(unicode)
"volleyballအသင်းရဲ့ပြိုင်ပွဲနဲ့ basketballအသင်းရဲ့ပြိုင်ပွဲနေ့က တစ်နေ့တည်းတိုက်နေတယ်
အဲ့ဒါကြောင့် အစည်းအဝေးခေါ်လိုက်တာ"အစည်းအဝေးရှိသည်ဟုသတင်းကြားကတည်းက
ဒီကိစ္စမှန်း ချန်းယောလ်ထင်ခဲ့ပြီးသား"ကာယဆရာက နှစ်ခုတာဝန်ယူလို့မရဘူးလေ
ပြိုင်ပွဲကလည်း တစ်မြို့စီဆိုတော့ ဘယ်သူများ တစ်ဖွဲ့ကို ဦးဆောင်ပြီး volunteerလုပ်ပေးချင်လဲဗျ"နှစ်ခါတွေးနေစရာမလို ချန်းယောလ်လက်ထောင်လိုက်သည်။
အကုန်လုံးက ချန်းယောလ် volunteerလုပ်မယ် ထင်ထားပြီးသားမထင်ထားတာက ယူလင်းပါ လိုက်ပြီး
လက်ထောင်သည်ကိုပင်"ဆရာကြီး ကျွန်မပါ လိုက်သွားချင်တယ်
ဟိုမှာ ဆေးအဖွဲ့တွေရှိမှန်းသိပေမယ့် ကိုယ့်ကျောင်းကဆရာဝန်ပါတော့ ပိုအားရှိတာပေါ့
ပြီးတော့ ပြိုင်ပွဲက ပိတ်ရက်လည်း ကျတယ်လေ"ယူလင်းပြောတာအကျိုးအကြောင်းသင့်တဲ့အပြင်
ကိုယ့်ကျောင်းကို လုပ်အားလာပေးတဲ့သူကို
ဘတ်ဟျွန်းမှာ မငြင်းနိုင်။"ဒါဆို ဆရာပတ်ချန်းယောလ်နဲ့ ဆရာမချွဲနဲ့ volleyballအဖွဲ့ကို တာဝန်ယူလိုက်ကြနော်"
ချန်းယောလ် မတ်တတ်ထရပ်လိုက်ကာ
"ဆရာကြီးရော မလိုက်ဘူးလား"
"ကျွန်တော် မလိုက်တော့ဘူးလေ"
"volleyballအဖွဲ့က ကလေးတွေက ဆရာကြီးကို ဘယ်လောက်အားကိုးလဲ ဆရာကြီး အသိဆုံးပဲဟာ"
ဘတ်ဟျွန်းက ဘာမှမပြောတာကြောင့် ချန်းယောလ်ထပ်ပြီး
ပြောလိုက်သည်။"ဆရာကြီးပါလာတော့ ကလေးတွေ ပိုအားရှိတာပေါ့"
"ပိတ်ရက်မှာလုပ်ရမယ့် အလုပ်တွေကို တစ်ချက်ပြန်ကြည့်လိုက်ဦးပါမယ်"
"အလုပ်တွေရှိရင် ကျွန်တော်ကူလုပ်ပေးပါ့မယ်
လိုက်ခဲ့ပါ"Volleyball teamက ကလေးတွေထက်ပင်
ချန်းယောလ်က ပိုဆိုးနေသည်။"ကျွန်တော်စဉ်းစားကြည့်လိုက်ပါ့မယ်
ဒါဆို ဘာများပြောစရာရှိပါသေးလဲ"
YOU ARE READING
ကျွန်တော့်ရဲ့ ချစ်ရပါသော စာအုပ်ကြီး