေသည်။ မြောင်ကျင်းသည်တစုံတခုစဥ်းစားမိသယောင်။
“အိုးတခုရှိတယ်ဗျ။ ကျွန်တော်ကိုဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးမြောင်ကျန့်နဲ့အခြားလူများကတိုင်ပင်ခဲ့ကြတယ်လို့ကြားရတယ်။ လင်မျိုးနွယ်စုနဲ့တောင်မှချိတ်ဆက်ကြတယ်လို့ကြားတယ်။ မကြာမှီသူတို့လှုပ်ရှားကြတော့မယ်လို့ကျွန်တော်ထင်တယ်”
သူ၏အသက်ကိုကယ်သောလင်မိုကိုပြန်ပေးဆပ်ဖို့အလို့ငှာထိုမျှအသုံးဝင်သောသတင်းကိုပြောလိုက်လေသည်။
ထိုစကားကိုကြားသောအခါဝူကျင်းသည်ဒေါသတကြီးဖြစ်လေတော့သည်။
“လင်မျိုးနွယ်စုကသူတို့စည်းမျဥ်းကိုထိန်းသိမ်းလိမ့်မယ်လို့ထင်ခဲ့တာ။ ခုတော့မြောင်မျိုးနွယ်စုနဲ့တောင်မှပေါင်းပြီးလှုပ်ရှားကြတော့မယ်ပေါ့”
လင်မိုသည်လင်မျိုးနွယ်စုမှဖြစ်လေသည်။ ထို့ကြောင့်သူပြောသောစကားများသည်အနည်းငယ်ရိုင်းသွားသည်ကိုသတိပြုမိ၍လင်မိုကိုကြည့်လိုက်သည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now