Part-16

77 10 12
                                    

မျက်နှာပေါ်သို့ ဖြာကျလာသောနေရောင်ခြည်ကြောင့် Taehyun အိပ်နေရာမှ မျက်ခုံးတို့ကို စုကျုံမိသည်။

ဖျားထားတဲ့အရှိန်ကြောင့် ခေါင်းကတစ်ဆစ်ဆစ်နဲ့ကိုက်၍ အာခေါင်များခြောက်ကပ်ကာ နာချင်သလိုဖြစ်နေ၏။

သူအဖျားမကင်းသေးဘူးပဲ....

နာရီကိုကြည့်မိတော့ မနက်၉နာရီပင်ခွဲနေပြီမို့
အိပ်ယာမှ အားယူကာထလိုက်သည်။

အိပ်ယာပေါ်မှာအကြာကြီးလှဲမနေချင်တာကြောင့်လည်းဖြစ်သည်။

ဘေးနားက ဆိုဖာပေါ်ကြည့်လိုက်တော့ မနေ့က မောင်အိပ်ခဲ့သည့် စောင်နှင့်ခေါင်းအုံးက သေသပ်စွာနေရာတကျရှိနေ၏။

ပြန်သွားပြီနဲ့တူပါတယ်....

မျက်နှာသစ်ရန် ရေချိုးခန်သို့ ဝင်လိုက်တော့ ဘေစင်ပေါ်မှာတင်ထားသည့် သွားပွတ်တံလေးပေါ်မှာ သွားတိုက်ဆေးကအဆင်သင့်

မျက်နှာသုတ်ပါဝါကလည်း အဆင်သင့်ရှိနေသလို မျက်နှာသစ်ရန် ရေနွေးစပ်ကာ သေချာလေးပြင်ဆင်ပေးထားလေသည်။

မောင်ကတော့ လူကိုမချစ်ပဲမနေနိုင်အောင်ပြုစားလွန်းပါဘိ....

မျက်နှာသစ်အဝတ်စားလဲကာ အခန်းထဲကထွက်လာတော့ တစ်ခုခု တူးနေသည့်အနံရတာကြောင့် မီးဖိုခန်းဘက်ကိုအမြန်သွားကြည့်ရ၏။

မနေ့က ပလပ်တွေလည်းသေချာဖြုတ်ပါတယ်....

မီးဖိုခန်းဘက်ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် Taehyun မှာငိုပဲငိုရမလို ရယ်ပဲရယ်ရတော့မလို...

ကြက်ဥတွေတစ်ခန်းလုံးပွကာ မီးဖိုပေါ်က ပေါင်မုန့်တွေနဲ့ကြက်ဥ‌တွေဟာလည်းတူး နေအောင်လုပ်ထားသူက Taehyun အား အားနာသလိုလေးပြုံးပြနေလေ၏။

"ဟို...ကျွန်တော်မနက်စာပြင်မို့လုပ်ထားတာ...ချက်နေကြမဟုတ်တာနဲ့..."

လည်ပင်းကိုအရှက်ပြေပွတ်ကာပြောလာသူကိုကြည့်ရင်း ဟန်မဆောင်နိုင်ကာ အသံတွေထွက်အောင်ရယ်မိတော့သည်။

မောင်ကတော့လေ....

"ငါက Kaiပြန်သွားပြီထင်နေတာ"

قد يعجبك أيضاً

          

"ကျွန်တော်ဒီနေ့ ခွင့်ယူထားတယ်"

"ဟင်!....ဘာဖြစ်လို့လဲ?"

"Hyun နေမကောင်းသေးလို့လေ"

ဖြေလာသည့် အဖြေကြောင့်Taehyun ဘာစကားပင်ဆက်ပြောရမှန်းမသိ

"ဟို.....ငါ..ငါနေကောင်းနေပါပြီ"

ပြန်ပြောလိုက်သည့်စကားကြောင့် မောင်က အလိုမကျသလိုမျက်ခုံးတွေကိုစုကျုံကာ အနားသို့လျှောက်လာ၏။

ထို့နောက် Taehyun နှာဖူးပေါ်သို့ လက်တင်ကာ ကိုယ်ပူစမ်းကြည့်ပြန်သည်။

"ကိုယ်ပူကမကျသေးဘူးပဲ....ဒါတောင်လူကိုနှင်လွှတ်ချင်သေးတယ် ကျွန်တော်ရှိနေတာအဆင်မပြေလို့လား"

"ဟင့်အင်း!...ငါပြောချင်တာ အဲ့လိုမဟုတ်ပါဘူး ....ငါကြောင့်Kaiအလုပ်ရှုပ်မှာစိုးလို့"

ပြာပြာသလဲ ရှင်းပြသူကိုကြည့်ရင်း Kaiနှုတ်ခမ်းတွန့်ရုံပြုံးမိ၏။

အချစ်ရဲ့စိတ်ထဲမှာ မောင်လုံးဝမရှိနေတာမျိုးမဟုတ်ဘူးပဲ....

မီးဖိုခန်းကိုသန့်ရှင်းရေးလုပ်တော့ နေမကောင်းသေးပဲဇွတ်ဝင်လုပ်နေသူကို ထိုင်ခုံပေါ်ကိုမနည်းထိုင်ခိုင်းရသည်။

တစ်ခါတစ်လေ Kang Taehyun တို့ခေါင်းမာသည်က ကျောက်တုံးပင်အရှုံးပေးမည့်ပုံပါပဲ

"ဒါတွေကတော့ စားလို့မရတော့ဘူး ...
မှာပဲစားရအောင်လေ...Hyunဘာစားချင်လဲ"

ကိုယ့်အမေးကို မေးလေးထောက်ပြီးစဉ်းစားနေပုံက အသည်းယားစရာ...

ချစ်စရာကောင်းတဲ့ အမူအယာတွေဆိုတာ Taehyun အတွက် မသင်ပဲတက်မြောက်သည့် ပညာရပ် တစ်ခုလိုပင်...

ဒါကြောင့်လည်း အရမ်းချစ်မိတာထင်ပါရဲ့...

" Pizza !"

စားချင်တာကို ကလေးလိုပြောလာတဲ့ အကောင်ပေါက် ကြောင့်သူ့မှာအသည်းတယားယား...

ဒီကောင်ချစ်လို့ ရူးမှာပဲ....

"စားလို့မရသေးဘူးထင်တယ် ခုထိအဖျားကသိပ်ကျသေးတာမဟုတ်ဘူး အစာမကြေဖြစ်လိမ့်မယ်"

Kaiစကားကိုအလိုမကျ၍ထင်သည် မျက်နှာလေးကစူပုပ်ပုပ်လေးဖြစ်လာကာ နှုတ်ခမ်းလေးမသိမသာစူလာ၏။

Back to december (Completed)حيث تعيش القصص. اكتشف الآن