Episode - 3 ( Zawgyi )

174 6 0
                                    

Mafia ဂိုဏ်းမှ အပျော်ကောင်လေးများ၏ ခေါင်းဆောင် ဖြစ်လာခြင်း
Chapter - 2

" ဒေါက်! ဒေါက်! "

" အကိုလေးစစ် "

ကျယ်ဝန်းသည့် အခန်းအား ပတ်ကြည့်နေတုန်း တံခါးခေါက်သံကြားလိုက်ရသည်။ Hiki သည် ရုပ်ကို ခပ်မြန်မြန်တည်လိုက်ကာ

" ဘာလဲ "

" အကိုလေး... ခေါင်းဆောင်က ခေါ်နေပါပြီ "

အိုး... သန့်ရှင်းရေး လုပ်ရမယ့် အချိန်ပဲမလား...။

Hiki ငြီးတွားလိုက်ရင်း ကျနေသည့် ဆံပင်တို့အား ဆွဲယူကာ ချည်လိုက်၏။ မူလပိုင်ရှင်မှာ ယခုလက်ရှိ ညအိပ်အကျီနှင့် ဖြစ်နေလေသည်။ နက်ပြာရောင် ဖဲသား pajama ဖြင့်ဖြစ်ကာ မကြာမီ အိပ်ယာဝင်ဖို့ အဆင်သင့်ဖြစ်နေသည့်ဟန်။

Hiki နာရီကို ကြည့်လိုက်တော့ ၃:၀၀ ကျော်နေပြီ ဖြစ်သည်။ မူလပိုင်ရှင် အိပ်ဖို့ ပြင်ထားပြီးသည့်အပေါ် Hiki နားလည်လိုက်သည်။ ကြည့်ရတာ ခေါင်းဆောင်က မိုးလင်းပေါက် ဆော့တော့မည်ဟု ထင်၍ အိပ်ဖို့ပြင်ဆင်ခြင်း ဖြစ်လိမ့်မည်။

မထင်ထားတာက ခေါင်းဆောင်သည် ယခုတွင် ကစားလို့ပြီးသွားပုံရကာ သန့်ရှင်းပေးဖို့ ခေါ်နေချေပြီ။

Hiki အကျီအ၀တ်အစား များအား ပြန်မလှဲတော့ပဲမျက်မှန်ကိုကောက်တပ်လိုက်ကာ တံခါးကို ဖွင့်လိုက်သည်။

လာခေါ်သည့် ကောင်မလေးသည် သူ့၏ရုပ်အသွင်အားကြည့်ကာ မျက်နှာလေးမှာ နီရဲလို့သွားသည်။ အကိုလေးစစ်အား ထိုကဲ့သို့ ကပိုကရို ညအိပ်ယာဝင်တော့မည့် ပုံစံဖြင့် မတွေ့ဖူးခဲ့တာ ဖြစ်၍ သူမသည် ကိုယ့်ကိုယ်ကို ကံကောင်းလွန်းသည်ဟု ထင်နေတော့သည်။

အကိုလေးစစ်က သူမကိုကျော်၍ လျှောက်သွားသည်မှာ ခေါင်းဆောင် ကောင်လေးများနှင့် ဆော့ကစားလေ့ရှိသော အခန်းကျယ်ကြီးသို့ပင်။ ကောင်မလေးသည် ရှင်းလင်းဖို့အတွက် အဖွဲ့အားခေါ်ဖို့ တခြားနေရာသို့ လာခဲ့ကာ အကိုလေးစစ်သာ အခန်းကြီးဆီသို့ သွားတော့သည်။

အက်ဆစ်သဖြင့်လည်း စစ်သည် ခေါင်းဆောင်ရှိရာ အခန်းဆီသို့ ရောက်ချိန် တံခါးဝတွင် အစောင့်နှစ်ယောက်အား တွေ့ရသည်။ထိုအမဲရောင် ၀တ်စုံများဖြင့် ခပ်တည်တည်ရပ်နေကြသော လူနှစ်ယောက်သည် စစ်အား တွေ့ချိန် ခုနက ကောင်မလေးနည်းတူ ပါးများရဲတက်သွားကြပြန်သည်။

Hiki: Supporters System Where stories live. Discover now