ထိုစဥ်ကပထမလပါတ်စာမေးပွဲမစတင်သေးချေ။
အတန်းပိုင်ဆရာကကျန်းယန်ရှန့်၏အဖြေလွှာကိုပို့လျက် "အဆင်ပြေတာပဲ၊ အတန်းခွဲတဲ့စာမေးပွဲတုန်းက သူမရဲ့ရလဒ်ကအမှန်ပဲနေမှာပါ"
ကျောင်းအုပ်ကသက်ပြင်းချလိုက်သည်။ သူသည် ပိုက်ဆံလည်းရပြီး စာလည်းတော်သောကျောင်းသူတစ်ယောက်ကိုလက်ခံလိုက်ရသည်မှာ မိမိတို့ကျောင်း၏အကျိုးအမြတ်ကြီးဖြစ်ကြောင်းတွေးမိခဲ့တာပင်။
ကျောင်းအုပ်ကြီးမှာကျန်းယန်ရှန့်အားဤမျှမြန်မြန်ထပ်ဆုံရမည်ဟုမမျှော်လင့်ထားခဲ့ချေ။ဆရာမပြောပြသောကျန်းယန်ရှန်ပြောခဲ့သည့်စကားများကိုပြန်တွေးကာ သူမိန်းမောနေမိသည်။
ဒီကေလးမကတော့ဘယ်လောက်တောင်သိတတ်လိုက်သလဲ
သူမမှာဆရာများကြားလိုသောစကားမှန်သမျှကိုဆိုခဲ့သည်။
အတန်းပိုင်ကအလျင်အမြန်ရှင်းပြပြီးနောက် သက်ညှာစေရန်အရိပ်အမြွှတ်တချို့ကိုပေးပြီးနောက်ထိုနှစ်ယောက်ကိုချန်ရစ်ကာပြန်သွားတော့သည်။
သို့သော် ကျောင်းအုပ်ကြီး၏နှလုံးသားကမူ သမုဒ္ဒရာနှယ်ကျယ်ပြန့်သွားချေပြီ။
"ကျန်းယန်ရှန့်ဟုတ်လား၊ ငါ့ကိုပြောပါ၊ ဘာလို့ရန်ဖြစ်ကြတာလဲ"
ကျောင်းအုပ်သည်လည်းဆရာမသတင်းပေးသည့်အတိုင်းရန်ဖြစ်ကြသည်ဟူသော အဓိကအချက်ကိုသာယူ၍ တစ်ဦးကသာတစ်ဦးကိုတဖက်သတ်ရိုက်နှက်ခဲ့ကြောင်းမတွေးမိပဲ အသာအယာမေးလိုက်သည်။
၀မ့်ချမ်မှာ၄င်းကိုကြားလျှင် ရတက်မအေးတော့၊
အတိတ်တွင်သူမဘာပဲလုပ်လုပ်တပါးသူနောက်ကျောတွင်အမြဲပုန်းနေနိုင်ခဲ့သည်။ တစ်ခုခုပြသနာတက်လျှင်လည်းအမြဲရှောင်နိုင်ခဲ့သည်သာ၊ သို့သော်ဤတစ်ကြိမ်တွင်တော့ခံစားချက်ကောင်းမနေခဲ့ပေ။
"ကျောင်းအုပ် သူကသာရိုက်..၊ "သူမကဖြတ်ပြောလာပြန်သည်။
ကျောင်းအုပ်မှာစိတ်မရှည်စွာလက်ကိုယမ်းလျက်
"တစ်ယောက်ပြီးတစ်ယောက်ပြော"
၀မ့်ချမ်သူမပါးစပ်ကိုပိတ်လိုက်ရပြန်သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...
အကြီးဆုံးသမီး👩
Start from the beginning