Part 31

14.9K 500 6
                                    

     အပိုင်း - ၃၁

     ရိုင်းက Sky Hospital ၏ ကားပါကင်တွင် ကားလေးကို ရပ်လိုက်ပြီး မိုးစက်ခကို ကြည့်သည်။ ထို့နောက် လက်ကို ခပ်ဖွဖွဆုပ်ကိုင်ပြီး တစ်ချက်နမ်းသည်။ ကားပေါ်မှ ဆင်းပြီး ဓာတ်လှေကားထဲတွင်လည်း ဘာစကားမှ ရိုင်းက မပြော။ မိုးစက်ခ၏ လက်တို့ကိုတော့ ယှက်ပြီး ဆုပ်ကိုင်ထားလေသည်။ ရိုင်း၏ လက်တို့က ခခအတွက် နွေးထွေးလှသည်။

     ဓာတ်လှေကားထဲမှ ရိုင်း ထွက်လိုက်သည့်အခါ ဆေးရုံဝန်ထမ်းများက အသင့်ကြိုနေကြ၏။ ရိုင်းက ခေါင်းညိတ်ပြလိုက်မှ အရိုသေပေးပြီး ထွက်သွားကြလေသည်။

     မိုးစက်ခနှင့် ရိုင်းတို့ ရောက်နေသည်က ဆေးရုံခန်းတစ်ခု၏ ရှေ့။ အခန်းက V.VIP ခန်းဖြစ်ပုံရကာ အပြင်တွင်လည်း Sky မှ ကိုယ်ရံတော်များကို တွေ့ရသည်။ မိုးစက်ခက ဘာကိုမှ နားမလည်နိုင်သေး။

     မိုးစက်ခက ရိုင်းကို ကြည့်ပြီး စကားစရသည်။

     "ဦး.. ဘယ်သူ ဆေးရုံတက်နေလို့လဲဟင်"

     ရိုင်းက မဖြေဘဲ အခန်းတံခါးကိုဖွင့်ကာ မိုးစက်ခကို ခေါ်လာခဲ့သည်။

     ကုတင်ပေါ်လှဲလျောင်းနေသည့် လူတစ်ဦး။ မိုးစက်ခ မူးဝေသွားသည့်စိတ်တို့ကို ထိန်းထားလိုက်ရသည်။

     ဟင့်အင်း။ မဟုတ်ဘူးလေ။ ဒယ်ဒီက ဘာလို့ ဒီမှာရှိနေရတာလဲ။ မာန်ပြောတော့ ဒယ်ဒီက သေပြီမဟုတ်လား။

     ခွေခနဲလဲကျသွားသည့် မိုးစက်ခကို ရိုင်းက ပွေ့ထိန်းထားလိုက်သည်။ ခဏအကြာမှ မိုးစက်ခက ကုတင်နားဆီ အားတင်းပြီးလျှောက်ရသည်။ ဆေးပိုက်များဖြင့် လှဲလျောင်းနေသည့် ဒယ်ဒီ။ နှလုံးခုန်စက်က အချက်ပေးသံလေးများက တတီတီ။ မိုးစက်ခ စိတ်တို့ကို မနည်းစုစည်းနေရသည်။ ဒယ်ဒီက ရှိနေသည်တဲ့လား။

     "ဒယ်ဒီ..ဦး.. အဲဒါ ငယ်ငယ်ရဲ့ ဒယ်ဒီလား"

    "အင်း.. အန်ကယ်က ငယ်ငယ်ကို တွေ့ချင်နေမှာ..အကြာကြီးနေမှ ခေါ်လာပေးရလို့ တောင်းပန်ပါတယ် ငယ်ငယ်"

     မိုးစက်ခက ကုတင်ပေါ်မှ ဆေးပိုက်လွတ်နေသည့် ဒယ်ဒီ၏ လက်တို့ကို ဆုပ်ကိုင်လိုက်သည်။

1500 Miles to You ... (Completed)Where stories live. Discover now