အပိုင်း 15

4.3K 280 9
                                    

Unicode

"ရှောင်သခင်ကြီး.."

"မြို့၀န်မင်း...ဘာကိစ္စရှိလို့ပါလဲ"

"၀မ်သခင်လေး...."

  ‌မနင်ပိုင်းရဲ့ နေရောင်ခြည်နုနုလေးကို ခံစားနေတုန်း လင်းယွီးဟန် ရောက်လာတာကြောင့် မထခြင်ထခြင်နှင့် ရှောင်ကျန့် ကုလားမှီလေးပေါ်မှ ထလိုက်ရသည်။စိတ်ထဲတွင် သိပ်မကျေနှပ်လှ သူများဇိမ်ခံနေတာကို လာနှောက်ယှပ်ရင် အမုန်းဆုံးပင်။

"မင်းတို့ ကိစ္စဘဲ ..ရိပေါ်မလိုက်ချင်ဘူးဆို မတတ်နိုင်ဘူး"

"ရှောင်သခင်ကြီးတို့ကတော့ဗျာ..."

"ရပ်....ရပ်....ရပ်...မင်းလေသံကိုပြင်လိုက်ရင်ကောင်းမယ်"

  အစပိုင်းတော့ ရှောင်ကျန့် က ရိပေါ်ကို မြို့၀န်မင်းလက်ထဲထည့်ပေးမလို့ဘဲ။ယခုတော့မဟုတ်တော့...ဘာလို့လဲ လာမမေးနဲ့..သောက်မြင်ကပ်သွားလို့။

  "ရှောင်.."

ရိပေါ်ရဲ့ ခေါ်သံကြားတော့ ရှောင်ကျန့်နောက်လှည့်ကြည့်မိသည်။ရိပေါ်၏ မျက်၀န်းများဟာ လင်းယွီဟန်ကို အစိမ်းလိုက်ဝါးစားပြစ်တော့မည့်အတိုင်း ကြည့်နေ၏။အခြေနေကို သဘောပေါက်သော ရှောင်ကျန့်ဟာ ၀မ်ရိပေါ်အနားအမြန်သွားကာ လင်းယွီးဟန်ဘက်လှည့်ပြီး

"မြို့၀န်မင်း..အခုသေချာသဘောပေါက်လိုက်ပါတော့.."

ဟု ပြောကာ ရိပေါ်၏ နှုတ်ခမ်းလေးကို  ခြေဖျားထောက်ပြီး ခပ်ဖွဖွနမ်းလိုက်သည်။ရိပေါ်နှင့် ရှောင်ကျန့်အရပ်ဟာ မတမ်းမရိမ်းမို့ ခြေဖျားထောက်စရာမလိုသော်လည်း သက်သက်ခြေဖျားထောက်လိုက်ခြင်းဖြစ်၏။ လင်းယွီးဟန်မှာ သူ့ရှေ့ရှိလူနှစ်‌ေ‌ယာက်ကို လက်ညှိုးတထိုးထိုးဖြင့်

"မင်း..မင်းတို့..ဟန့်!...၀မ်သခင်လေးကို..မရ..ရတဲ့နည်းနဲ့..ခေါ်မှာ .ရှောင်သခင်ကြီး"

"လုပ်ကြည့်လိုက်လေ...ရ မရသိရအောင်...ထပ်ပြောရရင်...အာ...ဒါမှမဟုတ်..ဘယ်သူက အောဇာပိုရှိလည်းဆုံးဖြတ်နိုင်တာဘဲ..အသေချာပြောနိုင်တာကတော့..မြို့၀န်မင်းရှုံးမယ်ဆိုတာ..ကလေးမေးတောင်သိတယ်"

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Wo Geschichten leben. Entdecke jetzt