🕐

946 47 9
                                    

အချိန်တို့သည် ကုန်ဆုံး​​​လေ့ ရှိကြသည်။
လူ့ဘဝသက်တမ်းမှာလည်း အချိန်၏တိုက်စားမှု​​ကြောင့် ကုန်ဆုံးစမြဲရှိကြသည်။
သို့​​သော် ဘဝတစ်ချိုးတစ်​ကွေ့မှာ မတူညီသော ကွဲပြားမှုနဲ့ ဖြတ်တိုက်စားသွား​သော အချိန်၊ အမှတ်တမဲ့ ခေတ္တခဏသာ ဖြတ်သန်းသွားမှုဆို​ပေမယ့် ထိုသူ၏ မှတ်ဥာဏ်ထဲ၌အမှတ်ရ​လေ့ သို့မဟုတ် ဘဝ​တစ်ခုလုံး၌ ပြောင်းလဲမှုတို့ ရှိတတ်ကြသည်။

"အခုထိမပြီးကြ​သေးဘူးလား မြန်မြန်လုပ်လေ"

အခန်းတံခါး၀က​နေ Olivia လှမ်း​အော်လိုက်တဲ့ စိတ်မရှည်ခြင်းဟူသည့် အသံစွတ်စွတ်။

"နေပါဦး ဟေ့..မတွန်းနဲ့​လေ ဒီမှာပျက်ကုန်​တော့မယ်!!"

ပခုံးကို ဝင်တိုက်လိုက်တဲ့ Olivia ကြောင့် Eyeliner ညီ​အောင် ဆိုး​နေတဲ့ Lisa ဒေါသတကြီး အော်​ပြောလိုက်သည်။ ဘေးနားမှာ ရပ်​​နေတဲ့ Emily နဲ့ Kirsten နှစ်​ယောက်ကလည်း Olivia ဝင်တိုက်မှု​ကြောင့် အကုန်ယိုင်သွားကာ ပွစိ ပွစိနဲ့ ပြော​နေကြ​လေရဲ့။ သို့​သော် Olivia ဟာ စိတ်မဆိုးဘဲ မှန်က​နေတစ်ဆင့် အကုန်လုံးကိုကြည့်ကာ စပ်ဖြဲဖြဲရယ်​နေလေတယ်။

ဒီ​နေ့ဟာ သောကြာ​နေ့​။ ရက်သတ္တပတ်ရဲ့ နောက်ဆုံး ရုံးဖွင့်ရက်။ တစ်နည်းအားဖြင့် ပိတ်ရက်တို့ စတင်တဲ့ညမှာ သူငယ်ချင်း​တွေ ညဘက်အပြင်ထွက်လည်လေ့ရှိကြတယ်။

အခုလဲ မှန်တင်ခုံ​ရှေ့မှာ မိတ်ကပ်အပြိုင် ခြယ်သ​နေကြတဲ့ Lisa တို့ကို Olivia ဟာ သူ​စော​စောကြိတ်ပြင်ဆင်ပြီးတိုင်း စ​နောက်​​နေ​တယ်လေ။

အခန်းထဲက ရေဒီယိုအသံဟာ ကျယ်​လောင်လွန်း​နေတယ်။ မိန်းက​လေး​တွေရဲ့ ရယ်သံဟာ တစ်ချက် တစ်ချက် ပျံလွန့်​နေသည်။ ခပ်မြူးမြူးသီချင်းသံ​ကြောင့် မိတ်ကပ်လိမ်း​နေရင်း ခြေ​ဖျားက​လေးတွေလှုပ်ကာ စီးချက် တစ်ချက်တစ်ချက်လိုက်မိကြသည်။ အပြင်ထွက် ပျော်ပါးရမည်ဆို​သော​ကြောင့် အခန်းထဲရှိ မိန်းက​လေး​တွေရဲ့ မျက်နှာဟာ ပြုံး​​ယောင်သန်းပြီး မျက်လုံး​​အ​ရောင်များ ဝင်းလက်​နေကြသည်။

စား​ဝတ်​နေ​ရေးအတွက် စိတ်ပျက်စရာ​ကောင်းလှတဲ့ အလုပ်အကိုင်​တွေ၊ ရုံးကိစ္စ​တွေနဲ့လုံးပန်းပြီးနောက် နေ့တစ်ပတ်အဆုံးမှာ​တော့ သူမတို့ ပိတ်ရက်ကို အနိုင်ပိုင်းရမည်​လေ။ ပျင်းပျင်းရိရိ အိမ်ထဲမှာတင် ကုန်ဆုံးဖို့ဟာ သူမတို့အတွက် အလွန်မတန်ရာ၊ ဖြုန်းတီးရာကျ နေသည်။ ပိတ်ရက်ရဲ့ နေ့​တွေ၊ ည​တွေဟာ သူမတို့အပိုင်ဖြစ်ကိုဖြစ်ရမည်။

Times Flying On Friday's NightWhere stories live. Discover now