10(uni and zawgyi)

11.2K 345 43
                                    

"အာ့..

ရဲထက်မိုးမင်း ကားဆီသွားနေစဉ်နောက်မှသက်သက်ကြီးဝင်တိုက်ခံလိုက်ရတာမို့ ဒေါသထွက်စွာလှည့်ကြည့်လိုက်တော့ လူနှစ်ယောက်က မိုက်ကန်းကန်းကြည့်နေသည်။

"ဟိတ်ကောင် မင်းကဘာလဲ၊ တစ်ပွဲလောက်နွှဲမလား"

အရင်တည်းကသည်းခံတတ်သူမဟုတ်တာမို့ ရဲထက်မိုးမင်း လက်ထဲကဘီယာဘူးတွေထည့်ထားသည့်အိတ်ကိုအောက်ပစ်ချကာ ထိုလူနှစ်ယောက်ဘက်သို့ ကိုယ်ကိုလှည့်လိုက်သည်။

"မင်းက ကလေးဆိုတော့ဦးစားပေးတယ် မင်းအရင်ထိုး"

"ရဲထက်မိုးမင်း!"

ရဲထက်မိုးမင်း၏လက်တစ်ဖက်ကချက်ချင်းမြှောက်တက်သွားပေမဲ့ ဩဇာအပြည့်ပါသည့်အသံကြောင့်တန့်သွားရသည်။

Shopping centreတစ်ခု၏မြေညီထပ်ကားပါကင်ထဲမှာဖြစ်သည်။ ချစ်သောမေက ဝယ်ချင်တာရှိသည်ဆိုတာမို့လိုက်ပို့ပေးပေမဲ့ မိန်းကလေးအသုံးအဆောင်ဝယ်မည်ဟုဆိုကာ ကားထဲမှာစောင့်နေခဲ့ခိုင်းသည်။

အထုပ်တစ်ထုပ်ကိုဆွဲကာဆင်းလာသည့် ရဲထက်မိုးမင်းကိုမြင်တော့ ဝေယံရှိန်း ဘာရယ်မဟုတ်ကြည့်နေမိတုန်း အနောက်မှတမင်ဝင်တိုက်လိုက်သည်ကို တွေ့လိုက်ရသည်။ အစကတော့ ရန်စရှိသည်ထင်၍လွှတ်ထားလိုက်ဖို့လုပ်ပေမဲ့ သိပ်မလှမ်းသည့်အကွာအဝေးမို့ ပြောနေသည့်စကားတွေကိုလည်းကြားရသလိုသက်သက်မဲ့ ရန်လာစနေမှန်းလည်းရိပ်မိလိုက်သည်။

"ဘာလဲ ခင်ဗျားနဲ့မဆိုင်ဘဲဝင်မပါနဲ့"

ထိုကလေးကစေတနာနှင့်မတန်စွာ ပြောလာသည့်စကားက နားရင်းအုပ်ချင်စဖွယ်ကောင်းလှသည်။

"မင်းနဲ့ ညှိဖူးလို့လား"

"အခုမှ ညှိမလို့"

"မင်းတို့ဘာလိုချင်လို့လဲတော့မသိပေမဲ့ ဒီကလေးအပေါ် ကိုယ့်အမျိုးသမီးကတော်တော်စေတနာထားနေတာမို့ ကိုယ်ဝင်ပါရလိမ့်မယ်၊ မင်းတို့တမင်ပြဿနာရှာတာမှန်းလည်းကိုယ်သိတယ် အေးဆေးသွားလိုက်တော့"

ဝေယံရှိန်းက ခပ်ပြုံးပြုံးလုပ်ကာ အတက်အကျမရှိသည့်လေသံနှင့်ပြောနေပေမဲ့ မာန်တော့ပါသည်။ အေးစက်စက်အငွေ့အသက်တို့ရနေသလို ကြည့်လိုက်တာနှင့် သွေးတိုးစမ်းလို့မရသည့်အမြင့်ကလူဆိုတာသိသာနေတာမို့ လူမိုက်နှစ်ယောက်က မကျေမနပ် တက်တစ်ချက်ခေါက်ကာလှည့်ထွက်သွားကြသည်။

ချစ်၍.. ချစ်သော.. မေ..Where stories live. Discover now