အခန်း၁၆

204 7 0
                                    

"သမီးကြယ်လေးပြန်လာပြီလား အော် သူငယ်ချင်းလေးလား"

မေမေသည် အနောက်က ဇင်မေသူ့ကိုတွေ့ဘူးသည် ဟိုတစ်ခါက အိမ်ကိုခေါ်လာခဲ့ဖူးသည့်ထဲတွင် ဇင်မေသူပါသောကြောင့်ဖြစ်သည်။

"ဟုတ်"

"အင်းပါ သမီးနဲ့ စောလေးရန်ဖြစ်ထားတာလားကွယ်..စောလေးက.....…"

"အာ...မေမေ သမီးပင်ပန်းလာလို့"

အေးကြယ်စင်ဖြတ်ပြောလိုက်တော့သူ့အမေက ခေါင်းငြိမ့်ပြပြီးဇင်မေသူအားပြုံးပြလိုက်သည်။
အေးကြယ်စင်နဲ့ဇင်မေသူလဲ အပေါ်ထပ်ကအေးကြယ်စင် အခန်းသို့....

အေးကြယ်စင်သည် ဇင်မေသူ ဧကရီနဲ့ ရန်ဖြစ်ပြီးကတည်းက အေးကြယ်စင် ဇင်မေသူ့အားစကားမပြောသလို၊ကြည့်လဲမကြည့်။

ဇင်မေသူ့ဘက်က စကားပြောဖို့၊ချော့ရန်စကားစလိုက်လျှင် အေးကြယ်စင်အရေးမလုပ်။ကျောင်းဆင်းတော့မှ အေးကြယ်စင်ဘက်က စကားစလာလိုက်တဲ့"အိမ်လိုက်ခဲ့" ဆိုသည့်စကားကြောင့် ဇင်မေသူပျော်သည်။

အခုအချိန်အခန်းထဲရောက်သည်အထိ အေးကြယ်စင်သည် လွယ်အိပ်အား စားပွဲခုံမှာ ‌ထောင်ထားလိုက်တော့ ဇင်မေသူသည်လဲ ထိုအတိုင်း

"အေးကြယ်စင်"

ဇင်မေသူသည် သူ့ရှေ့အား လက်ပိုက်ထားသော အေးကြယ်စင်အားခေါ်လိုက်သည်။အေးကြယ်စင်သည် ပိုက်ထသော လက်အားဖြုတ်လိုက်ပြီး ရုတ်တရက် ဇင်မေသူ့အားဖတ်လာသည်။
ဇင်မေသူသည် အေးကြယ်စင် ဒီလိုလုပ်လာမှန်းမသိပါ။
ပြန်လည်ဖတ်တွယ်လိုက်ရင်း

"နောက်တစ်ခါ ရန်မဖြစ်ပါနဲ့ နော် ဇင်မေသူ နင် ဧကရီ့ကိုရိုက်လိုက်တာ အတိုင်ခံရလောက်တယ်သိလား"

စိတ်မကောင်းပေါင်းသောင်းခြောက်ထောင်လေသံနဲ့ပြောလာသော အေးကြယ်စင်အား ဇင်မေသူသည် ဖတ်ထားရာမှ ခွာလိုက်ပြီး

"မဖြစ်တော့ဘူးသိလား ငါတိူ့နှစ်ယောက်တွဲနေတာ အကုန်လုံးသိမှ ဖြစ်တော့မယ် မဟုတ်ရင် ငါစိတ်လေးနေမိတယ်...ရေမိုးချိုးပြီးအောက်ဆင်းခဲ့ မေမေ့ကိုခေါ်လာဖို့ငါပြောထားတယ် နင့်မေမေကိုငါပြောလိုက်မယ် နော် ချစ်တယ်"

Mine...♡                                   Where stories live. Discover now