ဖြူ V-Day နေ့က ငါပေးတဲ့ လက်ဆောင်လေးကိုသဘောကျရဲ့လားအင်း....... ထက်မြတ် ငါသဘောကျပါတယ်
လူကိုရော သဘောမကျဘူးလား
နင်နော် စကားပြောရင်း မဖောက်လာနဲ့
ငါအကောင်းပြောနေတာ ဖြူ
ငါနင့်ကို ဘယ်လောက်ထိသဘောကျလဲ
ဘယ်လောက်ထိ သဘောကျခဲ့ရလဲ
နင်လည်းသိတာပဲ ဖြူငါ သိပါတယ် ထက်မြတ်ရယ်
ငါသေချာသိသေးတာ တစ်ခုက
နင့်လိုသူငယ်ချင်းကောင်း ရှားတယ်ဆိုတာလေ
နင် သူငယ်ချင်းလိုပဲ ငါ့ကို သဘောထားပေးလို့မရဘူးလားငါ သူငယ်ချင်းထက်ကိုပိုခြင်တာ
အခုမှ မဟုတ်ဘူးလေ ဖြူငါ့ မှာ ချစ်သူရှိတယ် ထက်မြတ်
ဟမ်.........နင်....နင်
ဘယ်တုန်းက ချစ်သူရှိသွားတာလဲမကြာသေးဘူးလို့လဲ ပြောလို့ရတယ်
ကြာပြီလို့လည်းပြောလို့ရတယ်
ကိုကိုက ငါ့ကိုချစ်နေတာကြာပြီဆိုပေမယ့်
ငါမကြာခင်ကမှ အဖြေပေးလိုက်လို့
ချစ်သူတွေဖြစ်တာတော့ မကြာသေးဘူးဘယ်သူလဲ
ဘယ်ကလဲ နင့်ရည်းစားက
ငါနဲ့ရောသိလားနင့်နဲ့တော့ မခင်ပေမယ့်
နင်သိပါတယ်ဘယ်သူလဲ ဖြူ
နင်မှတ်မိလား
ငါ ငယ်ငယ်ကဆို ညနေကျူရှင်ကပြန်ရင်
လာလာကြိုပေးတဲ့အကိုလေ
နင်မှတ်မိလားအင်း
ငါမှတ်မိပြီ
နင် ကိုကို လို့ခေါ်နေတဲ့ အကိုမဟုတ်လား
နာမည်က ဘာပါလိမ့်
ဘုန်း.........🤔ဘာဆိုလားပဲအင်း
ဟုတ်တယ် အဲ့အကိုပဲဒါဆို
အဲ့အကိုက နင့်ကိုလိုက်နေတာကြာပြီပေါ့အင်း
အဲ့လိုလည်းပြောလို့ရပါတယ်နင်သေချာစဥ်းစားပြီးပြီလားဖြူ
အဲ့အကိုက အခုဘာအလုပ် လုပ်နေလဲ
ငယ်ငယ်က နင်တို့ပြောတာတော့ကြာဖူးတယ်
အဲ့ဘဲ အရမ်းချမ်းသာတယ်ဆိုတာဖြူလောကမှာ မိဘကချမ်းသာပေမယ့်
ကိုယ်တိုင်က အရည်အချင်းမရှိတဲ့သူတွေအများကြီး
နင်အခုရွေးချယ်လိုက်တဲ့ နင့်ရည်းစားကိုသေချာလေ့လာနော်
ငါနင့်ကိုစိတ်ပူလို့ပါ
အင်းပါ
ငါ့ကို စိတ်ပူပေးလို့ကျေးဇူးပါ ထက်မြတ်
တစ်ရက်တော့ နင်နဲ့လဲ့ကို
ငါ့တရားဝင်ရည်းစားအဖြစ် မိတ်ဆက်ပေးပါမယ်ငါ ထမင်းစားပြီးပြီး
ငါအရင်သွားနှင်မယ်ေနာ်.....ထက်မြတ်
ဒီနေ့ ဝေဝေကိုထမင်းစားဖို့ သွားခေါ်တော့
သူမအားသေးတာနဲ့ ထက်မြတ်နှင့်အတူနှစ်ယောက်တည်း
ထမင်းလာစားဖြစ်သည်stationary အတန်းမှာ ခင်းကျင်းပြသထားတဲ့
ကျောင်းသုံးပစ္စည်းတွေက အရမ်းချစ်စရာကောင်းပေသည်
ဟယ် လှလိုက်တဲ့ချွန်စက်လေး
ငါငယ်ငယ်က ဘာလို့ဒီလိုချွန်စက်လေးတွေ
မပေါ်သေးတာ နာလိုက်တာ.....
