ဒီကနေ့ဟာ...အလုပ်ပိတ်ရက်ဖြစ်ကာ တနင်္ဂနွေနေ့မို့ လစန္ဒာတစ်ယောက် သူငယ်ချင်းဖြစ်သူ မြတ်နိုးမောင်ရဲ့ အိမ်ကိုရောက်လို့နေပါ၏။ဒါကြောင့် လစန္ဒာမှာ သူငယ်ချင်းဖြစ်သူ မြတ်နိုးမောင်ရဲ့အိမ်မှာ ပျော်ရလိမ့်မည်လို့ ထင်ထားခဲ့ပေမဲ့လည်း တစ်ကယ်တမ်းအခြေအနေမှာတော့ ထိုသို့ဖြစ်မနေပါပဲ ဆန့်ကျင်ဘက်အခြေအနေတို့နဲ့သာပင်။ယခု တိတ်ဆိတ်သော ထမင်းဝိုင်းတွင်
မြတ်နိုးမောင် အမရာနှင့်လစန္ဒာအပါအဝင် သုံးယောက်သား အတူတူရှိလို့နေပါ၏။သူငယ်ချင်း
ဖြစ်သူ မြတ်နိုးမောင်ရဲ့ စကားအရ နှစ်ယောက်
သား ရန်ဖြစ်ထားသည်လို့ သိရတာမို့ လစန္ဒာတစ်
ယောက် ငြိမ်သက်သော ဤအခြေအနေတွင် နေရ
ခက်နေသလို သူလာမိတာ မှားပြီဆိုသော အတွေတို့သည်လည်း သူ့ခေါင်းထဲကို တရစပ်ဝင်လာလို့
နေပါ၏။ထို့ကြောင့် လစန္ဒာမှာ ငြိမ်သက်နေ
လွန်းသော ဤအခြေအနေကို သည်းမခံနိုင်စွာအဆုံးမှာ ထမင်းဝိုင်း၌ မတ်တပ်ထရပ်လိုက်ပါတော့၏။"ငါ ပြန်တော့မယ် မြတ်နိုးမောင် "
"နင်နဲ့ အစ်မ အမရာတို့ အေးအေး ဆေးဆေး စကားပြောလိုက်ကြပါ"
နှစ်ယောက်သား အခြေအနေမှာ မျက်နှာချင်းမဆိုင်ကြသည့်အပြင် သူရောက်လာကထဲက
စကားလည်း တစ်ခွန်းတစ်လေတောင် မပြောကြ
သည်မို့ သူ့အတွက် ပြင်ဆင်ပေးထားသည့် ထမင်း
ဝိုင်း၌လည်း လစန္ဒာသည် စားမဝင်နိုင်တော့ပါ။ထို့
ကြောင့် သူအလိုက်သိစွာဖြင့် စောစောပြန်လိုက်
မည်လို့ လစန္ဒာတွေးလိုက်မိပါ၏။"ဟုတ်..စန္ဒာ "
အမရာမှာ ဝဲလာသော မျက်ရည်တို့အား ပုတ်ထုတ်လို့ ဟန်ဆောင်အပြုံးဖြင့် စန္ဒာအာ့ နှုတ်
ဆက်လိုက်ပေမဲ့ မြတ်နိုးမောင်မှာတော့ စန္ဒာလက်
အား ပြန်ဆွဲလို့ ထမင်းစာပွဲဝိုင်းဆီကို မေးငေါ့ထိုး
ပြလိုက်၏။"ဘာလို့ ပြန်မှာလဲ"
"ဒါကုန်အောင် စား"