အခန်း-(၁)အစအားလုံး၏အစအပိုင်း-၄

50 4 0
                                    

ဗိုလ်ချုပ်ဈေး၊ရန်ကုန်၊

ဗိုလ်ချုပ်ဈေး၌ ဆိုင်တို့မဖွင့်ကျ၊ ရန်ကုန်သည် တိတ်ဆိတ်နေ၏၊

အရမ်းကြီးသောအရေးခင်းမဟုတ်သော်လည်း အုံကြွမှု အချို့တော့ရန်ကုန်၌ ရှိခဲ့ပါသည်။
ပုန်ကန်မှုအချို့ရှိခဲ့ပါသည်။

သို့သော် ထိုအုံကြွမှု၊ ပုန်ကန်မှုတို့မှာ လုံထိန်းဟေ့ဟုသည်နှင့် ပျောက်သွားတော့၏၊

ဗိုလ်ချုပ်ဈေးရှိ အင်းဝ အအေးဆိုင်၊

အမျိုးသမီးအသက်၄၀ခန့် ထိုင်နေသည်။

သူမသည် အခြားလူ၂ဦးကို စောင့်နေဟန်၊

သူမသည် သူမအတွက် ကော်ဖီတစ်ခွက်၊ ကျန်နှစ်ယောက်အတွက် လိ‌မ္မော်ရည်နှင့် ဖာလူဒါ၊

ခဏအကြာ၌ ကားတစ်စီးသည် ဗိုလ်ချုပ်ဈေးသို့ထိုးရပ်သွားသည်။

ဂါဝန်အရှည်အဝဲ၊ ဆံပင်ကောက်ကောက်နှင့် အသက်၄၀ကျော်အရွယ်အမျိုးသမီးက အရင်ဆင်းလာသည်။

ထိုနောက် ‌ဂျင်း‌ေဘာင်းဘီနှင့် လက်ရှည် အင်္ကျီတို့အား ဝတ်ဆင်၍ နေကာမျက်မှန်ဝတ်ကာ ဆံပင်အား ဟန်ပါပါချည်ထားသော အမျိုးသမီးနောက်တစ်ဦးလဲ ဆင်းလာသည်။

၂ဦးစလုံးသည် အသက်၄၀ကျော်သော်ညားနုနေစဲ၊

ထို့အပြင် ထိုနောက်အနက် ဂါဝန်နှင့်သူသည် မြန်မာယောလုံချည်နှင့် မြန်မာဝတ်စုံကိုဝတ်ကာ ဆံပင်အားဘီးနှင့်ထုံး၍ အမြဲ ပုတီးတစ်ကိုင်ကိုင်လုပ်နေတတ်သော ဒေါ်သိန်းစုဆိုလျှင်မည်သူယုံမည်နည်း၊

ဘောင်းဘီနှင့်သူမှာလဲ ပိုးလုံချည်နှင့် တီရှပ်ကိုဝတ်ကာ ဆံနွယ်အရှည်တို့အား ထုံးရစ်လို့ သနပ်ခါး ပါးကွပ်ကြားနှင့် ဒေါ်ညိုစံပယ်ဆိုလျှင် မည်သူမျှ မယုံ၊

"သွားကြမယ် ညို၊ ချိုစောင့်နေရောပေါ့"

"အင်း"

သူတို့၂ဦးခပ်မြန်မြန်လျှောက်လာသည်။ အင်းဝ အအေးဆိုင်သို့၊

"ချို!"

ညိုစံပယ်အသံကြောင့် ဒေါ်ချိုမာ ရုတ်တရပ်ထမိသွားသည်။

မတွေ့သည်မှာ ကြာခဲ့ပြီကော၊

ထိုနောက်သူတို့ပြေးဖတ်လိုက်ကျသည်။

ရောင်နီ(၁၉၈၈) Where stories live. Discover now