《 Chapter 49 》

909 142 4
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၄၉) : အိမ်ပြန်ရောက်ခြင်း

"ဟေး၊ ငါ့ကောင်ကြီး၊ မင်း ဘာလို့ ဒီလောက်အစောကြီးပြန်လာရတာတုန်း?" ယင်းက ထိုနေရာမှာသာ ထိုင်နေဆဲဖြစ်ပြီး မိန်းမောတွေဝေစွာနဲ့ သူခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိတဲ့ မကောင်းဆိုးဝါးကောင်ရဲ့အလောင်းကို အနီးကပ်ကြည့်ရှုနေတာဖြစ်တယ်။ ထိုအခိုက်အတန့်မှာဘဲ သူ့အနောက်ရှိ ဟင်းလင်းပြင်က ဝှေ့ခနဲ ယိမ်းထိုးလှုပ်ရှားသွားတာကို ခံစားမိလိုက်တယ်။ နောက်ပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ ရှင်းယန်တယောက် ဟင်းလင်းပြင်ရဲ့တံခါးပေါက်ကို ချိုးဖွင့်ပြီး ဝင်ရောက်လာတာကို သူမြင်တွေ့လိုက်ရတယ်။

ကြက်သွေးရောင် အာဆူရာနယ်မြေရဲ့ကောင်းကင်က သွေးနီရောင်အတိုင်း ဆက်လက်တည်ရှိနေဆဲဖြစ်တယ်။ ဒီနေရာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဝမ်းနည်းကြေကွဲစရာတွေက ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ သင့်အတွက် သေမလား၊ ရှင်မလား၊ ဝမ်းနည်းမလား၊ ပျော်ရွှင်မလား ဆိုတာတွေနဲ့ မသက်ဆိုင်ဘဲ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေက အဖန်တလဲလဲ ဖြစ်ပျက်နေမှာဖြစ်တယ်။ သင် ဒီနေရာကို ရောက်လာပြီဆိုတာနဲ့ ဘယ်တော့မှ ပြန်ထွက်သွားနိုင်မှာမဟုတ်ဘူး။

ယင်း ကိုယ်တိုင်လည်း ဒီဟင်းလင်းပြင်ကြီးမှာ ဘယ်လောက်ကြာကြာနေခဲ့ပြီးပြီလဲဆိုတာကို မမှတ်မိတော့ဘူး။ သူ့မှာ အချိန်ရဲ့အယူအဆတွေ ပျောက်ဆုံးနေခဲ့တာ ကြာလှပြီ။ လက်တွေ့ကမ္ဘာရဲ့အသွင်အပြင်ကိုတောင် သူမေ့နေခဲ့ပြီ။ သူ့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ချစ်ရသူတွေကိုလည်း မေ့နေခဲ့ပြီဖြစ်တယ်။ ဒီနေရာက ထွက်သွားဖို့ သူတခါကြိုးစားခဲ့ဖူးတယ်။ အခုချိန်မှာတော့ သူလက်လျော့လိုက်ဖို့ ဆုံးဖြတ်ပြီးဖြစ်တာကြောင့် ကြေကွဲဝမ်းနည်းစွာနဲ့ ကောင်းကင်ကြီးအား စိတ်ပျက်လက်ပျက် ငေးကြည့်နေရုံသာ တတ်နိုင်တော့တယ်။

"လျှို့ဝှက်ဆောင်ခန်းက ငါ့ကို အရေးကြီးတာဝန်တခု ပေးလာတာမို့လို့ ငါအချိန်စောပြီး ပြန်လာခဲ့တာ" ရှင်းယန်က ယင်းရဲ့ဘေးနားကို သွားလိုက်ပြီး သူ့လက်ထဲက ဓားကို ငုံ့ကြည့်လိုက်တယ်။ သူ့လက်ထဲက ဓားက အတော်လေး ပျော့ပျော့ပြောင်းပြောင်းရှိပြီး ၎င်းအား မျဉ်းကွေးသဏ္ဌာန် လှပစွာ သူဝှေ့ယမ်းလိုက်တယ်။ ရှင်းယန်ရဲ့လုပ်ရပ်ကို သတိထားမိသွားတော့ ယင်းက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ပြောလာတယ်၊ "ဒါ မင်းရဲ့ဓားမဟုတ်ဘူး" လို့ပြောလိုက်တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now