Part - 12 (U&Z)

6.8K 114 35
                                    

ကျွန်တော်ချစ်သောလူကြီးမင်း🌸 အပိုင်း - ၁၂
(Unicode)

ကွန်ပျူတာကို photo editing သင်ချင်သည်ဖြစ်သည့် ကောင်လေးရဲ့တောင်းဆိုမှုကြောင့် သင်တန်းတိုက်ရှေ့ကားလေးရပ်၍..

"လူကြီးလာကြိုမယ်နော်"

"ဟုတ်ကဲ့ "

ဘာတွေထည့်လာမှန်းမသိသည့် ကျောပိုးအိတ်ကိုလွယ်၍ ကောင်လေးသင်တန်းတိုက်ဆီဝင်သွားမှ မင်းနောင်ကားလှည့်ထွက်ခဲ့တော့သည်။

"ရောင်နီရောမင်းနောင် ပါမလာဘူးလား"

"သင်တန်းမှာ"

"ဘယ်တုန်းကတတ်လိုက်တာလဲကွ"

"ဒီနေ့မှစတတ်တာ မနေ့ကကိစ္စဖြစ်ပြီးတော့အိမ်မှာလဲမနေချင်ဘူး အလုပ်လိုက်လာရင်အနှောက်ယှက်ဖြစ်မှာဆိုးလို့တဲ့လေ "

"သိတတ်တာပဲရောင်နီလေးက"

"အင်း ငါ့အရိပ်အောက်က ပန်းလေးပဲကွ ရေသေချာလောင်းပြီး မြေဩစာသေချာပေးထားတော့ လှလှပပလေးပွင့်ပြီး မွှေးရနံလေးထုတ်ပေးနိုင်တာဆန်းသလားရှိန်း"

"ရောင်နီ့လို သားလိမ္မာလေး လိုချင်လိုက်တာကွာ"

"မွေးပေါ့ကွ မိန်းမယူလိုက် "

"မိန်းမကမယူချင်ဘူး မင်းလိုမွေးစားပြီး မင်းသားရောင်နီလေးလို လိုချင်တာ "

"ကောင်လေးကိုငါ့သား ငါ့သားလို့မပြောစမ်းပါနဲ့"

"မင်းမွေးစားသားမလို့ သားလို့ပြောတာပေါ့ကွ"

"အဲ့လိုဟုတ်ပေမယ့် ငါ့သားလို့မပြောနဲ့ ကိုယ်တိုင်မိန်းမယူပြီးပဲမွေးမင်းက"

"မင်းတော့မိန်းမမယူပဲ ငါ့ကျမှဘာလို့အတင်းပေးစားနေတာလဲမင်းနောင် "

"ဘာလို့လဲဆိုတော့ အင်း မပြောတော့ဘူးမင်းနဲ့"

ပြောလိုက်ချင်သည်က မိန်းမကမယူတာမဟုတ်ဘူး ယူချင်စိတ်မရှိတော့တာလို့။ မွေးစားထားတဲ့သားကို ပြန်စားချင်နေတဲ့ ရောဂါကအတော်ဆိုးတာကို ဒီကောင်ရှိန်းကတော့ဘယ်သိမလဲ။

အခုတော့ကိုယ့်မှာ ဖားအော်တာလူသိပေမယ့် မြွေကိုက်တာလူမသိ ဆိုသလို ကောင်းလေးလိမ္မာပြီး ချစ်စရာကောင်းတာကျတော့လူသိကြပြီး ဒီကောင်လေးကြောင့် မင်းနောင်မှာ စိတ်တို့ယိုယွင်းပျက်စီးနေရသည်ကိုတော့ မည်သူမှမသိချေ။

ကျွန်တော်ချစ်သော လူကြီးမင်းWhere stories live. Discover now