🌺/"မြို့အုပ်မင်း ဇနီး အလှပဂေး မဟေသီလေး"/🌺
🌸Oneshort🌸 (YiZhan)
"မြို့တော်ဟောင်းတခုမှာ တာ၀န်ထမ်းဆောင်ဖို့ မေးပေးရွေးချယ်တဲ့အခါ မြို့အုပ်မင်း Wang Yiboက တာ၀န်ကျတယ်"
"သူလည်း လက်ခံခဲ့တယ် ထွေထွေထူးထူး ပြသနာမရှိပါဘူး သူ့ဇနီးချောလေး Xiao Zhan အဆင်ပြေဖို့ ပိုအရေးကြီးတယ်"
Xiao:::ရှောင်း အဆင်ပြေပါတယ်မောင် မောင်သာနားမှာရှိရင် အားလုံးပြေတယ်
"မြို့အုပ်မင်းရဲ့ ခေါင်းမှာ ဖွာကျနေသော ရေများကို ရှောင်းက သုတ်ပေးပြီး မောင်ပြောနေတာကို အာရုံစိုက်နားထောင်လို့ အလိုက်သင့် ပြန်ပြောပေးနေတယ်"
Wang:::မောင့် မဟေသီလေးက မောင့်ကို ခြွေနေပြန်ပြီ
Xiao:::မခြွေရပါဘူး မောင်ရယ် ရှောင်းတကယ်ပြောနေတာ မောင်သာ အနားမှာ ရှိနေရင် ဘာမှ မကြောက်ဘူး လုံခြုံတယ် မောင့်ရင်ခွင်က နွေးထွေးတယ်
"ရေအနည်းငယ် စိုစွတ်နေသေးတဲ့ မောင့်ရင်ခွင်ထဲ ခေါင်းတိုး၀င်လိုက်တယ် ခေါင်းတလုံးစာ နိမ့်နေတဲ့ ရှောင်းကို မောင်က လက်တဖက်က ခါးကိုဖက်လို့ တဖက်က ခေါင်းက ဆံပင်လေးကို ပွတ်ပေးနေတယ်"
"အင်းနွေးထွေးတယ် မောင်ရင်ခွင်က ရေစိုနေတာတောင်မှပေါ့"
"မောင်က ရှောင်းကိုရင်ခွင်ထဲက အသာထုတ်လို့ ဝဲကျနေသော ဆံပင်လေးကို သပ်သင်ပေးရင်း နဖူးလေးကို အနမ်းခြွေတယ်"
"မောင်က ဒီမြို့ကို မြို့အုပ်မင်းအဖြစ်ပြောင်းလာတုန်းက သူတို့ဆိုင်၀င်ပြီး မာဖလာ တတည်၀င်၀ယ်ရင်းနဲ့ သူနဲ့ စသိခဲ့တာဘဲ"
"ခန့်ချောကြီး မောင်က ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်လို့ ဆိုင်ထဲ၀င်လာတယ်"
"ရှောင်းက ကျောင်းလွှတ်တော့ မမဆီလာတာ မမက တခြား ကာစတန်မာ တဦးနဲ့ ဖုန်းပြောနေလို့ သူလာရောင်ပေးတာ"
Xiao:;:ဘာအလို ရှိပါသလဲဗျ
Wang;;;လှတယ်
"ထိုခန့်ချောချောအကိုက သူ့ကို စိုက်ကြည့်ပြီး လှတယ်တဲ့"
Xiao:::ဟမ်
Wang::: အော် ဟို ကိုမာဖလာလှလှလေး တထည်လောက်လိုချင်လို့
Xiao:;;ဟုတ်ကဲ့ ဟိုလေ ကောင်မလေးအတွက်လား
Wang:;;ဘာလို့အလိုမေးတာလဲ
Xiao:::ကျနော် အရောင်ရွေးပေးမလို့လေ မိန်းကလေးတွေက အရောင်နုနုလေးတွေကြိုက်တယ်လေ အတာကြောင့်ပါ
Wang:::ခဗျားလေးကရော ဘာရောင်ကြိုက်လဲ
Xiao:::အမ် ကျနော်က အနီရောင်ကြိုက်တာပါဗျ ဘာလို့လဲ
Wang:::ခင်ဗျားလေး ကြိုက်တဲ့အရောင် ကိုယူမယ်
Xiao:::ဟိုလေ ကျနော်ကြိုက်တဲ့အရောင်က မိန်းကလေးတွေ မကြိုက်လောက်ဘူး အဲ့ဒါ
Wang:::ကိုက မင်းကို ကြိုက်တယ်ဆိုရင်ရော ဘယ်ကောင်မလေးအတွက်မှ မဟုတ်ဘူး ကို့အတွက် ကိုလာ၀ယ်တာ အဲ့တာ ကိုကြိုက်တဲ့ မင်းက ရွေးပေး
"ဟာ ဒဲ့ကြီးပါလား"
"ရှောင်းက ရှက်ပြီး ခေါင်လေးငုံ့လို့ ရှက်ပြုံးလေးပြုံးတယ် သူများဆိုင်လာပြီး ခြွေနေတဲ့ ဒီလူကြီးကို သူလည်း ကြွေပါသည်"
"ဒီလိုနဲ့ မြို့အုပ်မင်းက သူတို့ဆိုင်နေ့တိုင်းလာတယ် အချိန်ကြာလာတဲ့အမျှ တွယ်လာတဲ့ သံယောဇဉ်ကြိုးနဲ့အတူ ချစ်ကြိုက် လို့ လက်ထပ်ဖြစ်ခဲ့ကြတယ်"
"ခုတော့ ဒီမြို့လေးကနေ ပြောင်းရတော့မယ် မောင်နဲ့ တွေ့ခဲ့တဲ့ မြို့လေးဖြစ်သလို သူ့ရဲ့ ဇာတိမြို့လေး မခွဲချင်ပါဘူး ဒါမဲ့ မောင်က အနားမှာ ရှိနေအတွက်ကြောင့် အင်း အဆင်ပြေပါတယ်"
________________
"မြို့တော်ဟောင်းကို ရောက်တာ 2ရက်ရှိနေပြီ"
"ရှောင်းတယောက်တော့ အိမ်အလုပ်တွေနဲ့ အလုပ်ရှုပ်တုန်း ဝိုင်းကူဖို့ လူခေါ်ပေးမယ်ဆိုတော့လည်း သူလုပ်နိုင်ပါတယ်တဲ့ "
"ဘယ်လို ခိုင်းရက်မှာလဲ ဒါကြောင့် သူ့မဟေသီလေးကို ဝိုင်းကူပေးနေတာ"
Xiao:::မောင်ရေချိုး ပြီးပြီမလား ထားလိုက်တော့ အင်္ကျီတွေ ဖုန်တွေ ပေကုန်မယ်
Wang:;;ရှောင်းတယောက်ထဲ မောင်ဘယ်လို ခိုင်းရက်မှာလဲ
Xiao::;ခုပြီးတော့မှာပါ မောင်ရယ် သွား ဧည့်ခန်းထဲမှာ ထိုင်စောင့်နေ ရှောင်းရေချိုးပြီး ဆင်းခဲ့မယ်