Uni~~
Part-(3)
မနက်ခင်းလေးရဲ့ နေရောင်ခြည်ဖြာထွန်းမှုကြောင့် အိပ်စက်နေရာမှ မီးနိုးထလာသည်။ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ထားသလိုလေးပင် ကိုက်ခဲနေသလိုခံစားရသည်။ အပေါ့သွားချင်လို့ လှဲနေရာမှအနိုင်နိုင်ထလာပြီး ကိုယ်ကိုစောင်နဲ့ပက်လိုက်ပြီကုတင်ပေါ်ဆင်းလိုက်ကာမှ ဆီးခုံလေးက စူးခနဲ ကျစ်တက်လာကာ အောင့်သက်သက်
ဝေဒနာကို ခံစားလိုက်ရပြီး လူကလည်းယိုင်နဲနဲဖြစ်သွားတာကြောင့် လှဲမကျသွားအောင် တွေ့ရာ အရာလေးနဲ့ ဆွဲဖမ်းလိုက်သည်။"ခွမ်း!!.."
"အာ့!..."
စားပွဲပေါ်မှ ပန်းအိုးလေးနဲ့ခတ်မိသွားတာကြောင့်
တံတောင်ဆစ်လည်း ကျစ်ခနဲဆိုသလို နာကျင်သွားရသည်။
လူကလည်းအရမ်းမောပန်းနေပြီး လမ်းလျှောက်ရတာ ဘယ်လိုမှအဆင်မပြေပါ။ကတုန်ကယင်နဲ့ လျှောက်ရပြီး ရင်ဘက်ပေါ်မှစောင်လေးကို ကိုယ်နဲ့ပတ်လိုက်ပြီး သူစိမ်းသက်သက်သာရှိတဲ့ အခန်းကြီးကToitleရှိတဲ့အခန်းကဘယ်အခန်းလဲဆိုတာ
မီးရှာနေမိသည်။ လူကလည်းချွေးစောပြန်လာပြီ
အသက်ရှူရတာလဲ မဝချင်တော့။"ပါးပါးနဲ့မားမားရေ မီးကိုကယ်ပါ ဟင့်.."
အရင်ဆုံးတမ်းတလိုက်မိတာက ပါးပါးနဲ့မားမားသာ။
အခုချိန်မှာပါးပါးတို့ရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲ
အခုတော့ ထိုလူက ဘယ်သူဘယ်ဝါလဲမသိပဲနဲ့ မီးကို သိမ်းပိုက်လိုက်သည်။ညကအဖြစ်စဥ်းစားလိုက်တာနဲ့အရမ်းကိုထိလန့်ဖွယ်ဖြစ်နေရသည်။
မီးနိုးလာတော့ ထိုလူကို မတွေ့ရတာကံကောင်းတယ်လို့ပြောရမည်။
အခုမီးလွှတ်အောင်ပြေးရမည်။ဘယ်မှာထွက်ရမလဲ။မျက်စိလည်း
ပြာဝေလာသဖြင့် လူကဘယ်လိုမှမပြေးနိုင်။အသိစိတ်လွှတ်ချင်နေတာကြောင့် စိတ်ကိုအနိုင်နိုင်ပြန်စုစည်းပေမဲ့
ဘယ်လိုမှ မနိုင်တော့.. ပါးပါးရေမားမားရေ မီးသေရတော့မှာလားစိတ်ကိုလုံးလုံးချလိုက်ပြီး အမှောင်ထုထဲသို့မီးတိုးဝှေ့လှဲကျသွားရ၏။
"ဟေ့ ကလေးမ ကလေးမ..."
သူအခန်းထဲရောက်ရောက်ချင်း လှဲကျသွားတော့မဲ့သူမဆီကို
အရှိန်နဲ့ပြေးလိုက်ရင်း ပွေ့ဖက်ထားမိလိုက်သည်။သူမက သူ့ရင်ခွင်ထဲမှာ ပျော့ခွင်ကျသွားပြီး သတိလစ်သွားသည်။
ပါးလေးကိုကိုင်ပြီး သူခေါ်နိုးမိ၏။
ဒါမဲ့သူမရဲ့ခန္ဓာကိုယ်ကပူကျစ်နေတာကြောင့် သူထိလန့်သွားမိတာအမှန်ပါ။
"ဟင်! ဘာလို့ဒီလောက်တောင်ပူနေရတာလဲ.."
