11

509 70 0
                                    

Chapter - 11

ယန်သောလဲ့က ကျောပိုးအိတ်လွယ်လျက် ကျောင်းပေါက်ဝတွင် စောင့်နေသည်။ သူနှင့်လင်ချင်းဟယ်ကို လာကြိုသည့် လင်မိသားစုကားမောင်းသမားက ရောက်နေသည်မှာ အချိန်အနည်းငယ်ကြာပြီဖြစ်သော်လည်း လင်ချင်းဟယ်ကမူ ထွက်မလာသေးချေ။

နှစ်မိနစ်၊ သုံးမိနစ်ခန့် စောင့်ပြီးနောက်တွင် လင်ချင်းဟယ်ထွက်လာသည်ကို ယန်သောလဲ့ မြင်လိုက်ရသည်။

" ချင်းဟယ်ကော၊ မင်း စာသင်ခန်းထဲကို ပြန်ပြီးဘာသွားလုပ်တာလဲ...။ အဖွဲ့ခေါင်းဆောင်က စန္ဒယားဆက်တီးရအောင်လို့ မင်းကိုသွားရှာသေးတယ်..."

ယန်သောလဲ့က လင်ချင်းဟယ်နောက်မှလိုက်ကာ ကားရပ်နားရာဆီသို့ အတူလျှောက်လာသည်။

" စာသင်ခန်းထဲမှာ တစ်ခုခုကျန်ခဲ့လို့..." လင်ချင်းဟယ်က ဖြေသည်။

" အဲ့လောက်ထိအရေးကြီးနေတာ ဘာမို့လဲ..."

ယန်သောလဲ့က အမှတ်မထင် မေးလိုက်၏။ သူ လင်ချင်းဟယ်၏ အမူအရာကို လှမ်းအကဲခတ်ကြည့်လိုက်သော် လင်ချင်းဟယ်က သူ့ကိုပြန်ဖြေချင်ပုံမရချေ။

အမှန်တွင် သူတို့နှစ်ဦးက အတူတူကြီးပြင်းလာခဲ့ပြီး တစ်ယောက်အကြောင်းတစ်ယောက်လည်း ကောင်းကောင်းသိကြသည်။ သူနှင့်လင်ချင်းဟယ်က ဆက်ဆံရေးကောင်းမွန်သည့်တိုင် လင်ချင်းဟယ် မပြောပြလိုသောကိစ္စတစ်ခုကိုမူ ဘယ်သောအခါမှ မေး၍ရနိုင်မည်မဟုတ်ချေ။

နှစ်ယောက်သား လင်အိမ်တော်သို့ ပြန်ခဲ့ကြသည်။ အနက်ရောင်ဂါဝန်ရှည် ၀တ်ထားသည့် အရပ်မြင့်မြင့် အမျိုးသမီးကြီးတစ်ဦးက အိမ်တံခါးဝတွင် ရပ်စောင့်နေသည်။ သူမတွင် ပုခုံးထိရှည်သော အနက်ရောင်ဆံနွယ်များရှိပြီး သူတို့နှစ်ဦး ကားပေါ်မှ ဆင်းလာသည်နှင့် သူမမျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်ထွန်းလာသည်။

" လော်မားမား..."

ယန်သောလဲ့က လော်ကျန်းယင်းကို ပြေးဖက်လိုက်သည်။ သူ့အသံကလည်း ချိုမြိန်နေ၏။

လော်ကျန်းယင်းက လင်ချင်းဟယ်၏မိခင်ဖြစ်ပြီး ဝမ်းဟွာမြို့မှ နာမည်ကြီးစန္ဒရားဆရာမတစ်ယောက်လည်းဖြစ်၏။ သူမက ပြုံးကာ ဦးစွာ "လဲ့လဲ့" ဟုနှုတ်ဆက်လျက် ယန်သောလဲ့ကို ပြန်ပွေ့ဖက်လိုက်သည်။ ထို့နောက်မှ သူမ၏သားကိုကြည့်ကာ မေးလိုက်သည်။

လမင်းသော်တာ လှမ်းလို့လာWhere stories live. Discover now