Eyes

766 49 2
                                    

{Nunew _ How you feel(Recommed song)}

ကျားရွေ့အတွက်တော့ကိုကို့မျက်ဝန်းတွေကကောင်းကင်ကကြယ်လေးတွေလိုဘဲ။ကျားရွေ့ငယ်ငယ်တုန်းက ကိုကို့မျက်ဝန်းတွေကိုမြင်ရင်ထရယ်ရောတဲ့။မှတ်တော့မမှတ်မိတော့ပါဘူး။ကိုကို့ရဲ့အညိုရောင်မျက်ဝန်းတွေကိုကျားရွေ့စပြီးမှတ်မိတဲ့အချိန်ကသူ့အသက်၇နှစ်အရွယ်တုန်းကဘဲ။လိုချင်တာမရလို့ဆူပုတ်နေတဲ့ကျားရွေ့ကို ကိုကိုကကျားရွေ့လိုချင်နေတဲ့အရုပ်လေးပေးရင်းအတောက်ပဆုံးလည်းပြုံးပြနေသေးတာ။ဆယ့်တစ်နှစ်အရွယ်ကလေးတစ်ယောက်ကစျေးကြီးတဲ့အဲ့အရုပ်ကိုဘယ်လိုဝယ်လာလဲလို့လည်းကျားရွေ့ဟာကလေးပီပီတွေးမကြည့်မိပြန်ဘူး။ဒီတိုင်းမှိန်ဖျော့ဖျော့ညအလင်းရောင်အောက်မှာတောင်တောက်ပနေတဲ့ကိုကို့မျက်ဝန်းတွေကိုငေးကြည့်နေချင်တာမလို့လေ။

''ကျားရွေ့ မအိပ်သေးဘူးလား''

ဖုန်းထဲကိုရောက်လာတဲ့မက်ဆေ့ကြောင့်ကျားရွေ့ရဲ့မျက်နှာချင်းဆိုင်ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်သည်။အိမ်ချင်းကဘေးကပ်ရပ်မို့ကိုကို့အခန်းနဲ့ကျားရွေ့ရဲ့အခန်းကမျက်နှာချင်းဆိုင်ဖြစ်နေပြန်သည်။အဝေးကနေတောင်မြင်နေရတဲ့ကိုကို့ရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတန်းလေးနှစ်ခုကြောင့်ကျားရွေ့အကြည့်လွှဲကာချက်ချင်းစာပြန်ဖို့ပြင်လိုက်သည်။ကိုကိုရဲ့ဒေါ်သကဘယ်အချိန်ပေါက်ကွဲမလဲမသိဘူးလေ။

''အိပ်တော့မှာပါ ရုံးကအလုပ်လေးနည်းနည်းပါလာလို့!''

''အိပ်တော့''

''ဟုတ်~''

ကျားရွေ့'ဟုတ်'လို့ပြောလိုက်ပေမဲ့ ကိုကို့အခန်းလိုက်ကာလေးပိတ်သွားတဲ့ထိကိုကို့ကိုလှမ်းကြည့်နေမိတုန်း။အရင်ဆိုကိုကိုကကျားရွေ့အိပ်ပျော်သွားမှသူ့အိမ်သူပြန်တတ်တဲ့လူမျိုး။အခုတော့ဆရာဝန်အလုပ်ကတစ်ဖက် ၊ ရည်းစားကတစ်ဖက်နဲ့ဆိုတော့ ကျားရွေ့ကိုအရင်လိုတောင်ဂရုစိုက်ဖို့အချိန်သိပ်မပိုတော့။အရင်လို ကိုကို့ရဲ့အညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ဖို့တောင်ကိုကိုက ကျားရွေ့ကိုအချိန်မပေးတော့။

ကိုကို့ရဲ့အညိုရောင်တောက်တောက်မျက်ဝန်းတွေကိုကျားရွေ့အသက်၁၉နှစ်ပြည့်တဲ့အချိန်မှာငေးကြည့်ခွင့်မရှိတော့တာဘဲ။ကျားရွေ့အသက်၁၉နှစ်ပြည့်တဲ့နေ့မှာကိုကိုက 'ရှင်းမန်'ဆိုတဲ့အမျိုးသမီးနဲ့စတွဲတော့တာဘဲ။ကျားရွေ့ထိုအမျိုးသမီးကိုကောင်းကောင်းမှတ်မိသည်။ဘာလို့ဆို ထိုအမျိုးသမီးက ကိုကို့ရဲ့အချစ်ဦးမလို့လေ။ကိုကို့ကိုကျားရွေ့မေးခဲ့ဖူးသည်။ထိုအမျိုးသမီးဟာကိုကိုရဲ့အချစ်ဦးလားလို့လေ။ကိုကိုဘာမှပြန်မဖြေခဲ့ဘူး။ကျားရွေ့ကိုသာစိုက်ကြည့်နေခဲ့တာ။ဒါပေမဲ့တိတ်ဆိတ်နေခြင်းဟာဝန်ခံခြင်းဘဲမလား။

Eyes,Arts,Scent,Rain & YOUWhere stories live. Discover now