[ 21 ]

806 91 7
                                    

[ Unicode ]

" ကိုကို ........ "

မနက်မိုးလင်းလို့ မျက်လုံးလေးနှစ်လုံးပဲဖွင့်ရသေးတယ် ။ ရစ်ခီရှန်၏ သံရှည်ဆွဲသံက ဂျီအွန်း၏တစ်အိမ်လုံးကို ပျံ့နှံ့လာပါတော့သည် ။

မီးဖိုခန်းထဲကဂျီအွန်း‌ မေမေမှာ သူ့ကိုတောင်မမြင်ဘဲ အပေါ်ထပ်ပြေးတက်သွားသည့် ရစ်ခီ့ကြောင့် ပါးစပ်လေးအဟောင်းသားဖြင့်ကျန်ခဲ့ရတော့သည် ။ ဂျီအွန်းမေမေမှာ သားဖြစ်သူကိုနိုင်ပေမယ့် သားမက်လောင်းလျှာလေးကိုတော့ဖြင့် ငယ်ငယ်ထဲကရောခုရော မနိုင်ပါလေ ။ အဲ့တာကြောင့် လုပ်ချင်သလိုသာလုပ်ဖို့လွှတ်ထားပေးလိုက်တော့သည် ။

ဂျီအွန်းမှာ ရစ်ခီရှန့်အသံကိုကြားသည်နှင့် မျက်နှာတောင်မသစ်ရသေးဘဲ စူပုတ်ပုတ်ဖြင့် တံခါးသွားဖွင့်ပေးရပါသည် ။

" အစောကြီးလာပြန်ပြီ ! ဘယ်တုန်းက အဲ့လောက်အစောကြီးထတတ်သွားတာလဲ "

ရစ်ခီရှန်မှာ ကိုကိုအလုပ်နားရက်မှာ မနှောင့်ယှက်ချင်ပေမယ့်လည်း သူ့ခြေလှမ်းတွေကတားမရဘဲ မိုးလင်းတာနဲ့ ကိုကို့ဆီရောက်နှင့်နေတာပဲ ။ အခုတော့ သူ့ကြောင့် ကိုကိုက စူပုတ်ပုတ်ဖြစ်‌လေပြီ ။အိပ်ချင်မူးတူးရုပ်နှင့် ဆံပင်လေးတွေတောင်ထောင်နေသည့်ကိုကိုက တအားချစ်ဖို့ကောင်းတာကြောင့် ရစ်ခီရှန်က ကိုကို့ ပါးလေးကို ဖြတ်ခနဲလှမ်းနမ်းလိုက်သည် ။

" ကိုကို့မျက်နှာလေးကိုတွေ့ချင်လို့ပေါ့ "

" ရစ်ခီရှန် !! မျက်နှာမသစ်ရသေးပါဘူးဆို "

" အဲ့တာဘာဖြစ်လို့လဲ "

ရစ်ခီရှန်မှာပြောပြီးတာနဲ့ ကိုကို့ရဲ့ပါးကိုထပ်ပြီးနမ်းပြန်သည်မို့ ကိုကိုက မျက်လုံး‌လေးတွေပိုဝိုင်းလာတော့သည် ။

" ရစ်ခီရှန်!! အခန်းဝကြီးမှာ "

" အဲ့တာဆို အခန်းထဲဝင်နမ်းရမှာလား "

" မ..မဟုတ်... "

ဂျီအွန်းစကားမဆုံးခင်မှာပဲ ရစ်ခီရှန်က အခန်းထဲကိုအတင်းဝင်လာပြီးတံခါးကိုပြန်ပိတ်ကာ ကိုကို့ဘက်ကိုလှည့်၍ မျက်ခုံးပင့်ပြီး ပြုံးစစလုပ်ပြသည် ။

My youth is yours | Riwoong [ Complete ]Where stories live. Discover now