အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

320 12 0
                                    

I raised him.96

ဆံပင်များ လွင့်ထွက်သွားလောက်အောင် အပူရှိန်က ပြင်းထန်လှသည်။ အပူသည် သူမ လက်ဖဝါးကို သံလိုက်ကဲ့သို့ တွယ်ကပ်ကာ အတွင်းထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။

“ဟင်…”

အံ့သြသွားပြီး ဆာစီးနီယာ သည် သူမ လက်မှ အကြောကို လျှော့ချလိုက်သည်။ သူမ နားမလည်နိုင်ဘဲ လက်ဖဝါးကိုသာ ငုံ့ကြည့်မိတော့သည်။ အပူအားလုံးကို စုပ်ယူလိုက်သော လက်ဖဝါးသည် ပုံမှန်ထက် အနည်းငယ် ပိုပူသော်လည်း နာလည်းမနာသလို ဒဏ်ရာလည်း မရှိပေ။ သို့သော် စုပ်ယူလိုက်သော အပူသည် နှလုံးသားထဲတွင် နစ်ဝင်နေသကဲ့သို့ ပုံမှန်ထက် ပိုပူလာရသည်။

"ဒါဘာလဲ…"

'ခုနက ဘာဖြစ်သွားတာလဲ'

မီးသည် အပူအဖြစ်သို့ပြောင်းသွားပြီး သူမ ကိုယ်ထဲသို့ စိမ့်ဝင်သွားခြင်းပင်။ ဆာစီးနီယာ သည် တုန်ရီနေသော လက်နှစ်ဖက်ကို မီးတောက်ရှေ့ကို ဆန့်တန်းလိုက်သည်။

တစ်ဖန် လေပြင်းသံနှင့်အတူ မီးတောက်သည် လေဆင်နှာမောင်းကဲ့သို့ ပတ်ချာလည်ကာ သူမလက်ထဲသို့ စိမ့်ဝင်သွားပြန်သည်။

'ငါ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူးပဲ'

ထို့နောက် သူမသည် ဖြည်းဖြည်းချင်း လက်သီးဆုပ် လိုက်သောအခါ မီးလေဆင်နှာမောင်းသည် လေထဲတွင် ပြန့်သွားပြီး ပျောက်ကွယ်သွားသည်။ သူမ လက်ဖဝါးထဲသို့ စုပ်ယူလိုက်သော မီးသည် ပူသော်လည်း ဘာမှဖြစ်မလာပေ။

"အဲ့ဒါဖြစ်နိုင်လား"

ဆာစီးနီယာ သည် လက်ကို လှည့်ပတ်ကြည့်ရှုပြီး အသားကို စမ်းကြည့်ရာ၊ မီးလောင်ဒဏ်ရာလည်း မရှိပေ။အစက သူမသည် မိမိခန္ဓာကိုယ်က အပူကို စုပ်ယူနိုင်ပြီး ထုတ်လွှတ်နိုင်မှန်း သိထားသည်။ သို့သော် လောင်ကျွမ်းနေသော မီးတောက်များကို အပူအဖြစ် ပြောင်းလဲကာ စုပ်ယူနိုင်မှန်း ယမှ  ပထမဦးဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်သည်။

"ဒါပေမယ့် ငါသိတာ ဘာလို့အဲ့လောက်တောင် နောက်ကျနေရတာလဲ..."

ပြဿနာက သူမသည် ဤခံစားချက်ကို ရင်းနှီးနေခြင်းဖြစ်သည်။ သူမသည် မီးတောက်ကို တစ်ခါမှ မစုပ်ယူဖူးသော်လည်း ယခင်က ပြုလုပ်ခဲ့ဖူးသလို  သူမ ပုံစံက ကျွမ်းကျင်လှသည်။ မူလ ဆာစီးနီယာ သည် အမြဲတမ်း မီးနှင့် အပူကိုသာ ထုတ်လွှတ်တတ်သူ ဖြစ်တာကြောင့် ယခုလို စုပ်ယူလို့ရမှန်း သူမ မသိခဲ့ရခြင်းပင်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now