22
At Jeon အိမ်တော်(ဘယ်ထဲကလဲသိတယ်ဟုတ်)
ကုတင်ခေါင်းရင်းကျောမှီကာခြေနှစ်ဖက်စင်းထား၍ လက်ထဲမှ Tabletအားအလိုမကျစွာဆူထော်ကြည့်နေပြီး
"ဟင်းးးးးတော်တော်လေးကိုရှုပ်ထွေးတဲ့အမှုပဲ တော်သေးတယ် ကျနော်ယူထားတဲ့ယောကျာ်းကအဲ့လိုမရှုပ်လို့"
ခေတ်စားနေသည်ဟုပြောရမည်ဖြစ်သော J Entertainment ၏အရှုပ်တော်ပုံအမှုအကြောင်းက်ိုစကားဖောက်၍ကုတင်ခြေရင်းတွင်ဘီဒိုထဲအားအဝတ်များစီထည့်နေသည့် ကျောပြင်ကြီးအားကြည့်၍ပြောလိုက်သော်လည်းမည်သည့်တုန့်ပြန်သံမျှမကြားရတော့ လူဆိုးလေးက နှုတ်ခမ်းဆူချေပြီ။
"ကိုကို!! အဲ့အဝတ်တွေထားခဲ့ပြီးကုတင်ပေါ်လာလိုက်တော့!!"
လူဆိုးလေး၏တစ်ချက်လွှတ်အမိန့်ကြောင့် Jeonမှာ အဝတ်များအားအလျင်စလိုထည့်ကာ ကုတင်ပေါ်သို့ရောက်လာပြီး အရွယ်နှင့်မလိုက်အောင်ဂျီကြနေသော လူဆိုးလေးအားပွေ့ဖက်လိုက်၍
"မနက်ဖြန်ကုမ္ပဏီသွားရမှာကိုမအိပ်ပဲနဲ့....ကလေးလေးက ဘာတွေဂျီကြချင်နေတာလဲ"
လူဆိုးလေးက Jeonအား စူးစိုက်ကြည့်ကာ Tabletကိုပိတ်၍ Jeonအားကျောခိုင်းကာလှဲချလိုက်ပြီး
"ကိုကိုက ကျနော့်ကို အချစ်ပေါ့နေပြီ"
Jeonက ခပ်သော့သော့ရီကာ ဆူပုပ်ကောက်ချိတ်လေးအားအနောက်မှသိမ်းကြုံးဖက်လိုက်၍အရွယ်တစ်ခုရောက်နေပြီဖြစ်သော်လည်း အရွယ်တင်နေသေးသောပါးပြင်နုနုလေးအားနမ်းရှိုက်လ်ိုက်ပြီး
"ကလေးလေးပြောတာကိုနားမထောင်တာမဟုတ်ပါဘူးကွာ......မိထွေးချင်းတူပင်မယ့် မေတ္တာချင်းမတူတာကိုစဥ်းစားမိသွားလို့ပါ......အဲ့ဒီCEOရဲ့ အမေနဲ့ ကိုယ့်ရဲ့မေမေကို ယှဥ်မိသွားလို့ပါကွ......"
အဆုံးသတ်အသံတွင်တိုးညင်းသွားသောကြောင့်လူဆိုးလေးကာလှည့်ကြည့်ကာ
"ကိုက်ို.....မေမေ့ကိုသတိရသွားတာလားဟင်"
Jeon က ဘာမှပြန်မပြောပဲ လူဆိုးလေး၏နှဖူးလေးကိုသာနမ်းရှိုက်လိုက်ကာ ကျောပြင်ငယ်လေးအားမျက်နှာအပ်ထားပြီး ခါးသိမ်သိမ်လေးအားတင်းကျပ်စွာပွေ့ဖက်ထား၏။ လူဆိုးလေးသည်လည်းမည်သည့်စကားမျှမဆိုတော့ပဲသူ၏ခါးပေါ်ရှိ နွေးထွေးသောလက်တစ်စုံကိုသာပွတ်သပ်၍ချော့မြူနေသည်။