(Unicode)
''ဟယ်လို ခက်''
''အေး သော်တာ နင် report card ကိစ္စဘယ်လိုလုပ်မလဲ''
''ငါက ခဏထားပါအုံး နင်ရော ဘယ်လိုလဲ
မမသက်လျာ နင့်ကိုရိုက်သေးလား''''ရိုက်တော့ မရိုက်ဘူး အဆူတော့ခံလိုက်ရတယ်
ကဲပါ ငါကဘာမှမဖြစ်တော့ဘူး
နင် ဘယ်လိုလုပ်မှာလဲလို့''''ဘယ်လိုလုပ်ရမှန်းမသိဘူး
ဦးငယ်ကိုလည်း မသိစေချင်ဘူး
ငါက သင်္ချာတဘာသာပဲ အောင်တာလေ
ခြေချော်လက်ချော် တဘာသာလောက်ကျတယ်ဆိုရင်တောင် ပြောလို့အဆင်ပြေအုံးမယ်
ခုဟာက ဘယ်လိုတောင်ပြောရပါ့မလဲ မသိဘူး
ဦးငယ် စိတ်ပျက်သွားမှာလည်း စိုးတယ်''''ဒါဆိုရင်လည်းဟာ ပြမနေနဲ့တော့''
''ဟင် ဘယ်လို''
''ပြမနေနဲ့တော့လို့ ကိုယ့်ဘာ့ကိုယ်ပဲ လက်မှတ်ထိုးလိုက်တော့''
''မဖြစ်ဘူးထင်တယ် ခက်ရဲ့''
''နင်ကလည်း ဘာလို့မဖြစ်ရမှာလဲ
လက်မှတ်အတုလေးတောင် မထိုးတတ်ဘူးလား
နင်မထိုးတတ်ရင် ငါထိုးပေးမယ်''''အဲ့ဒါကို ပြောနေတာမဟုတ်ဘူး ခက်ရဲ့
ဦးငယ်က report card ကိစ္စမေးလာရင်ရော''''အဲ့ဒါကတော့... အမ်း...''
ခက်မှာလည်း သူငယ်ချင်းအတွက် ရှိသမျှ ဉာဏ်နီဉာဏ်နက် အကုန်သာထုတ်သုံးရတော့သည်။
''အဲ့ကိစ္စက နင့်ဦးငယ် မေးလာမှ စဥ်းစားကြမယ်ဟာ
အရေးကြီးတာက မနက်ဖြန် နင့်report cardမှာလက်မှတ်ပါလာဖို့ပဲ အဲ့တော့ တွေဝေမနေနဲ့ လုပ်လိုက်တော့ သော်တာ''''ခက်... ငါ...ငါကြောက်တယ်''
''ဟာ...နင်ကလည်း ဘာကြောက်စရာရှိလဲ
လုပ်မှာရှိ လုပ်လိုက်စမ်းပါဟာ''''အေး...အေးပါ''
သော်တာ လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ရခက်နေသော်လည်း
တခြားနည်းလမ်းမရှိတာကြောင့် ခက်အကြံပေးသည့်အတိုင်းသာ လုပ်ခဲ့ရသည်။ report cardကို သော်တာကိုယ်တိုင် လက်မှတ်ထိုးပြီး ဆရာမဆီသို့ အပ်ခဲ့လိုက်သည်။
အတန်းပိုင်ဆရာမ သတိမထားမိအောင်စိတ်ထဲမှာ ဘုရားတရွေ့သာဆုတောင်းနေခဲ့ရသည်။ဆုတောင်းပြည့်သည်ပဲဆိုရမလား ဆရာမ သတိမထားမိရွေ့တော်ပေသည်။
••••••••••••••••••••••••
report card တွေ အတန်းပိုင်ဆီသို့ ပြန်အပ်ပြီးနောက်တနေ့ပေါ့။လွမ်းသော်တာ ကျောင်းသို့ စောစောရောက်လာသည်။
ပြဿနာတခုဖြေရှင်းပြီးပြီမို့ စိတ်အနည်းငယ်အေးရသော်လည်း ပြစ်မှုဆိုသည့်အရာကတော့ ခြောက်လှန့်နေဆဲ။
လျှောက်လမ်းတလျှောက် ဖြေးဖြေးချင်း လျှောက်လာရင်း
တစုံတယောက်နှင့် ထိပ်တိုက်တွေ့ပါတော့သည်။ထိုသူကတော့ တခြားသူမဟုတ်။ သော်တာ သိပ်သဘောကျရပါသော ဦး။*ရားးး သေစမ်း...ဦးက ဘာလို့ကျောင်းကို အစောကြီး
လာတာလဲ*သော်တာ ခေါင်းကိုငုံ့ကာ အကြည့်တို့ကိုကြမ်းပြင်ဆီသို့ ပို့လျှက်ခပ်သုတ်သုတ်လေးလျှောက်လာသည်။သော်တာ့အတွက်တော့ ကံဆိုးသည်ဟုပဲ ဆိုရလေမလား။
ရောင်နီနှင့်မှ တည့်တည့်ကို ဝင်တိုက်မိပါတော့သည်။
သေးသေးညှက်ညှက်ခန္တာကိုယ်လေးဖြစ်သည့် သော်တာဟာ အနည်းငယ်ပင်ယိုင်သွားရ၏။''ကောင်လေး...လမ်းကို သေချာလျှောက်မှပေါ့''
ရောင်နီ့ကိုမြင်သည်နှင့် သူခိုးလူမိသလို ဖြစ်ပျက်နေသော သော်တာ့ရဲ့အခြေအနေအား ရောင်နီရိပ်မိပါသည်။အကယ်၍များ သော်တာတို့သူငယ်ချင်းနှစ်ယောက်ရဲ့ လုပ်ရပ်အကြံအစည်တွေအားလုံးကို ရောင်နီသိနေသည်ဆိုတာသာသိခဲ့ရင် ဘယ်လောက်တောင်မှ ရောင်နီရှေ့အနေရခက်နေလိုက်မလဲ။ လက်မှတ်ထိုးဖို့အတွက်လည်း သူငယ်ချင်းနှစ်ယောက် တခုခုကြံစည်ကြအုံးမည်ဆိုတာကို ကျောင်းသား ကျောင်းသူပေါင်းများစွာကို ပျိုးထောင်ခဲ့သူဖြစ်သည့် ရောင်နီသက္ကရာဇ်ခန့်မှန်းမိပါ၏။ သူ့ရှေ့က
ခေါင်းကိုငုံ့ကာ နဖူးစပ်က ချွေးစလေးများပင်ထွက်နေပြီဖြစ်သည့် ကောင်လေးအားကြည့်ရင်း ရောင်နီ နှုတ်ခမ်းတွန့်ရုံ့ပြုံးမိသည်။''ဘာတွေတွေးရင်း လျှောက်လာတာလဲကွ''
''တောင်း...တောင်းပန်ပါတယ် ဆရာ''
''မင်းကို တောင်းပန်ဖို့ ပြောနေတာမဟုတ်ပါဘူး''
ရောင်နီက လေသံအေးအေးလေးဖြင့် ပြောနေသော်ငြား
ရောင်နီ့ရှေ့က ကောင်လေးကတော့ အသံကလေးတွေပါတုန်နေသယောင်။ ရောင်နီလည်း ကောင်လေးရဲ့ အလွန်နေရခက်နေသည့်အခြေနေကိုဆက်ပြီး မကြည့်ရက်တော့သည်မို့...