အခန်း(၁၀)

67 5 8
                                    

'သိပ်ချစ်ခဲ့ကြပါသည်...သို့သော်...'

အကယ်၍ ငါတို့အတူတူဖြတ်လို့မရတဲ့တံတားတစ်စင်းရှိခဲ့မယ်ဆိုရင်....

မင်းအရင်သွားနှင့်ပါ ..မှိုင်း....

ငါစာထဲမှာ စာစုတချို့ဖတ်ဖူးတယ် ထွက်သွားတဲ့လူနဲ့ကျန်ရစ်ခဲ့ရတဲ့လူနှစ်ယောက်မှာ ကျန်ရစ်ခဲ့ရတဲ့လူကအနာကျင်ရဆုံးပဲတဲ့ ....

မဟုတ်ဘူး မင်းမှားတယ် မိုးဆွေ....

ပိုချစ်ရတဲ့လူကမှအနာကျင်ရဆုံးပါကွာ...

ဟုတ်လား ဒါဆိုရင်တော့ ငါပဲကျန်ရစ်ခဲ့ပြီး ငါပဲမင်းကို ပိုချစ်လိုက်ပါ့မယ်လေ ....ငါ့ချစ်သူလေးငါ့ကြောင့် ရင်နာနာနဲ့ငိုမနေရအောင်...

အလင်းရောင်မရှိတဲ့ အောက်သိုးသိုးအခန်းတစ်ခုအလယ်မှာ လုမော်တစ်ယောက်လက်နောက်ပြန်ကြိုးတုပ်ခံထားရသည်။

သူ့ကိုဖမ်းချုပ်ထားတာနှစ်ရက်ရှိပြီဖြစ်ကာ နေ့နေ့ညညရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ကြောင့် ဘယ်ဘက်မျက်လုံးတစ်လုံးပိတ်သွား၍ ညာဘက်မျက်လုံးကတော့ ဝေဝေဝါးဝါးသာမြင်ရသည်။

သူ့ခေါင်းပေါ်ကို ရေအေးနှစ်ပုံးလောင်းချခံလိုက်ရပြီးတဲ့နောက်မှာတော့ လုမော်ရဲ့မူးဝေထုံထိုင်းနေတဲ့ခေါင်းမှာ တဖြည်းဖြည်းအလုပ်လုပ်လာ‌တော့သည်။

ပထမအိမ်တော်က အကြီးဆုံးသခင်လေးရဲ့အနီးကပ်လူယုံကို ဒီလိုမျိုးဖမ်းချုပ်ပြီးနှိပ်စက်နိုင်လောက်တဲ့ မထီမဲ့မြင်အာဏာကိုအစိုးရထားတာက လေးအိမ်တော်ရဲ့အသိုင်းအဝိုင်းထဲမှာ ခပ်ချဉ်ချဉ်တစ်ယောက်သာရှိသည်။

နှစ်ရက်တန်ကြာပိတ်ချထားတဲ့သံတံခါးက နောက်ဆုံးမှာတော့ လေအေးတွေနဲ့အတူပွင့်သွားပြီး အလင်းရောင်တစ်သွယ်တိုးဝင်လာသည်။

အမှောင်ထုထဲမှာ ၄၈နာရီကြာကုန်ဆုံးခဲ့ရတဲ့လုမော်မှာ အလင်းစူးစူးကြောင့် ခုထိပွင့်သေးဆဲဖြစ်တဲ့မျက်စိတစ်ဖက်ကို မှိတ်ချပစ်လိုက်ရသည်။

တရှပ်ရှပ်ခြေသံတွေနဲ့အတူ ခပ်ဟဟလှောင်ရယ်သံတစ်သံက သူနဲ့တဖြည်းဖြည်းနီးကပ်လို့လာခဲ့သည်။

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now