Campus အတွင်းမှာနေတယ်ဆိုသော်လည်း တကယ်တမ်းက တက္ကသိုလ်အဆောင်မှာမဟုတ်ဘဲ ကိုယ်ပိုင်တိုက်ခန်းဖြစ်သည်။ အခန်းထဲကိုရောက်တဲ့အခါ ပုံမှန်တိုက်ခန်းပုံစံများကဲ့သို့ပင် ဝင်ဝင်ချင်းမှာ အိမ်လယ်ပိုင်းဖြစ်ပြီး အရှေ့ဘက်မှာ ဧည့်ခန်းဖြစ်သည်။ ဧည့်ခန်းရှိဆိုဖာခုံပေါ်မှာ ဝယ်ခြမ်းလာတဲ့အထုပ်တွေကို ဇွဲစစ်ရှိန်တင်ပြီး အပေါ်ဝတ်ကုတ်အကျီကို ချွတ်လိုက်သည်။
"အခန်းကနည်းနည်းတော့ကျဉ်းတယ် ဒါပေမယ့် ဒီမှာနေရတာ ကိုကိုပိုပြီးလွတ်လပ်မယ်ထင်တယ်"
"ရပါတယ် ငါလည်းမင်းကိုအနှောင့်ယှက်ပေးမိပြီ"
သျှားခက်လျှံက အားနာနေတာမြင်တော့ စိတ်ဘဝင်မကျဖြစ်သွားသည်။
"ကျနော့်အခန်းထဲလိုက်ကြည့်မလား?"
သူကအနားကိုတိုးကပ်သွားပြီး မျှော်လင့်တကြီးမေးလိုက်သည်။
"အင်း"
.
.
"ဒါက ဘာကောင်လဲ?"လက်မှာပတ်တီးတွေနဲ့ long coat အညိုရောင်ဝတ်ထားတဲ့ အရုပ်ကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"အကောင်မဟုတ်ပါဘူး ကိုကိုရဲ့ အဲ့ဒါ Bungo Stray Dogs ထဲက ဒဇအိအိုစာမု"
ဇွဲစစ်ရှိန်ရဲ့အခန်းဟာ စံအိမ်ကအခန်းလို ထူးထူးခြားခြားပြင်ဆင်ထားခြင်းမရှိပေ။ သို့သော်နံရံကပ်စင်တခုမှာတော့ anime figure များစွာ စီရီထားရှိသည်။ အရုပ်တခုတခုကို သိန်းချီပေးဝယ်ထားတဲ့တန်ဖိုးကြီး collection ဖြစ်ပြီး ဟန်စစ်ရှိန်တောင် ကိုင်ခွင့်မပေးခဲ့ပေ။
သျှားခက်လျှံက အရုပ်တွေကို စိတ်ဝင်တစားကြည့်နေတာမြင်တော့ သူ့ရဲ့စိတ်လှုပ်ရှားမှုကို မဖုံးမဖိနိုင်ဖြစ်လာပြီး ဇာတ်ကောင်တွေအကြောင်းကို စပြောလာသည်။
"ကိုကိုသိလား ဒဇအိနာမည်က အပြင်မှာတကယ်ရှိတဲ့ စာရေးဆရာနာမည်ကို ယူထားတာ"
သျှားခက်လျှံက ဘာမှသိပ်နားမလည်ပေမယ့် ထိုကောင်လေးရဲ့ စိတ်အားထက်မှုတို့က မျက်လုံးထဲမှာပေါ်လွင်နေတာကြောင့် နားထောင်နေလိုက်သည်။ သခင်လေးတယောက်နဲ့မတူဘဲသာမန်တက္ကသိုလ်ကျောင်းသားတယောက်ပုံစံနဲ့မြင်ရတာ နည်းနည်းတော့ အသားမကျဖြစ်နေသည်။ နောက်ပြီးတော့မှ သူက၁၉နှစ်ပဲရှိသေးတဲ့ ဆယ်ကျော်သက်အရွယ်ပဲရှိသေးတာကို ပြန်သတိရသွားသည်။
YOU ARE READING
Silent White Lies (Complete)
Romanceအချစ်ဆိုတာ လေပြေလေးလိုပဲ ဘယ်အချိန်ဘယ်နေရာကတိုးဝင်လာလိုက်မှန်းမသိရပေမယ့် ကျနော်သတိထားမိလိုက်တဲ့အခါမှာတော့ ရင်ထဲမှာ ထိုလူသားကိုချစ်တဲ့အချစ်တွေနဲ့ ပြည့်နှက်နေတယ်