Part 24 (Zawgyi)

615 17 1
                                    

" ရေခဲမုန့်က စားကောင်းလား "

နား အနားကပ်ကာ ပြောလာတဲ့ အသံကြောင့် ဆန္ဒပိုင် ကြက်သီးမွှေးညင်းလေးတွေပင် ထသွား၏။

" ကိုကို "

မဝံမရဲ ခေါ်သံနဲ့အတူ ဆန္ဒပိုင် ဖြေးဖြေးချင်းနောက်လှည့်ကြည့်လိုက်၏။

အနက်ရောင် Suit ဝတ်စုံကိုမှ အပေါ်ကုတ်ကိုချွတ်ထားပြီး အကျ..လက်ကို တံတောင်ထိ တင်ထားတာမို့ အဂ္ဂဘုန်းခန့်ရဲ့ သန်မာတဲ့ လက်ဟာ ပေါ်လွင်နေပြီး အကြောစိမ်းများသည်လည်း ကြောက်မက်ဖွယ်ရာ လိုက်ဖက်လွန်းနေ၏။

" သိပ်မစားရသေးပါဘူး နည်းနည်းလေးပဲစားတာ တကယ်ပါ "

ဆန္ဒပိုင်မှာ တစ်ဦးတည်းသော ညီလေးကို အကူညီလှမ်းတောင်းဖို့ကြည့်လိုက်ပေမယ့် သူ့ကိုဂရုမစိုက်ဘဲ ဖုန်းကိုကြည့်ဟန်ဆောင်နေ၏။

ရာဝနလည်း သန့်စင်ခန်းသွားတာမို့ သူတွင် စစ်ကူမရှိပေ။

" ရေခဲမုန့် သုံးခွက်ကို နည်းနည်းလေးလား "

အအေးစာတွေကြိုက်လွန်းတဲ့ သူရဲ့အိုမီဂါလေးက တစ်နေ့ကို ရေခဲမုန့် နှစ်ဘူးကနေ သုံးဘူးအထိ စားနေကျဖြစ်သည်။ ဆရာဝန်က အအေးစာတွေကို လျော့စားစေချင်ပြီး တတ်နိုင်သလောက်မစားစေချင်တာမို့ အဂ္ဂဘုန်းခန့်လည်း တားမြစ်နေရခြင်းဖြစ်သည်။

အဂ္ဂဘုန်းခန့် သက်ပြင်းသာချလိုက်၏။ ဒီလိုစိတ်မချရမှန်းသိလို့ အစည်းဝေးပြီးပြီးချင်း ပြေးလာခဲ့ပေမယ့် သူ့ရဲ့အိုမီဂါလေးကတော့ သူမြင်ကွင်းက လွတ်တာနဲ့ လုပ်ချင်တာလုပ်တော့သည်။

" အာ....ဓာတ်ပုံရှုတင်ရှိသေးတာပဲ မေ့နေလိုက်တာ "

သုခပိုင်မှာ လက်ကောက်ဝတ်တွင် မဝတ်ထားသော နာရီကို ကြည့်ဟန်ဆောင်လိုက်ပြီး

" ပိုင်ပိုင် သားပြန်တော့မယ်နော် နောက်ကျရင် ဖုန်းဆက်လိုက်မယ် "

သုခပိုင်မှာ ပိုင်ပိုင်တို့အတွဲကြား ဝင်မရှုပ်ချင်တာမို့ ပြောပြီးတာနဲ့ လစ်ပြေးလာခဲ့၏။ အရင်ကဆို ပိုင်ပိုင်ကို အဲလူအိုကြီးနဲ့အပြိုင် လုနေမှာဆိုပေမယ့် အခုတော့ သူနားလည်တတ်လာသလိုပဲ။

 [ Complete ] 𝑷𝒍𝒔 𝑫𝒐𝒏'𝒕 𝑮𝒊𝒗𝒆 𝑼𝒑 𝑶𝒏 𝑴𝒆!𝑴𝒚 𝑶𝒎𝒆𝒈𝒂 Where stories live. Discover now