Chapter 41
"ငါ အမှန်တိုင်းပြောမယ်..."
"ကောင်းပြီ..."
မုကျိအန်း ကသက်ပြင်းချပြီးပြောလိုက်သည်။
"မင်းယောကျာ်းလေးတွေကိုသဘောကျတယ်မဟုတ်ဘူးလား..."
"မင်းသိရဲ့သားနဲ့မေးနေသေးတယ်..."
စစ်ကျွင်းတောက်ကအေးအေးဆေးဆေးပြန်ပြော၏။"ဝမ်မင်ယီလည်းယောကျာ်းလေးတစ်ယောက်ပဲလို့မင်းတွေးဖူးလား တကယ်တမ်းမင်းသူ့ကိုသဘောကျနေတယ်လို့များခံစားရဖူးလား..."
စစ်ကျွင်းတောက်က မုကျိအန်း တစ်ခုခု ပြောမယ်လို့ထင်ပေမဲ့ ဒီလိုစကားမျိူးထွက်လာသောကြောင့် သူ မုကျိအန်း ကိုကြည့်၍ခပ်တည်တည် ပြန်ပြော လိုက် သည်။
"ဒါပေါ့...ငါသူ့ကိုသဘောကျတယ်လေ...ငါကသူ့အကို ငါသူကို့ဘယ်လိုများသဘောမကျပဲနေမှာလဲ..."
" မင်းတကယ်ပဲတုံးအနေတာလား တုံးချင်ယောင်ဆောင်နေတာလား.....ငါပြောနေတာ မင်းတို့နှစ်ယောက်ကြားကအချစ်ကိုမဟုတ်ဘူး.....ချစ်သူတွေကြားက အချစ်ကိုပြောနေတာကွ...မင်းကယောကျာ်းလေးတွေကို ကြိုက်တယ်.... ဝမ်မင်ယီကယောကျာ်းလေး.... အဲတော့မင်းသူ့ကို ကြိုက်နေတာ..."
"ဒါ ကျိုးကြောင်းဆက်စပ်တွေးခေါ်မှုပညာကို မင်း သင်ထားတဲ့ပုံစံလား..."
စစ်ကျွင်းတောက်က မျက်ခုံးပင့်လိုက်ပြီးဆက်ပြောသည်။
"အကြောင်းပြချက်သေးသေးလေးကနေ အကြီးကြီးချဲ့ မပြောလို့မရဘူးလား...ငါယောကျာ်းလေးတွေကို ကြိုက်တာနဲ့ ပဲ ငါမင်းကိုကြိုက်တယ် လို့ ကောက်ချက်ချမှာလား..."
မုကျိအန်း : "..."သူ ဒီလို ပုပ်ပွနေတဲ့သစ်သားတုံးကြီးကို စကားဆက်မပြောချင်တော့ဘူးးးး ! ဒါကအဓိကအချက်မဟုတ်ဘူးလေ... ! သူ့ကိုကူညီရတာ ကျောက်တုံးကိုဆီညစ်နေရသလိုပဲ။ ကံမကောင်းစွာနဲ့ ကျောက်တုံးထဲကနေ ဆီတော့ထွက်မလာခဲ့ဘူးပေါ့ ။ ဒါကို စစ်ကျွင်းတောက်က သူ့ရဲ့ အကူအညီကို လှောင်တယ်ပေါ့လေ...
မုကျိအန်း သူ့ကိုဆက်ပြီးဂရုစိုက်မနေချင်တော့ဘူးးး! ပုပ်နေတဲ့သစ်သားကို ထွင်းထုလို့ရမှာမဟုတ်ဘူးးးး! နွားချေးနဲ့ နံရံဆောက်လို့မရဘူးးး! Chaoတွေကိုသာ အပေါက်ခုနှစ်ပေါက်ဖြစ်အောင်
တူးထုတ်လို့ရချင်ရမယ် စစ်ကျွင်းတောက် ခေါင်းထဲကနေတော့ဘာမှတူးထုတ်လို့ရမှာမဟုတ်ဘူး... ဘိုင့်ဘိုင်ပဲ...