အပိုင်း ၃၄

7.9K 389 1
                                    

(Zawgyi)

ပေါင်ပေါ်မှာ ထိုင်နေသည့် ကောင်လေး၏ အနမ်းများကို တုံ့ပြန်ရင်း ရင်ခွင်ထဲ ဖက်ထားမိသည်။ ကောင်လေး၏ အကျင့်အတိုင်း မူးနေလျှင် နမ်းရင်းနဲ့ အိပ်ပျော်သွားလောက်မည် အတွေးနှင့်သာ။ သို့သော် ဒီတခါတော့ ကောင်လေး၏ အနမ်းများဟာ ရှည်ကြာနေခဲ့တယ်။ တရှိုက်မက်မက် နမ်းနေရင်း အောင်စေပိုင်၏ အင်္ကျီကြယ်သီးများကိုပါ လာဖြုတ်နေသဖြင့် ကောင်လေးရဲ့ လက်တွေကို ဖမ်းချုပ်လိုက်ရင်း

"ဇေလေး ကိုယ်တို့ ကားလမ်းမဘေးမှာနော်"

"အင့်...အဲ့တာ ဘာဖြစ်လို့လဲ။ ကိုစေက ငြိုငြင်တာလား"

နှုတ်ခမ်းဆူကာ မကျေနပ်သလို ပြောနေသည့် ကောင်လေးကြောင့် ရယ်မောကာ လက်တွေကို ပြန်လွှတ်ပေးလိုက်ရသည်။

"မငြိုငြင်ရပါဘူး။ ကိုယ်က ဇေလေး အဆင်မပြေမှာပဲဆိုးတာ"

"ကျွန်တော်က ပြေတယ်"

အင်္ကျီကြယ်သီးကို ဖြုတ်ပြီး လစ်လပ်သွားသည့် ဗိုက်နှင့် ရင်ဘတ်ကို လက်နှင့် ပွတ်သပ်နေသည့်ကောင်လေး။ ထိုမှတဆင့် ဘောင်းဘီခါးပတ်ကို ဆွဲဖြုတ်နေသည်။

ဒီကောင်လေး တကယ် ဒီမှာပဲ လုပ်မလို့လား။

နောက်တခါ ထပ်ပြီး လက်တွေကို ချုပ်ထားလိုက်တော့ ကောင်လေးက စိတ်ဆိုးသလို အမူအရာလေး ပြလာသည်။

"ဘာဖြစ်ရပြန်ပြီလဲ ကိုစေရာ"

မျက်မှောင်လေးကြုံ့ရင်း နှုတ်ခမ်းဆူကာပြောနေသည့် ကောင်လေးကို အသဲယားလွန်းလို့ စိတ်ကို မနည်းထိန်းထားရသည်။ ကားလမ်းမဘေးမှာ ဆိုသည့် အသိကြောင့်သာစိတ်ကို ထိန်းချုပ်ထားလိုက်ရ၏။

"တကယ်ကြီး ဒီမှာလား။ အိမ်ရောက်မှ ဇေလေးသဘောအတိုင်း လုပ်လေ"

"အိမ်ရောက်တဲ့အထိ မစောင့်နိုင်တော့ဘူး။ အခုဒီမှာပဲ"

ပြောကာ ဘောင်းဘီကို အတင်းဆွဲချွတ်နေလေတော့သည်။ သူ့အပေါ်မှာ စိတ်ကြိုက်ဆော့ကစားနေသည့် ကောင်လေးကို ကြည့်ရင်း သဘောကျရပြန်သည်။ ချွေးတို့ စို့နေသော မျက်နှာလေးကို သုတ်ပေးရင်း မြတ်နိုးစွာ နမ်းရှိုက်လိုက်တော့ ကောင်လေးရဲ့ လှုပ်ရှားမှုတွေက ပိုမိုမြန်ဆန်လာသည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now