Episode 25 Part 1

2.1K 79 10
                                    

Episode 25

စျာန်လင်းခေတ် ခေတ် တစ်ယောက် အိမ်ကို တဖြည်းဖြည်းလေးလံတဲ့ စိတ်များနှင့် လျှောက်လာခဲ့လေသည်

အိမ်ကိုရောက်တော့ ၉နာရီ ခွဲနေပြီမို့
မိုးရေစိုနေသော အဝတ်များကို လဲဖို့လုပ်လိုက်သည်
အဖေနှင့်အမေ ကတော့ TV ကြည့်‌ေနတာကြောင့် စာကြည့်စားပွဲသို့ လာကာ ထိုင်လိုက်တော့
မိမိရှေ့က စားပွဲပေါ်က ဖုန်းပေါ်သို့ အကြည့်များရောက်သွားသည်

ထိုနောက်သတိရလိုက်မိတာက

"စိုပြေ စိုပြေ ငါ့ကိုစောင့်နေမှာပဲ"

ဖုန်းကိုဖွင့်ကြည့်လိုက်တော့ miss call ဝင်နေသော ဖုန်းများအပြင် မိမိကိုစောင့်နေကြောင်း Message တွေဝင်နေတာကြောင့်

"မဟုတ်မှလွဲရော ဒီကောင်ခုထိ မပြန်သေးတာလား"

စျာန်လင်းခေတ် ရေရွတ်ကာ အိမ်အပြင်သို့ထွက်ခဲ့လိုက်လေသည်

"ဟဲ့ သားဘယ်ထပ်သွားဦးမလို့လဲ"

မိခင်ဖြစ်သူကမေးတော့

"ဟို သားခုနက နွယ်အိမ့်မှာ စာအုပ်ကျန်ခဲ့လို့"

"အယ် နောက်ကျနေပြီကို အားနာစရာကြီးသားရယ်"

"မရလို့အမေ အရေးကြီးလို့ ပြီးတော့လေ နွယ့်ကိုပါ တခါတည်းစာမေးခဲ့မလို့ ၁၅မိနစ်လောက်ပါပဲ"

"အေအေ အကြာကြီးမနေနဲ့ဦးနော် သား "

"ဟုတ်အမေ"

စျာန်လင်းခေတ် မိမိအမေဖြစ်သူရဲ့ မျက်လုံးကိုစိုက်ကြည့်၍ မပြောနိုင်ပါ
မိမိမှာမလိမ်တတ်တာကြောင့် အလိမ်ပေါ်သွားမှာစိုးသောကြောင့် ဖြစ်သည်

****

ခြံပြင်ကိုထွက်လာသော မိမိတို့ ခြံရှေ့တွင် ရပ်ထားသော ဆိုင်ကယ်မှလူသည် မိမိလက်အား ဆွဲလာကာ

"မင်း ဘာတွေလုပ်နေတာလဲ စျာန်လင်းခေတ်!"

စျာန်လင်းခေတ် လဲ မိမိလက်အား ဆွဲလာသော သူရဲ့လက်အား ခါချလိုက်ကာ

"ကျွန် ကျွန်တော့်ကို တစ်ခုကူညီပါလား"

စျာန်လင်းခေတ် ဘက်က အလေးနက်ပြောကာ တောင်းဆိုလာသော အကူညီကြောင့် မာန်ဝင့်ထည် လဲ

ZARN [SEASON 1] (Completed)Where stories live. Discover now