တရုတ်မလေးနှင့်ဒုဌ၀တီသား(၃၀)

2K 54 1
                                    

တရုတ်မလေးနှင့် ဒုဌ၀တီသား (၃၀)

“ မိုးရေထဲမှာ အချစ်ရေ ခဏလေး.. “

ဆိုတဲ့ L ဆိုင်းဇီသီချင်းတောင် နားမထောင်ချင်တော့ဘူး။

“လင်မယား နှစ်ယောက်စလုံး မိုးမိပြီး ဟတ်ချိုး.
ဟတ်ချိုး နဲ့ နှာချေ  ချောင်းဆိုး တုပ်ကွေးပါ
မိသွားလို့”

“ကျန်းမာရေး ဂရုစိုက်မှ ဖြစ်မယ် "

ရာသီ တုပ်ကွေး နဲ့ သွေးလွန်တုပ်ကွေးနှစ်ကွေးစလုံး ပေါင်းမိသွားမှ  အမေတွေ ရော ဘုရား တွေရော အကုန်တနေရမယ်”

“မိန်းမ မင်း ဆေးသောက်ပြီးပြီး လား”

“သောက် မလို့”

“သောက်မလို့ လုပ်မနေနဲ့ တစ်ခါတည်းသောက်
ပြီးရင် ရွာထဲ အိမ်မှာခဏသွားနေ ရအောင်။

ဒီနေ့ခြံထဲမှာ  ဆေးဖျန်း ခိုင်းရမယ်။ မိုးရာသီ ဆိုတော့ ခြင် ပေါတယ်။

ခြံထဲမှာ ဆိုတော့ ပိုပေါတယ်။  တတ်နိုင်သမျှ မြက်ပင် ချုံပင် အကုန်ရှင်းထားရင်တောင် မိုးရွာ ပြီးသွားရင် ခြင်တွေက ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိဘူး။

“ဪ မောင်ကလည်း အဲ့ဒီ ခြင်ကျား အေဒီ့စ်က ရေကြည် ရေသန့် မှာပေါက် ဖွား တာပါ ဆို”

“အဲ့တာဆို  အိမ်ရှေ့ကရေကန် ကိုပါ ရေလဲ ခိုင်းပြီး အဖုံး အုပ်ခိုင်းထားရမယ်”

သောက်ရေ ကတော့ ရေသန့် ဘူး သောက်တာ ဆိုတော့ ပြဿနာမရှိ။

ဘုရားပန်းအိုးကလည်း လဲ နေကျ ။ ခြင် တွေ ရှင်းထုတ်ဖို့ အရေး ဘာကျန်သေးလဲ  လင်မယား နှစ်ယောက် ပေါင်းပြီးတစ်ခုခြင်းစီ စဉ်စား
လိုက်တယ်။

>>>>
ရွာထဲရောက်တော့ အိမ်က မိန်းမက တုပ်ကွေးမိထားတာဆိုတော့ကူးမှာစိုးလို့တဲ့  mask တပ်ထားတာ။

ကျွန်တော့်ကိုပါ တပ်ခိုင်းထားတာ။

ကျွန်တော်က ခပ်ခွာခွာ နေ ရပါတယ်ကွာ ဆိုပြီး မတပ်ပါဘူး။

နေမကောင်းဖြစ်ထားတာ ဆိုတော့ မျက်နှာတွေကလည်း ဘယ်ရွှင်ပါ့မလဲ။

အဲ့တာကို ရွာထဲက ကျွန်တော့်အမျိုးပါပဲ။ မေကြီး အိမ်အလည်လာ တဲ့ ဦးကြီး နဲ့ သူမိန်းမက

တရုတ်မလေးနှင့် ဒုဌ၀တီသား (Completed)Where stories live. Discover now