UNICODE
စတော်ဘယ်ရီဖျော်ရည်လေး သောက်လိုက်
စာတွေအသည်းအသန်လုပ်လိုက်နှင့် မအားလပ်နေသည့်
ဘက်ကီ့ဘေး ဖရင်းက တစိမ့်စိမ့်ထိုင်ကြည့်လျက်။စာမေးပွဲနီးနေပြီ ဖြစ်တဲ့ မက
စာတွေနှင့် နပန်းလုံးနေရတော့၏။"ဖရင်း မပျင်းဘူးလား
တို့က စာလုပ်နေတာ ကြာမှာ အားနာလာပြီ""မ ကျွန်တော့်ဘေးမှာ ရှိနေတယ်လေ
တစ်ခြားစိတ်ဝင်စရားက ဘာထပ်ရှိအုံးမှာလဲ"ဖရင်းက ကြုံရင်ကြုံသလို flirt တတ်သေးသည်။
ဘက်ကီကတော့ ဖရင်း၏အကွက်ထဲ
သူဝင်သွားမိမှန်းသိသောအခါ နှုတ်ခမ်းဆူလျက်
ဟွန့်တစ်ချက်သာ လုပ်၏။ဤသည်ကိုပင် ဖရင်းချစ်မိနေရခြင်း။
စစတွေ့ချင်းကတည်းက
တစ်လောကလုံး ပြန်ခံမပြောရဲတဲ့ သူလိုလူကို
လူရှေ့မှာ မှားကြောင်း ဝင်ပြောရဲသေးတဲ့ သတ္တိခဲလေး။ဘယ်မိန်းကလေးမှ ရင်မဆိုင်ရဲတဲ့ သူ့မျက်လုံးတွေကို
တေ့တေ့ဆိုင်ဆိုင် စိုက်ကြည့်ရဲခဲ့တဲ့ အမျိုးသမီးလေး။ဘယ်လို ကြင်နာနွေးထွေးမှုမျိုးကိုမှ မရရှိခဲ့ဖူးတဲ့
သူလိုလူအပေါ် အရိုက်အနှပ်ခံရမှာ စိုးရိမ်ပြီး
စေတနာနဲ့ ဝင်ကယ်ဖူးသေးတဲ့ မ သေးသေးလေး။မ ဆိုသည်မှာ
သူနားမလည်ခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း
အပြည့်အဝ သင်ကြားပေးခဲ့တဲ့ မိန်းကလေးဖြစ်တယ်။ချစ်တတ်လာအောင် ဦးဆောင်လမ်းပြပေးခဲ့တဲ့
ပန်းနုရောင်ကမ္ဘာလေးနဲ့ သိပ်ချစ်စရာကောင်းတဲ့
ကျွန်တော့် အမျိုးသမီးကလေးလည်း ဖြစ်တယ်။ဆယ်ကျော်သက် အချစ်မို့
မ မလေးစားရင်တောင် မရဲ့ လေးစားသမှုတွေကို
ဖြေးဖြေးဆီ ပိုင်ဆိုင်လာအောင် ကြိုးစားပြီး
မ အရှေ့မှာ ရပ်တည်ပါ့မယ်။"ဖရင်း ကျောင်းသွားတာလည်း မတွေ့ဘူး
အထက်တန်းနောက်ဆုံးနှစ်က ပြီးတောင်ပြီးတော့မယ်မလား""ကျောင်းမသွားလည်း ဘာအရေးလဲ မရာ
မကြောင့် ကျွန်တော်စာရရင် စာမေးပွဲဖြေလို့ရပြီ
ပျက်ကွက်စာရင်းများလို့ စာမေးပွဲဖြေလို့မရဘူး
ဆိုရအောင်ကလည်း ကျွန်တော့်ကျောင်းက
ဒယ်ဒီ့လက်အောက်က ကျောင်းပဲလေ"
ဖရင်းက အပိုင်စားရသလို မျက်နှာပေးလေးနှင့်။
"ကြည့် သူကျောင်းမသွားချင်တိုင်း.."
"အခုဆို ပိုတောင်မသွားချင်ဘူး"
"ဟင် ဘာလို့လဲ"
"မ အနားမှာပဲ ကပ်တွယ်နေချင်လို့လေ"
"သွား လူလည် အရမ်းတတ်တာပဲ"
"အရမ်းတတ်တဲ့ သူမို့
အရမ်းချစ်ပေးလည်း ရတယ်နော်"ဘက်ကီဖြင့် အမျိုးစုံလှသော ကလူကျီစယ်မှုတွေကြား
ခေါင်းခါရင်းသာ ပြုံးနိုင်တော့သည်။"ချစ်ဘူးကွာ"
"မချစ်ရင် အပိုင်သိမ်းလိုက်တော့မယ်"
အနားကို တဖြည်းဖြည်းတိုးလာသော ဖရင်းနှင့်
နောက်သို့တဖြည်းဖြည်းကပ်သွားသော ဘက်ကီ။နောက်သို့ ဆုတ်ရင်းဆုတ်ရင်းက
ဆိုဖာနှင့် ကျောပြင်ကပ်သွားသည့် အချိန်
ရှေ့က ဖရင်းက ဆိုဖာကိုလက်နှင့်ကာလိုက်သည်မို့
ဘက်ကီမှာ ဖရင်းရင်ခွင်ထဲ လုံးလုံးဝင်သွားလျက်
မလူးသာ မလွန့်သာ အနေအထားတွင်ရှိ၏။ဒီထက် တစ်စိတ်လောက်လေးပဲ ဖရင်း
ပိုတိုးကပ်လိုက်မည်ဆိုလျှင် နှုတ်ခမ်းချင်းပင်
ထိတော့မည့် အနေအထားတစ်ခုဆီ အထိ
နီးကပ်စွာ ရှိနေကြတာဖြစ်သည်။"စ..စတာပါ ရှေ့ ရှေ့မတိုးနဲ့တော့နော်..."
"တစ်ခုခု လုပ်ချင်နေတယ်"
ဖရင်းက သူ့နှုတ်ခမ်းတွေအပေါ်
ရွှန်းရွှန်းစားစားကြည့်လျက် ဆိုတော့
ဘက်ကီ ရင်တွေ ပရမ်းပတာခုန်ပေါက်လာသည်။သူ့အိမ်ထဲမှာ သူ့ကိုပြန်ပြီး
အကြမ်းဖက်နေခြင်း ခံရတဲ့ဘဝ။"စဉ်း..စဉ်းစားပေးတယ်လေ
ခဏပဲ စောင့်..စောင့်ပေးပါနော်..."စကားတွေပင် ထစ်ငေါ့လျက်
သူ့ကို ကြောက်နေရှာသော မကြောင့်
ဖရင်း သဘောကျစွာ ရယ်လိုက်မိသည်။"ဟားဟား ကျွန်တော်က စတာပါ
မက အဲ့လောက်တောင် ကြောက်တယ်ပေါ့"သူစနေမှန်း သိတော့မှ
ဘက်ကီက သူ့ရင်ဘက်ကိုလာထုလျက်။"အကျင့်ပုတ်ကြီး လူကိုလန့်အောင်စတယ် မခေါ်ဘူး"