အခန်း(၈၉၁)

347 40 6
                                    

အခန်း(၈၉၁)

မထင်မှတ်ထားသော အမြန်နှုန်း။








Gu Qishao မှာ ပြောပြီးသည်နှင့် လူအုပ်မှာ ကျယ်လောင်စွာ ရယ်မောမိခြင်းမှာ ကပ်သီးလေး ရှောင်ရှားရလိုက်ရသည်။ အားလုံးမှာ Gu Qishao မှ သေလမ်း ရှာနေသည်ဟု ထင်မှတ်နေကြသည်။ မန်နေဂျာ Jin ၏ လောင်းကစားကျွမ်းကျင်မှုမှာ ဒဏ္ဍာရီဆန်သော အရာဖြစ်သည်။ သို့သော် Gu Qishao သည် ၎င်းကို ကစားတော့မည်လား။ အကြီး အသေးမှာ ရိုးရှင်းသော ကစားပွဲ တစ်ခုဟု ထင်ရသော်လည်း အမှန်တရားမှာ အခြားအရာတစ်ခုပင်။ ကံတရားအပေါ်တွင်သာ အားကိုးခြင်းမဟုတ်ပဲ ကျွမ်းကျင်သည့် နည်းပညာပင်။လှည့်စားရန် အလွယ်ကူဆုံး ကစားပွဲလည်း ဖြစ်နေသည်။ စည်းကမ်းချက်များအရ လူနှစ်ဦးစလုံးမှာ အန်စာတုံးတစ်စုံစီရမည်။ သူတို့သည် တစ်ချိန်တည်းတွင် ၎င်းတို့အား စတင်လှုပ်ရမ်းခြင်းကာ ရပ်တန့်ရမည်။ ထို့နောက် မည်သူမှ အကြီး သို့မဟုတ် အသေး ဖြစ်ကြောင်း သိရှိနိုင်ရန် ခွက်များ ဖွင့်ကာ စစ်ဆေးရမည်။ 

လူတိုင်းမှာ လျှို့ဝှက်စွာ ရယ်မောနေကြသော်လည်း အသံမထွက်ရဲကြပေ။ ဤသို့သော လောင်းကစားစားပွဲမှာ စစ်တုရင်ပွဲကဲ့သို့ဖြစ်ပြီး၊ ကြည့်ရှုသူများမှာ စကားမပြောနိုင်ပေ။ မဟုတ်လျှင် အခြားသူများ၏ ပျော်ရွှင်မှု အား ဖျက်ဆီးမိခြင်း သို့မဟုတ် သူတို့က ရုတ်တရက် ကာစီနိုမှ ထွက်ခွာသည်နှင့် တပြိုင်နက် ကစားပွဲမှာ အဆုံးသတ်သွားနိုင်သည်။

"ကောင်းပြီ.. မင်းပြောတဲ့အတိုင်းပါပဲ။" မန်နေဂျာ Jin မှာလည်း ထိုင်ချလိုက်သည်။

မြင်ကွင်းသည် ပို၍တိတ်ဆိတ်လာသည်နှင့်အမျှ ကြည့်ရှုသူအရေအတွက်လည်း တိုးလာသည်။ အားလုံးမှာ စားပွဲအား  စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

"ကျွန်မတို့ ကစားဦးမှာလား။" Han Yunxi  မှာ ရေရွတ်လိုက်သော်လည်း သူမက ဆက်မပြောနိုင်ခင် Long Feiye မှ ပြန်ဖြေလိုက်သည်။

“သရေ ဖြစ်လိမ့်မယ်။”

"ဒီအနက်ဝတ်နဲ့လူကို ရှင် တော်တော် မြင့်မြင့် မြင်ထားတာပဲ။" Han Yunxi  မှာ ပြုံးလိုက်သည်။ Long Feiye ၏ မျက်လုံးထဲသို့ ဝင်ရောက်နိုင်သူတိုင်းမှာ စွမ်းရည်ရှိရမည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now