(13)

1.2K 136 16
                                    

-
ညစာစားသည့် ထမင်းဝိုင်းတွင် ဇွန်းနှင့်တူအသံတို့မှလွဲပြီး တခြားအသံတွေဟာ ထွက်ပေါ်လာခြင်းမရှိခဲ့ဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည် ။ ဂျွန်ဂျောင်ဂုက လက်ထဲမှာ macbook တစ်လုံးကို ကိုင်ထားကာဖြင့် ဘာတွေ အလုပ်များနေမှန်း မသိ ၊ ညစာကို တစ်ခါလှည့်စားလိုက် အလုပ်လုပ်လိုက်ဖြစ်နေခဲ့သည် ။

ပြောလို့ပြောတာမဟုတ်ပေမယ့် ဒီရက်ပိုင်းကြည့်ရတာ ထိုကောင်လေး မူမမှန်ပေ ။ အရင်အချိန်ကဆိုရင် အစားစားပါက အစားကိုပဲ အာရုံစိုက်နေတတ်ခဲ့ပေမယ့် ယခုကတော့ ဂျီမင်း ဂျောင်ဂုကို ကြည့်တိုင်း အလုပ်မအားဖြစ်နေတာက များနေခဲ့သည် ။

အခုတလော ဂျွန်ဂျောင်ဂုတစ်ယောက် ဘာတွေလုပ်နေခဲ့လဲဆိုတာကို ဂျီမင်းရဲ့ဘက်က သိချင်မိသည်ဟုဆိုလျှင် ဒါက စည်းကျော်တာပင် ။ ဒါပေမယ့်လည်း သူသိချင်မိသည် ။ လက်ကြောမတင်းသော ဂျွန်ဂျောင်ဂုဟာ ဘာတွေကို စိတ်အားထက်သန်ပြီး ဒီလောက်ကြိုးစားနေတာလဲဆိုတာ သူသိချင်၏ ။

စည်းကျော်သလိုဖြစ်သွားခဲ့မှာစိုးလို့သာ ဂျီမင်းမှာ သိချင်စိတ်တွေကို ချိူးနှိမ်ထားခဲ့ရတာပင် ။

" ခင်ဗျား ကော်ဖီဆိုင်ဖွင့်မယ်လို့ပြောထားတာကို ဘယ်တော့လောက်စမယ် စိတ်ကူးထားလဲ "

ညစာစားနေခဲ့ရင်း ဂျောင်ဂုကို အရိပ်အကဲခိုးခတ်နေခဲ့တဲ့ ဂျီမင်းဟာ mackbook ကိုကြည့်နေရာကနေ သူ့ကိုမော့ကြည့်ပြီး မေးလာသော ဂျွန်ဂျောင်ဂုကြောင့် ကမန်းကတမ်း အကြည့်လွှဲလိုက်ရသည် ။

ဂျီမင်းကြည့်နေခဲ့တာကို ဂျောင်ဂု မြင်သွားလား မမြင်သွားဘူးလားဆိုတာကိုတော့ မပြောတတ် ။

" နောက်လလောက်မှပါ ... "

" ဪ ... ဟက် ကော်ဖီဆိုင်ဖွင့်ရင် ရုပ်ချောချော customers တွေကို သတိလက်လွတ်မငေးနဲ့ဦး "

မြင်သွားတယ်ထင်သည် ။ သေချာပေါက်ကို ဂျွန်ဂျောင်ဂုက သူကြည့်နေတာကို မြင်သွားခဲ့၏ ။

ဒါကြောင့် ထမင်းငုံ့စားနေခဲ့ရင်းနှင့် ဂျီမင်း ကိုယ့်နှုတ်ခမ်းလေးကိုသာကိုယ် ဖိကိုက်လိုက်မိပါသည် ။

Me And My Muse (Jikook)Where stories live. Discover now