little problem

315 36 7
                                    

"လာခဲ့စမ်း ကင်မ်ထယ်ရယ် မင်းတစ်အား ဆိုးနေတာ ဆုံးမ မှရတော့မယ်"

"အားး မေမေ ထယ်ရယ်ဘာလုပ်လို့လဲ"

"မင်း ရှန်ရှန့်ကို ဒုက္ခတွေ လိုက်ပေးနေတာလေ သူ့မှာ မင်းကြောင့်နဲ့ အလုပ်ရှုပ်နေတာ မတွေ့ဘူး လာခဲ့ပါ မြန်မြန်"

ရစ်ခီ ထယ်ရယ့်ကို အိမ်လိုက်ပို့ပေးခြင်းဖြစ်သည်။ အိမ်ထဲမရောက်ခင် ကြက်မွှေးကိုင်ပြီး စောင့်နေတဲ့ ထယ်ရယ့်မေမေက ထယ်ရယ့်ကိုတွေ့တာနဲ့ ရိုက်မယ် တစ်ကဲကဲလုပ်နေလို့ ကိုကိုက သူ့ကို ကာပြီး ပတ်ပြေးနေတယ်။

"အာ အန်တီရဲ့ မဟုတ်တာ ရပါတယ်ဗျ ကိုကိုပဲကို"

"ရှန်ရှန် ထယ်ရယ့်ဘက်က‌နေ မကာပေးနဲ့ သူက အားကိုးရှိလို့ဆိုးနေတာ"

ထိုနေ့က ထိုအိမ်ရှေ့မှာတင်ပဲ ရိုက်တဲ့သူက လိုက်ရိုက် ပြေးတဲ့သူက ပတ်ပြေး ကာပေးတဲ့သူက ကာပေးနဲ့ ညနေခင်းလေးက ပိုပြီး အသက်ဝင်နေသလိုပင်။

.
.
>>>

ထယ်ရယ်ရောက်နေတဲ့ နေရာက ကော်ဖီဆိုင်လေးတစ်ခုမှာ။ အကြောင်းအရင်းမှာတော့ မေမေကကြင်ဖက်တွေ့ခိုင်းလို့ ရောက်နေခြင်းဖြစ်သည်။ တစ်ကယ်ဆိုသူလဲ ကြင်ဖက်မတွေ့ချင် မေမေ၏တိုက်တွန်းမှုကြောင့်သာ ရောက်နေခြင်းဖြစ်သည်။ ခဏကြာတော့ မိန်းကလေးတစ်ယောက် ရောက်လာပြီး သူ့ရဲ့ ရှေ့ခုံမှာ ဝင်ထိုင်လိုက်တယ်။

"မင်္ဂလာပါ ကျွန်မက အီယူရာပါ ဒီဘက်က ကင်မ်ထယ်ရယ် ဟုတ်တယ်မလား"

"ဟုတ်ကဲ့ ကင်မ်ထယ်ရယ်ပါ"

"ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင် ကျွန်မမှာ ချစ်သူရှိပါတယ် အခုက ဖေဖေက အတင်းကြင်ဖက်တွေခိုင်းလို့သာ လာတွေ့ရတာပါ"

"ဟုတ်ကဲ့ ကျွန်တော်လဲ မေမေလာတွေ့ခိုင်းလို့သာ လာတာပါ မိန်းကလေးဘက်က မငြင်းရင်တောင် ကျွန်တော့်ဘက်က ငြင်းဖို့ စိတ်ကူးရှိပြီးသားပါ"

"အဲ့ဒါဆို ကျွန်မတို့နှစ်ယောက် သဘောတူညီမှု ယူကြရအောင် ပထမဆုံးအနေနဲ့....."

"ကိုကို လာ သွားရအောင်"

"ဟင်"
"ဟမ်"

ဘယ်ကနေ ထွက်လာမှန်း မသိတဲ့ ရစ်ခီကြောင့် ကင်မ်ထယ်ရယ်ရော ကြင်ဖက်လာတွေ့တဲ့ အီယူရာရောနှစ်ယောက်လုံး လန့်သွားရတယ်။ ထယ်ရယ်ရဲ့ လက်ကို ဆွဲပြီး ခေါ်နေသော်လည်း ထယ်ရယ်မှာ မထ,လာသောကြောင့် ရစ်ခီက ထယ်ရယ်ရဲ့ လက်ကို အားနဲ့ ဆွဲလေတယ်။ ထိုအဖြစ်ကို မြင်နေရတဲ့ အီယူရာက

Fell first Where stories live. Discover now