ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.6K 99 0
                                    

Chapter 148

" ချီချီ မာမီက ဘာလို့ဆူတာလဲ ..."

" ဘာလို့လဲဆိုတော့ ဖုယွီကောကောပါတဲ့ ဗီဒီယိုကို ကြည့်မိလို့ ..."

ရှအန်းက ပြည်တွင်း၌ ပိတ်ပင်ခံရပြီးသော်လည်း ဤမျှကောင်းကောင်းမွန်မွန်နေနိုင်မည်ဟု သူမထင်ခဲ့မိပေ။

ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ရှအန်း၏ လှပသောမျက်နှာက ပန်းပွင့်သဖွယ် ပွင့်လန်းနေသည်။ သူ၏ရင်ထဲကို တစ်စုံတစ်စုံဖြင့် ဝင်တိုက်သွားသကဲ့သို့ နာကျင်လာသည်။

ဒီလိုလှပတဲ့ မိန်းကလေးက အရင်ကတော့ သူ့အတွက် ဖြစ်ခဲ့တာပဲ ... ခုတော့ ဆုံးရှုံးသွားခဲ့ပြီပဲလေ ...

" ဒယ်ဒီ ဖုယွီကောကောက အခုအရမ်းပျော်နေပုံပဲ ..."

သူ၏သမီးလေး၏ အသံကိုကြားသောအခါမှ ဖုရှန်းခေါင်းငုံ့ပြီး ကလေးမလေးကို ကြည့်လိုက်မိသည်။ ကလေးလေးက သူ၏ရင်ခွင်ထဲတွင်ထိုင်ပြီး တီဗွီတူတူကြည့်နေကြသည်။

" ဟုတ်တယ်နော် ..."

သူ အဘယ့်ကြောင့်မှန်းမသိသော်လည်း ရုတ်တရက် ရယ်ပြီး နူးညံ့စွာရေရွတ်လိုက်သည်။
" ဒါပေမဲ့ သူ့ကို ဖုယွီကောကောလို့ ခေါ်လို့မရတော့ဘူးနော် ... သူကအခု ရှရှင်းချန်ဖြစ်နေပြီ ..."

"ဒယ်ဒီ ကောကောရှောင်ရှင်းက ဘာလို့ သူ့မျိုးရိုးနာမည်ကိုပြောင်းလိုက်တာလဲ ... သူက ဒယ်ဒီ့ရဲ့ကလေး မဟုတ်လို့လား ..."
ဖုအန်းချီက  အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် သံသယမကင်းစွာမေးလိုက်သည်။

" အင်း ... သူက ဒယ်ဒီ့ရဲ့ကလေး မဟုတ်ဘူးလေ ..."
ထိုသို့ပြောလိုက်ချိန်တွင် အကြောင်းမှန်းမသိသော်လည်း ရင်ထဲ ခါးသက်သက်ဖြစ်သွားသည်။

ရှကျင်းနှင့် လက်ထပ်လိုက်ချိန်မှစ၍ ရှအန်းနှင့် မတွေ့ခဲ့တော့ပေ။ သို့ရာတွင် သူ၏ရင်ထဲ၌ ရှအန်းမရှိတော့ဟု မဆိုလိုပေ။ အပေါ်ယံတွင် သူ့သမီးလေးကို ပိုချစ်ပြနေသော်လည်း သူ၏သားကို ပို၍ ဂရုစိုက်နေမိသည်။

ရှောင်ရှင်းက သူနှင့် ရှအန်း၏သားဖြစ်သည်ဟု ထင်ခဲ့မိသည်။

ရှောင်ရှင်းချန်က သူ့သားမဟုတ်ဟု တစ်ကြိမ်မှ မတွေးခဲ့ဖူးပေ။ ဖုရှန်းက ရှအန်းသူ့ကို မည်သည့်ယောက်ျားနှင့် ဦးထုပ်စိမ်းဆောင်းပေးသည်ကို မသိပဲ ထိုကလေးကို ခြောက်နှစ်တာ အချည်းနှီးစောင့်ရှောက်လာခဲ့ရသည်။
(  ဦးထုပ်စိမ်းဆောင်းတယ်ဆိုတာ ဖောက်ပြန်တာကို ပြောတာပါ )

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေWhere stories live. Discover now