အခြေအနေအရကွာရှင်းကြမယ်(ရိုစီနာ)

538 30 0
                                    

Chapter 46

“ခင်ဗျားက တစ်ကယ်ပဲ အိမ်ရှေ့စံလား...”

“…..”

ရာဟန် သည် နှုတ်ဆိတ်နေခဲ့ပြီး ငြင်းလည်း မငြင်းသလို အတည်ပြုခြင်းလည်း မရှိပေ။ ထိုအခါ ထိုလူက ရာဟန် သည် အိမ်ရှေ့စံမင်းသားဖြစ်ကြောင်း စိတ်ချလက်ချဖြစ်သွားပြီး သတ္တိရှိရှိ အော်လိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့ရွာကိုကယ်ပါ ...အရှင့်သား..."

"...ရွာ"

ရာဟန် က မျက်မှောင်ကြုတ်ကာ မေးလိုက်ရာ ထိုလူသည် အထပ်ထပ် ခေါင်းညိတ်ပြပြီး မြေပြင်ပေါ် ဝပ်တွားသွားသည်။

“နတ်ဆိုးတွေက ကျွန်တော်တို့ရွာကို တိုက်ခိုက်နေကြတယ်... ကျွန်တော်တို့ ပြန်တိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မယှဉ်နိုင်ခဲ့ပါဘူး..."

ထိုလူက အလျင်စလိုပြောသောအခါ၊ ရာဟန်  အတွေးပေါက်သွားရသည်။ နတ်ဆိုးများသည် ယေဘူယျအားဖြင့် သစ်တောများနှင့် မြစ်များကဲ့သို့ လူဦးရေကျဲပါးသော နေရာများတွင် ပုန်းကွယ်နေတတ်သည်။လွန်ခဲ့သော နှစ်အနည်းငယ်က ရွာများကို ရံဖန်ရံခါ တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ထရိအက်  သူရဲကောင်းများ သုတ်သင်ပြီးနောက် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည်။ အထူးသဖြင့်၊ ဤဒေသတွင် မကောင်းဆိုးဝါးများရှိနေကြောင်း တစ်ခါမျှ သတင်းမရခဲ့ပေ။ ထူးဆန်းသည်က မကောင်းဆိုးဝါးတွေ ပေါ်လာလျှင် ဘုရင်မင်းမြတ်ကိုယ်တိုင် သူတို့ကို လာပြောရမည်ဖြစ်ပေသည်။

"ရွာသူကြီးကကော ဘယ်မှာလဲ..."

ထိုလူက စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောပြီး မြေပြင်ကို လက်နှင့် ကုတ်လိုက်၏။

“သူကြီးက…ရွာကို စွန့်သွားပြီ...”

ရာဟန် တိတ်ဆိတ်သွားရသည်။ ရွာငယ်လေးတစ်ရွာကို မကောင်းဆိုးဝါးတစ်ကောင် ၏ တိုက်ခိုက်ခံရသည့်အခါ သူကြီးက မသိဟန်ဆောင်ခဲ့ခြင်းပင်။

“ခေါင်းဆောင်....ဒီကောင် လုံးဝသေသွားပါပြီ...”

ရာဟန် သည် ခရေယယ် ၏ အစီရင်ခံစကားကို တုံ့ပြန်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်တစ်ခုချရန် စဉ်းစားနေသည်။

အခြေအနေအရကွာရှင်းကြမယ်(ရိုစီနာ)Where stories live. Discover now