Part - 23

3.7K 172 3
                                    

Unicode

ရှောင်းကျန့် ပြန်လာတော့ အိမ်တော်ကြီးက မှောင်ပြီး တိတ်ဆိတ်နေပြီဖြစ်သည် ။ လက်ကနာရီကို တစ်ချက်ကြည့်လိုက်သည် ။ ညဆယ့်တစ်နာရီပဲရှိသေးသည်မို့ စိတ်အေးသွားရသည် ။ ရိဟွား ပြောတာတော့ ဒီနေ့ ‌ဝမ်ရိပေါ်က အရေးကြီးကိစ္စရှိလို့ ညဉ့်နက်လောက်မှ ပြန်ရောက်လိမ့်မယ်တဲ့ ။ အဲ့‌ဒါကြောင့်လည်း သူ ခိုးထွက်ရဲတာလေ ။

အပေါ်ထပ်တက်မယ်အလုပ် မြို့စားဝမ်ရဲ့ရုံးခန်းက ပွင့်နေလျက္မို့ ထိတ်လန့်သွားရသည် ။ သူခိုးများ ဝင်တာလားမသိ ။ ဒါမှမဟုတ် မြို့စားဝမ် ပြန်ရောက်နေတာများလားမသိ ။

" ကျဲရိဟွားက မလိမ်လောက်ပါဘူး "

ခေါင်းကို တစ်ချက်ထုလိုက်ကာ အပေါ်ထပ်တက်ရန် ပြင်လိုက်ပေမယ့် ရုံးခန်းကိုပဲ သွားချင်စိတ်က ကြီးစိုးလာတာမို့ ရုံးခန်းဘက်ကို ဦးတည်လိုက်သည်။

" ဝမ်ရိပေါ် ပြန်ရောက်နေတာလား ... "

အသံတိုးတိုးလေးနဲ့ ခေါ်ကြည့်လိုက်ပေမယ့် ဘာမှပြန်မကြားရတာကြောင့် ရှောင်းကျန့်လည်း သူအထင်မှားတာဟု တွေးယူလိုက်ကာ ပြန်ထွက်မယ်အလုပ် ပြတင်းပေါက်နားမှာ မီးစသေးသေးလေး မြင်လိုက်ရတာမို့ ရှောင်းကျန့်လည်း အဲ့အနား တိုးကပ်သွားကြည့်လိုက်ည် ။

အမှောင်ထဲကနေ လက်ဆွဲခံလိုက်ရကာ ပြတင်းပေါက်အနားကို အားနဲ့ကပ်လိုက်သည်မို့ ရှောင်းကျန့်လည်း နာလည်းနာ ရင်လည်းတုန်သွားမိသည် ။ စီးကရက်အနံအပြင် အရက်အနံကြီးပါ ရနေတာမို့ နှာခေါင်းကို ပိတ်လိုက်သည် ။

" အဟက် "

ခပ်သဲ့သဲ့ရယ်သံက သေချာပေါက်ဝမ်ရိပေါ်ပင် .... ။

" မင်း..!! "

" လန့်သွားလား .... "

" အရက်တွေ သောက်ထားတာလား ... "

" အင်း .... "

သိပ်မကြာပေ ။ မီးက လင်းလာသည် ။ မြို့စားဝမ်ရဲ့ပုံစံက ဆံပင်တွေက နည်းနည်းဖွာနေပြီး မျက်နှာကလည်း မဲနေသလို့ပင် ။ ရှောင်းကျန့်လည်း ဘာမှပြောစရာမရှိတာကြောင့် အခန်းထဲက ထွက်သွားရန်သာပြင်လိုက်သည် ။ တံခါးအနားရောက်တော့ သော့ခတ်ထားတာကြောင့် ဝမ်ရိပေါ်ကို ကြည့်လိုက်မိသည် ။

You'll also like

          

" မင်း ... ပြောစရာရှိလို့လား .... "

" မရှိပါဘူး "

" ......... "

ဝမ်ရိပေါ်လေသံက မာနေသလို့ ခံစားရတာကြောင့် ရှောင်းကျန့်လည်း ဒီနေရာကနေ ပြေးထွက်လာချင်သည် ။ ဝမ်ရိပေါ်က သူနဲ့စတွေ့တုန်းကလို့ ပုံစံကြီးမို့
စိတ်ထဲ တစ်မျိုးတော့ဖြစ်မိသည် ။

" မိုးတွေရွာတော့မယ်ထင်တယ် ကလေးတွေ .... "

" သူတို့က အစ်မဝမ်ရိဟွားနဲ့ပါသွားတယ် .... "

" အာ ...... "

ရှောင်းကျန့်လည်း ဘာဆက်ပြောရမလဲမသိတော့ ။ ကျဲရိဟွားကလည်း ကလေးတွေကို ဘာလို့ခေါ်သွားလည်းမသိ ။

" ခင်ဗျားက ဘယ်သွားတာလဲ ..... "

ဝမ်ရိပေါ်က စီးကရက်သောက်နေရင်း သူကို ကြည့်ကာ မေးလာသည် ။ ရှောင်းကျန့်လည်း မျက်နှာလွဲကာ

" ဆိုင်ကို .... "

" လိမ်တယ် ....! "

" ......... "

" ဘယ်သွားတာလဲ "

သူနားကို လက်ပိုက်ကာ တစ်လှမ်းချင်းလျှောက်လာပြီး သူကို စူးစိုက်ကြည့်လာတဲ့သူကို ရှောင်းကျန့်လည်း မျက်နှာလွဲလိုက်ကာ

" ပါတီပွဲတစ်ခုကို သွားတာ ..... "

" အော် ...... "

ရှောင်းကျန့်က ဆက်မလိမ်တာမို့ ဝမ်ရိပေါ်လည်း နည်းနည်းတော့ စိတ်သက်သာရမိသွားသည် ။

" ဘယ်သူနဲ့သွားတွေ့တာ ...? "

" ရှောင်းသခင်ကြီးနဲ့ ..... "

လိမ်ညာခြင်းမရှိ ရှောင်းကျန့်က အမှန်အတိုင်းပြောတာမို့ ဝမ်ရိပေါ်လည်း ဘာဆက်ပြောရမလဲတောင်မသိတော့ ။

" အဟမ်း ဘာတွေပြောခဲ့တာလဲ .... "

" သူကို ဆေးကုပေးပြီး လွှတ်ပေးဖို့ ... "

" ကျွန်တော် သူကို ဖမ်းပြီးသတ်မှာ ခင်ဗျားက မကြောက်တာလား .... "

" ဘယ်လိုထင်လို့လဲ .... "

ကြောက်လန့်ခြင်းမရှိ ရှောင်းကျန့်က မျက်ခုံးတစ်ချက်ပါ‌ပင့်ပြနေသေး ။ ဝမ်ရိပေါ်လည်း ကြက်သေသေမိသွားသည် ။

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now