နဖူးလေးကိုစမ်းပြီး သူစိုးရိမ်စွာနဲ့ဆိုနေမိသည်။
"သူဌေး ဘာဖြစ်တာလဲ ..."
"ကားအဆင်သင့်ပြင်ထား..."
"ဟုတ်ကဲ့ သူဌေး.."
မင်းရတုထွက်သွားတော့ ယံသော်ဇင်က
ကျန်ခဲ့ရမှာလား ရတုနောက်လိုက်သွားရမှာလား
တယောက်ထဲ ပြာယာခတ်နေသည်။'ရှုပ်ပါတယ်
ရတုနောက်ပဲ လိုက်မယ်' ဟုတွေးကာ ရတုနောက်သို့
အပြေးလေးနဲ့ ပြေးလိုက်မိသည်။ရင်ခွင်ထဲမှ သူမကိုငုံ့ကြည့်လိုက်ပြီ မျက်မှောက်ကြုတ်ထားမိသည်။
သူမကို ဒီလိုခေါ်သွားလို့ ဘယ်ဖြစ်ပါ့မလဲ ကုတင်အောက်မှ ကျသွားတဲ့ သူမရဲ့ဝတ်စုံလေးကိုတစ်ချက်ကြည့်ပြီး သူမကို ပွေ့ချီကာ ကုတင်ပေါ်တင်လိုက်သည်။အဝတ်အစားလေးကို ကောက်ယူပြီး သူမဆီသို့ ပြန်လျှောက်လာသည်။သူလက်ချက်ကြောင့်နဲ့သူမအဝတ်အစားက
ရမရာမရှိအောင် စုတ်ပြဲသွားသည်။ဒီလိုသွားရင် ဘယ်ဖြစ်မလဲ သူရှပ်အင်္ကျီလက်ရှည်တစ်ထည်နဲ့ပေးဝတ်ဖို့ တွေ့လိုက်သည်။
'ငါပေးဝတ်ရင် ကောင်းပါ့မလား သူမရဲ့အလှတရားတွေ
ငါ့မြင်သွားမှာပေါ့ ဟင်! မဟုတ်သေးပါဘူး ညတုန်းက
အတူတောင်အိပ်ခဲ့ပြီးပဲ ငါဘာတွေ တွေဝေနေသေးတာလဲ.."စောင်စလေးကိုဖယ်ရှားဖို့ လက်ပြင်ပြီးတစ်စွန်းတစ်စပေါ်နေတဲ့
သူမရဲ့ဝင်းမွန်းနေတဲ့ရင်နှစ်မွှားလေးကြောင့် သူတံထွေးတစ်ချက်မြိုချလိုက်မိသည်။မလှုပ်မယက်နဲ့သတိလစ်နေတဲ့သူမကိုငုံ့ကြည့်လိုက်မိသည်။
မင်းဘယ်လိုကံတရားကြောင့်နဲ့ ငါ့ဘဝထဲဝင်လာမိတာလဲ
သေချာတာကတော့ ငါ့ဆီမှာမင်းတစ်ခုခုရလိမ့်မယ်ကလေးမအပြစ်ဆိုရက်စရာမရှိအောင် လှပတဲ့မျက်နှာလေးကို သတိလက်လွှတ်နဲ့ ကြည့်နေရင်းမှ အသိဝင်ကာ သူမကို
အဝတ်အစားဝတ်ပေးလိုက်သည်။ထို့နောက်သူမကို ပွေ့ဖက်ချီထားလိုက်ပြီးအခန်းထဲမှ ထွက်လာခဲ့သည်။ငါပေးမဲ့အရာကို မင်းယူကိုယူရလိမ့်မယ်
မင်းမှာငြင်းပိုင်ခွင့်မရှိဘူး ကလေးမ