" ဒါဘယ်သူတုန်း...ပျောက်ချက်သားကောင်းလှချည်လား... Rose.."".... Nabi...."
Lisaဆို လူမပြောနဲ့ နာမည်နဲ့တင်သွေးတတ်သည်။အဲ့လိုမျိုး သေလောက်အောင်မုန်းလွန်းလို့ စာရင်းရှင်းဖို့ ခေါ်တွေ့သောကိုယ့်ကို မမသည် ဘယ်လိုတောင်လွဲလိုက်သလည်းမေး.. အိမ်အထိလာပြီး ကိုယ့်ကိုအနေထိုင်ဆင်ခြင်ပေးဖို့ အမေနဲ့ပါလာတိုင်သတဲ့လေ..။ထိုသို့မမကျေးဇူးနဲ့ တစ်ပတ်ကျော်ကျော်လောက် အိမ်တွင်းအောင်းလိုက်ရပြီး ဒီနေ့ညလေးမှ club လာကာ မကြည်မလင်ဖြစ်နေတဲ့ကြားထဲ ငမွှေထိုးမက လာဆွပြန်သည်။
" ပျောက်နေပြီး ပြန်ပေါ်လာတယ်သာပြောတယ် ..နင့်ကြည့်ရတာ တခုခုကို အတော်လေးမကျေမချမ်းဖြစ်နေပုံပဲ.... ဘာလည်း..ပြောပါအုန်း...."
" သွားစမ်းဟာ ဒီမှာလူက မမကြောင့်ညစ်နေရတဲ့အထဲ."
အဲ့တာတွေ Roseကိုမကြိုက်တာ ဒီလောက်နှစ်တွေအများကြီးတွဲလာလည်း အမြဲတစ်ယောက်ထဲမြုံစိစိ.. တစ်ယောက်ထဲဖြေရှင်း သူငယ်ချင်းဆိုတာ အပိုလိုလို...။ ပြီးတော့ Roseစိတ်ရဲ့အဖြေက အမြဲ မမဆိုတဲ့ လူကြောင့်ပဲ ကာလာစုံပြောင်းလွန်းသည်။ ပျော်လည်း..ဒီမမ... ငိုလည်း..ဒီမမ... စိတ်ညစ်လည်း..ဒီမမ ကြားတော့ နားကြားပြင်းကတ်လှပါပြီ...။
" အေး ပြီးရော.. Rose နင့်ဘဝလည်း မမနဲ့ စ မစတော့မသိဘူး အဲ့မမကြောင့်နဲ့တော့ ဘဝဆုံးတော့မယ် သူငယ်ချင်းဆိုတာလည်း နင့်မျက်လုံးထဲကိုမရှိတော့ ငါသွားပြီ......"
Narbi (နာဘီ) ဆိုတာ Roseရဲ့ ငယ်သူငယ်ချင်းအရင်း ဆိုးလည်းအတူတူ သောင်းကျန်းလည်းအတူတူ အမြဲအတူတူကြီးပြင်းလာခဲ့တာမို့ အမြဲဘယ်အချိန်ကြည့်ကြည့် Roseဘေး Narbi ရှိနေတတ်သည်။ ဒါ့ကြောင့်မို့လည်း သူမ စိတ်ညစ်နေပုံရတာမို့ တခုခုစိတ်ပြေစေချင်ပုံပေါ်လို့ လာနှစ်သိမ့်သည်ကို Roseစကားကြောင့် ဒေါသထွက်သွားပုံရတာမို့.... Roseလည်း .လက်ကိုလှမ်းဆွဲတားရင်း.သူမဘေးသို့ပြန်ထိုင်စေလိုက်ပြီး...။
" အရွယ်ပဲဒီလောက်ရှိနေပြီ စိတ်ကောက်တုန်း ခွက်ထဲမှာကုန်နေပြီမလား လာစိတ်မဆိုးနဲ့တော့ ငါထည့်ပေးမယ် ဒါလေးသောက်...။"
YOU ARE READING
Mine (မိုင်း)
Fanfictionမပွင့်ခင်မှာပဲ ခြေမွခံလိုက်ရတဲ့ ပန်းတစ်ပွင့် "အချစ်မခံခဲ့ရတာမို့ ကိုယ်ဟာ မချစ်တတ်ဘူး"