အပိုင်း ၁၇

12.9K 430 45
                                    

Unicode

မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်အကြည့်မလွှဲနိုင်ဖြစ်နေကြတဲ့သူတို့နှစ်ယောက်....။

ချစ်လွန်းလို့ အကြည်စိုက်နေကြတာမဟုတ်ပဲ တစ်ယောက်ကိုတစ်ယောက်မကျေမနပ်ဖြစ်ကာ ဘယ်သူကမှအလျော့မပေးနိုင်ဆိုတဲ့ပုံမျိုးနဲ့ ကြည့်နေကြခြင်းသာ။

လူတစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ဗီဇကပဲကြာကြာဖုံးကွယ်ထားလို့မရတာလား ဒါမှမဟုတ် မွှန်နေတဲ့အချိန်မို့လို့ ချစ်တာတစ်ခုပဲသိတယ်ဖြစ်နေခဲ့တာလား။ သေချာပေါက်နောက်ကတစ်ခုပဲပေါ့... မွှန်နေတာ မွှန်နေလို့ဘာမှမမြင်ခဲ့တာပဲဖြစ်ရမည်။ ရည်းစားမဖြစ်ခင်ကတည်းက ကိုကိုက ဘာကိုပဲလုပ်လုပ်စနစ်တကျနဲ့အကောင်းဆုံးလုပ်တတ်တဲ့သူ တစ်ခုခုဆိုသွေးအေးအေးနဲ့ ဆုံးဖြတ်တတ်တဲ့ အေးဆေးသမား၊ ဖူးငုံကအရာရာမှာ လျှပ်ပြာလျှပ်ပြာနဲ့ ပြဿနာဖြစ်လာရင်မစဉ်းစားပဲ ခုလက်ရှိစိတ်ထဲပေါ်လာတဲ့အတိုင်း လျှောက်လုပ်ပစ်တတ်တဲ့ ပူပူလောင်လောင်သမား။ အဲ့တာတွေကို ရင်းနှီးစကတည်းကသိနေခဲ့တာပဲ။ကွာခြားချက်တွေအများကြီးထဲကမှ အကွာခြားဆုံးအချက်ကိုပြောပါဆိုရင် ကိုကိုကအသက်ထက်အများကြီးပိုရင့်ကျက်တဲ့သူဖြစ်ပြီး ဖူးငုံကတော့အရွယ်နဲ့မလိုက်အောင် ကလေးဆန်လွန်းတာဖြစ်သည်။ဒါကြောင့် တကယ်တမ်း ဖူးငုံတို့ရဲ့အသက်အရွယ်ကွာခြားချက်က ၃နှစ်ပဲရှိတာဆိုပေမယ့် မသိရင် ၁၀နှစ်လောက်ကွာတယ်ထင်ရသည်။

ဖူးငုံတို့နှစ်ယောက်ရဲ့ တူညီတဲ့စရိုက်ဆိုလို့ နှစ်ယောက်လုံးက ကိုယ်မှန်တယ်ထင်ရင် သိပ်အလျော့မပေးချင်ကြတာဖြစ်ပြီး အမြဲတမ်းလည်းကိုယ်ပဲမှန်တယ်ထင်နေတာသာဖြစ်သည်။

"အဲ့တော့ခုက ပူကြူးမှားတာလား ကိုကိုမှားတာလား"

​အတော်ကြာမှပဲ ကိုကိုကသက်ပြင်းချလိုက်ပြီးစကားစပြောလာသည်။ ကိုကိုပြောတာကိုကြားပေမယ့်လည်း မကြားချင်ယောင်ဆောင်ပြီး အကြည့်လွှဲလိုက်ကာ ဟိုဟိုဒီဒီလျှောက်ကြည့်နေလိုက်သည်။
မှားတာကတော့ဖူးငုံပေါ့... ဒါပေမယ့်ဝန်မခံပါဘူး ဝန်ခံလိုက်ရင် နဂိုတည်းကဆရာကြီးလုပ်ချင်တဲ့သူက ဆုံးမစာတစ်သီတစ်တန်းကြီးနဲ့ပြောတော့မှာ။

ရင်မှာအရင်တိုင်းWhere stories live. Discover now