...ဖြူလေးစိတ်ထဲတွေးမိနေတုန်း
အနောက်မှာတစ်ယောက်ယောက်
ရှိနေသလိုခံစားရ၍ဟင်....... ကိုမင်းထက်သာ
ဘာ....ဘာလိုအပ်လို့လဲရှင့်
လူကိုဝါးမြိုတော့မယ့်အကြည့်တွေကြောင့်လိုအပ်တာကတော့
ခွန်အားလေးပေါ့
အလုပ်လုပ်နေရင်း ပင်ပန်းလာလို့
အမောပြေ အပြေးလာကြည့်တာ
မခုမှပဲ အမောကိုပြေသွားတာ
ဖြူလေး မျက်နှာလေးမြင်လိုက်ရပြီဆိုတော့
ဒါနဲ့ ဘာတွေကြည့်နေတာလဲ ဖြူလေးကဟင်
ဟို....ဟို
ချွန်စက်လေးလှလို့ဖြူလေးက ကြိုက်လို့လား
မဟုတ်ပါဘူး
လှလို့သေချာလေးကြည့်မိတာဒါဆို အကိုအလုပ်သွားပြန်ပြေးလုပ်လိုက်အုံးမယ်နော်
renovation ကတစ်ဆိုင်လုံးဆိုတော့
အလုပ်တွေအရမ်းများလို့
သွားပြီ ဖြူလေးဟင်
ကိုမင်းထက်သာက ဘယ်လိုကြီးလဲ
ငါ့မျက်နှာလေးကိုမြင်လိုက်ရမှ
အမောပြေသွားတယ်ဆိုပဲ
လူကို မရိုးမသားနဲ့
တကယ့်မလွယ်ကြောပဲခါတိုင်းဆို ဦးလေးငယ်က
၅နာရီမထိုးခင်ကတည်းကရောက်နေပါပြီ
ဒီနေ့ ဘာလို့နောက်ကျနေပါလိမ့်အလုပ်ဆင်းချိန်ဆိုတော့
ဝန်ထမ်းတွေအသီးသီးပြန်ကျကုန်ပြီဖြစ်ပေမယ့်
ဖြူလေးကိုလာကြိုသည့် ဦးလေးငယ်ကိုမတွေ့သေးပေ
ဖုန်းဆက်ကြည့်အုံးမှပဲဒီမှာပဲ ထိုင်နေတော့မှာလား ဘေဘီ
မပြန်တော့ဘူးလားဟင်
ကိုကို ကိုကိုလား
ဆိုင်ကယ်ဦးထုပ်ကြီးဆောင်းထားတော့
ဘယ်သူမှန်းမတွေ့ရပေ
ဖြူလေး အလုပ်ကစထွက်လာကတည်းက
ခုဖြူလေးထိုင်နေတဲ့ အုပ်ခုံဘေးမှာ
ဆိုင်ကယ်လန်းလန်းနဲ့ စမတ်အရမ်းကျတဲ့
အကို ကို တွေ့ပေမယ့်
ကိုကိုလို့လည်း မထင်မိပေ