မကြိုက်သင့်သောတီချယ်🫀 P-21

2.7K 147 13
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၁)



🎶သူပန်ထားတဲ့ ပန်းနီနီ.... နေရာခဏလဲချင်သည်ကြင်နာသူလေး..လှဖို့အစွမ်းကုန်ကြိုးစားမည်...ရင်မှာဒီလောက်ချစ်ပါသည် သူပျော်တော့အမြဲတွေ့ချင်သည်...သူအရိပ်အဖြစ် အမြဲရှိနေတတ်ပြီ....သူဆင်မြန်းတဲ့ဖိနပ်နီနီ...နေရာခဏလဲချင်သည်.. ကြင်နာသူလေးခလုတ်မထိဖို့ ကိုယ်ကြိုးစားမည်...ရင်မှာဒီလောက်ချစ်ပါသည်...ဘာမဆိုကိုယ်အဆုံးရှုံးခံမည်...အလှမ်းဝေးတဲ့ပန်းကလေးမြနှင်းဆီ...ကျောင်းသွားကျောင်းပြန်အချိန်မှန်အမြဲစောင့်လို့ကြည့်သည်...သူမျက်၀န်းနဲ့ဆုံရင် ရင်ခုန်သည်...သူ့အပြုံးလေးများမြင်ရင် အပျော်လွန်းပြီအိပ်မရတော့ပြီ... သိပ်ချစ်တဲ့အကြောင်းကို ကဗျာတွေရေးမည်🎶


သာယာပြီးချိုမြိန်လှတဲ့ထိုအသံဟာနွေးဂီတာတီးရင်သီချင်းဆိုနေသံဖြစ်သည်။တီချယ်ငယ်ကိုဖွင့်ပြောခဲ့တဲ့ပြတင်းပေါက်နားမှာထိုင်ကာနွေးအခုတလောကြိုက်နေမိတဲ့ထူးအိမ်သင်ရဲ့တစ်နေ့နေ့တော့ချစ်ရွေ့လာမည်ကိုဆိုနေခဲ့သည်။ တီချယ်ငယ်အကြောင်းတွေးပြီးသီဆိုနေခြင်းဖြစ်သည်။ နွေးရဲ့အားလပ်ချိန်လေးတွေကိုတစ်ခါတလေဂီတာတီးရင်အချိန်ဖြုန်းတတ်သည်။ ဒါကိုတီချယ်ငယ်ကသိရင် စာမကျက်ဘူးလားဆိုပြီ ဆူတတ်သည်။ တီချယ်ငယ်ဆူလို့သာအခုနောက်ပိုင်းသိပ်မတီးဖြစ်တော့ခြင်းပင်ဖြစ်သည်။မဟုတ်ရင်ကျုရှင်တက်သည့်အချိန်ကလွဲရင်ကျန်အချိန်တွေစာကျက်မည်မဟုတ်ပါ။ကျောင်းပိတ်ရက်တွေမှာလည်းဖုန်းအမြဲဆက်ဖြစ်ကြသည်။ယခုအခါတွေလည်းငယ်ဖုန်းဆက်လာသည်။

"အမိန့်ရှိပါ ကိုယ်မိန်းကလေး"

"ဘာအမိန့်ရှိပါလဲ မှန်မှန်ပြော အခုဘာလုပ်နေလဲ"

"ဟို...ဟို စာလုပ်နေတာ"

အမှန်တိုင်းပြောလျှင်စိတ်ဆိုးတော်မူမို့စာလုပ်နေသည့်ဟူလိမ်ပြောလိုက်သည်။

"စာလုပ်နေတဲ့သူက ပြတင်းပေါက်နားမှာဂီတာလေးနဲ့နော်"

"ရှန်...တီချယ် ဘယ်လို့သိတာလဲ"


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now