အကြီးဆုံးသမီး👩

1.7K 121 1
                                    

Chapter 149

    ကျန်းယန်ရှန့် ကျန်းဟယ်လင်၏ခေါင်းကို အသာ ပုတ်ကာပြောလိုက်သည် "ဟုတ်တယ်…"။

    ကျန်းဟွမ်သည် အိမ်ကို ရောက်နှင့်နေပြီးဖြစ်သည်။ ကျန်းယန်ရှန့်မှ အဝတ်အစားများလဲကာ အိမိအောက်ဘက်သို့ရေသောက်ရန် ဆင်းလာသည်ကို တွေ့သောအခါ သူမေးလိုက်သည်

"ဒီနေ့ ဘာလို့ အိမ်ပြန်နောက်ကျနေရတာလဲ…"။

    ကျန်းယန်ရှန့်က ဆရာမ အား လမ်းညွှန်ချက်တောင်းဆိုနေခြင်းကြောင့်ဖြစ်သည်ဟု ပြောလိုက်သည်။ ကျန်းဟွမ်ကလည်း ထိုအရာကို ကောင်းသည်ဟုထင်သည်။

   "ဘယ်လောက်ကျလဲ…အဖေက သမီးကျူရှင်လခပေးမယ်…အခုလောက်ရဲ့လား…"။

သူ့အဖေစကားကို ကြားချိန်၌   ကျန်းယန်ရှန့်သည်. သူမမိသားစုနှင့် ကျန်းကျစ်ယွမ်တို့ကဲ့သို့သော မိသားစုသည် အချင်းချင်း ညီတူညီမျှ ဆောင်ရွက်နိုင်လျှင် ကမ္ဘာကြီး ငြိမ်းချမ်းမည်ဟု ပင် တွေးမိလိုက်သေးသည်။

    ကျန်းဟွမ်တစ်ယောက် ကျန်းယန်ရှန့် ၏ မျက်လုံးထဲတွင် တစ်ခုခုမှားယွင်းနေသည်ကိုတွေ့ရသောအခါ အနည်းငယ်အပြစ်ရှိသလို ခံစားရကာ "ဘာများဖြစ်လို့လဲ…ဘာအကြပ်အတည်းဖြစ်နေလို့လဲ …အဖေ့က်ိုပြောပါ…"။

    ကျန်းယန်ရှန့်သည် သူမ၏ အငယ်နှစ်ယောက်နှင့် လျန့်ယင်းယင်းအား လှမ်းကြည့်ကာပြောလိုက်သည်

" ဟိုမှာ စကားသွားပြောရအောင်…"။

    အဖေနှင့်သမီးသည် ဝိုင်အရက်နှင့် ဘား ပါ ရှိသည့် အခန်းထဲသို့ ဝင်သွားလိုက်သည် ။

    လျန့်ယင်းယင်းက ကျန်းဟယ်လင်အား "နင် သူတို့နောက် လိုက်သွားလိုက်…"။

    ကျန်းဟယ်လင်သည် နားမလည်နိုင်ဖြစ်ကာ "အဖေနဲ့အစ်မက သူတို့ ကိုယ်ရေးကိုယ်တာ ပြောနေကြတာ သမီးက ဘာလို့လိုက်သွားရမှာလဲ…"။

    မျက်နှာသာရရန် တိုက်ပွဲဝင်ကြခြင်းတွင် လျန့်ယင်းယင်းသည် ကျန်းယန်ရှန့်နှင့် ယှဉ်ပြိုင်လိုသည် ၊ သို့သော်သူမ မလုပ်နိုင်ခဲ့။ သူမက မျက်နှာသာရရန် ဆုံးရှုံးသွားသော  ရှေးခေတ် ကိုယ်လုပ်တော် တစ်ဦးကဲ့သို့ပင်။

အကြီးဆုံးသမီး👩Where stories live. Discover now