အခန်း(၁၉)

5.3K 239 4
                                    

နေ့လည်ကဟိုကောင်လေးကိုလက်ဆွဲနှုတ်ဆက်လို့ပြောပြီးတဲ့အချိန်မှစလို့အခု
အမေတို့ကိုကန်တော့နေတဲ့အချိန်ထိမိမိအားဘာစကားမှမပြောဘဲခပ်တည်တည်သာလုပ်နေသည့်လင်းညို့ကိုသူ့ထက်သာနားမလည်နိုင်ပါသူဘဲစိတ်ဆိုးနေတယ်အသက်ကကြီးနေပြီစိတ်ဆိုးစိတ်ကောက်လာလုပ်နေတယ်
သူစိတ်ကြီးဘဲဒေါသကထွက်လာပြီ

"သူ့ထက်သာ ငါပြောတာကြားလားမောင်လင်းညို့ကိုဘဲကြည့်မနေနဲ့အိမ်ရောက်မှအဝကြည့်ဘယ်နှယ့်မမြင်ဘူးတဲ့အတိုင်းဘဲ"

"မဟုတ်ပါဘူး အမေကလည်းသားကအမေကိုမခွဲနိုင်ပါဘူးသူ့မျက်နှာမှာပေနေလို့ကြည့်တာ"

"အေးပါ ပေတယ်ဆိုတော့လည်းပေတယ်ပေါ့
အမေပြောမယ်နော်ကိုယ်ကအိမ်ထောင်သည်ဖြစ်သွားပြီဆိုတော့အရင်လိုကလေးလိုနေလို့မရတော့ဘူးထမင်းချက်ရမယ် အဝတ်လျှော်ရမယ်မောင်လင်းညို့ကသားထက်အသက်အများကြီး ကြီးတယ်နော်ရိုသေရမယ်သူပြောတာကိုလည်းနားထောင်ရမယ် ပြီးတော့ကိုထွန်းကြည်ကတရားစခန်းဝင်မှာဆိုတော့အိမ်မှာကသားတိုနှစ်ယောက်ထဲတစ်ခုခုအဆင်မပြေရင်အမေရှိလာခဲ့ သူ့ထက်သာနောက်နေ့ကြရင်အမေဆီမှာထမင်းဟင်းချက်ဖို့လာသင်ကြားလား"

"သားကမိန်းကလေးမှမဟုတ်တာဘာလို့ဟင်းချက်ရမှာလည်းအမေကလည်းပြီးတော့မချက်တတ်ဘူးသင်လည်းမသင်ချင်ဘူးပျင်းစရာကြီး"

"ထားပါမစိန်ကြည်ရယ်လင်းညို့ကချက်တတ်ပါတယ်
သားသူ့ထက်သာကငယ်သေးတော့ဒါတွေဘယ်လုပ်ချင်မလည်း"

"မရပါဘူးသူ့ထက်သာနောက်နေ့ငါဆီလာသင်ရမယ်"

"မောင်လင်းညို့သားလေးကိုအပ်တယ်နော်
ဉီးလေးတိုသားကငယ်သေးတော့စကားပြောတာတွေမှားရင်ကြိုပြီးတောင်ပန်ထားချင်တယ် သားငယ်ကစိတ်ရင်းကောင်းပါတယ်"

"ဟုတ်ကဲ့ပါ ကျွန်တော်ကကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးပါမယ်"

"ကျေးဇူးပါကွယ် ဒေါ်လေးလည်း
မောင်လင်းညို့နဲ့ဆိုစိတ်ချပါတယ် သားတိုသွားကြတော့လေသူ့ထက်သာအကျီင်တွေသွားယူလေ
ထည့်စရာရှိတာတွေထည့်သွား"

သူကြီးကတော် မြို့ကြီးသားWaar verhalen tot leven komen. Ontdek het nu