စာစဉ်(၄၁) အပိုင်း(၈)

167 8 0
                                    

[စာစဉ်(၄၁)အပိုင်း(၈)]အခန်း(၄၅၇-ခ)ဟောင်ကောင်မှာလီမိသားစုဆိုတာ ထပ်ပြီးမရှိစေရတော့ဘူး(၂)

"ကျန်းဟန်ယန်က တကယ်ကြီး လီမိသားစုကို သုတ်သင်ချင်နေတာပဲ"

"အိုး.. ဘုရားရေ လီမိသားစု ပျက်စီးသွားတာနဲ့ ဟောင်ကောင်မှာ ငလျင်လှုပ်သွားနိုင်တယ်"

"ဒါကြီးက သောက်ရမ်းကြောက်ဖို့ကောင်းလွန်းတယ်"

"..."

တောင်စောင်းပေါ်ရှိ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်နေ၏။

ကျန်းဟန်၏နောက် မလှမ်းမကမ်းရှိ လဲ့ထျ်နးနန်မှာ အံ့အားသင့်သွားသည်။

"လီမိသားစုရဲ့ပျက်စီးမှုက ကြီးကြီးမားမားသက်ရောက်မှုရှိသွားမှာလား"

လဲ့ထျန်းနန်သည် ကျန်းဟန်ဆီကို လျှောက်သွားပြီး တစ်ခုခုလှမ်းပြောချင်ခဲ့သည်။ ထိုနောက် ကျန်းဟန်၏ တည်ငြိမ်သည့်အမူအရာကို မြင်လိုက်ရသည့်အတွက် သူ လက်လျှော့လိုက်၏။

ကျန်းဟန်သည် "အကြင်နာမဲ့တဲ့ကျန်း" ဟူသည့် အမည်ပြောင်ကို အဘယ်ကြောင့် ရရှိခဲ့သည်အား နောက်ဆုံးတော့ သူ သိရှိသွားခဲ့သည်။

အကြောင်းအရင်းမှာ သူ စိတ်ပိုင်းဖြတ်လိုက်ပြီဆိုသည်နှင့် ၎င်းက လုံးဝ ကြောက်စရာကောင်းသွားပေပြီ။

ရုတ်တရက်...

"တော်လောက်ပါပြီ" အဘိုးအိုတစ်ဦး၏အသံက အဝေးမှ ထွက်ပေါ်လာသည်။

လူတိုင်း လှည့်ပတ်ကြည့်လိုက်ကြရာ အနက်ရောင် ပုံရိပ်တစ်ခုက လီမိသားစုအိမ်တော်ဝန်းသို့ လျင်မြန်စွာ သွားနေသည်အား တွေ့လိုက်ရသည်။ သူသည် သစ်ပင်တစ်ပင်၏ထိပ်ဖျားတွင် ရပ်တန့်လိုက်ပြီး ညာလက်ကို ဆန့်ထုတ်သည်။ ထိုနောက် လက်ဖဝါးအရွယ် ကြယ်ပုံစံတောင်ဝှေးတစ်ချောင်းက အိမ်တော်ဝန်းဆီသို့ ဖြည်းညှင်းစွာ ပျံသန်းသွားသည်။

တောင်ဝှေးက အလင်းနံရံကို ထိသွားသည့်အချိန်တွင် အလင်းနံရံရှိ စွမ်းအင်များကို ၎င်းက စတင်စုပ်ယူသည်။

ကျန်းဟန်က သူ့အား လှမ်းကြည့်လိုက်၏။

ထိုနောက် ကျန်းဟန်သည် သူ၏ညာလက်ကို မြှောက်ကာ ရှေ့သို့ ပုတ်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၄၁) မှ (၅၀) အထိWhere stories live. Discover now