You and me.....(PART 1)

119 11 5
                                    

အခန်းထောင့်တစ်နေရာမှ ခပ်မိန့်မိန့်ဖြင့် breakချိန်တွင် ပြေးလွှားနေသော ကျောင်းသား/သူတို့၏ ချစ်စဖွယ်ကြည့်နေသော သူမအား လူတစ်ယောက်၏ ခေါ်သံကြောင့် ဆတ်ခနဲ ဖြစ်သွား၏။

"ဆရာမ...ဆရာမရဝေ အတွက်..." ဆိုပြီး

လက်ထဲတွင်ကိုင်ထားတဲ့နှင်းဆီပန်းရဲရဲလေးကို 'ဆရာမရဝေ' ဆိုသူ လက်ထဲအတင်းထည့်သွားသော တတိယနှစ်ကောင်လေးခန့်နောင်က ဆရာမအားကြည့်၍ ..

တစ်စုံတစ်ယောက်က " ဖယ်စမ်းပါဗျာ"

မည်းနက်ရောက် မျက်မှန်ထူထူနဲ့ကောင်လေး။

ထိုင်ခုံမှထ ရန် လုပ်သော ထိုကောင်လေး၏ အနားတွင် ရပ်မလိုလို သွားမလိုလို ဖြင့် ဂဏာမငြိမ်ဖြစ်နေသော 'ခန့်နောင်'အား ခပ်ပြတ်ပြတ်အသံနှင့် စူးရှရှ ကြည့်နေသော အကြည့်တစ်စုံက...။

"ခန့်နောင် ဒီပန်းကို ဘာအဓိပ္ပါယ်နဲ့ပေးပေး ဆရာမ လက်မခံရပါစေနဲ့ကွယ် " လို့ ပြောပြီး ဆရာမကခုbreakချိန်မှာ" မင်းက မင်းသွေးခလို့ စာကြည့်နေရင်ပိုအကျိုးရှိမှာ အသေအချာပဲ"လို့ ပြောသော ဆရာမ အား စူးရှသောမျက်၀န်းဖြင့်ကြည့်နေသော ခန့်နောင်က အခန်းထဲမှ ထွက်ခွာဆဲ ထိုကောင်လေးကို မျက်ခုံးပင့်ကာ

ခန့်နောင်က ထိုစာဂျပိုးလေး ကို မာန်ခဲနေသည်ကို ခန့်နောင်၏ အကြည့်များက ဖော်ညွှန်းနေ၏ ။ ခန့်နောင်က ဘာမှမပြောမိ။

'မင်းသွေးခ'

'ဗျာ ဆရာမ.. '

အခန်း၀သို့ရောက်နေသော မင်းသွေးခ အား ခေါ်လိုက်သည် နှင့် ခန့်နောင်တစ်ကိုယ်လုံးပူထူသွား၏။

'မင်းရဲ့ senior က မင်းနဲ့အတူ library လိုက်မလို့တဲ့ ခေါ်သွားလိုက်ပါအုန်း ဆရာမ မင်းလက်ထဲ အပ်ထားလိုက်ပြီနော် ' လို့ပြောပြီး ခန့်နောင်ကို တစ်ချက်မှမကြည့်ကာ ထွက်သွားလေ၏။

ခန့်နောင်က "ကျွန်တော်ဘယ်တုန်းကပြောမိလို့လဲ ဗျာ " ဆိုပြီး စိတ်ထဲကပြောသဖြင့် မည်သူမျှ မကြားလိုက်ချေ။

"လိုက်ခဲ့"

အသံပြတ်သည် မပြောင်း၊ယောင်လည်လည်နဲ့သာ ထိုကောင်လေးနောက်လိုက်သွားခဲ့ရတယ်။

နေရောင်ခြည်၏ အောက်တွင် စာဂျပိုးလေး၏ အသားရေမှာ ဝင်းလက်နေ၏။မျက်မှန်၏အလင်းကဖြာထွက်နေ၍ ခုနက ခပ်ချေချေ ကောင်လေး မင်းသွေးခ သည် ယခုလို ချစ်စရာကောင်းတဲ့ကောင်လေးဖြစ်မည်ဟု ဘယ်သူက ထင်မှာလဲ ။

အား......ဘယ်ကသာချစ်စရာကောင်းရမှာ မဟုတ်တာချည်း စိတ်ပျက်စရာကြီး။ ဤရင်ဘက်သည် ထိုကောင်လေးကြောင့် တိုက်ပွဲဖြစ်နေ၏။

"မင်းသွေးခ မလား ၊ မင်းနာမည်က " ဆိုပြီး

ခြေတစ်လှမ်းချင်း တိုးလာကာ ......

ချစ်ရပါသောမောင်.....(part 1)Where stories live. Discover now