Chapter-34.2

261 16 1
                                    

[ Unicode ]

{ ဆောင်းနှင်းဓားထက်ချယ်ရီဝေ }

အခန်း-၃၄.၂။ ငါက မင်းအ​ဖေပဲ

───────

ကုရွှမ်းတု :  “မြို့အဝင်​ပေါက်မှာ စောင့်​နေ"

သူတို့ကို အဘယ်​ကြောင့် ဝင်ပေါက်တွင် စောင့်ဆိုင်းခိုင်းသနည်းဟု လင်းရု​ဖေး မေး​တော့မည့်အချိန်တွင် ရထားအပြင်ဘက်မှ စိုးရိမ်သောက​ရောက်​နေ​ကြောင်း ထင်ရှားသည့် ချီယန့်ရှန့်၏အသံကိုကြားလိုက်ရသည်။

ထိုအသံသည် တဖြည်းဖြည်း ဝေးရာမှ အနီးသို့ရောက်လာ၏။

"လင်းကုန်းဇီ——ခဏ​နေပါအုံး——"

လင်းရု​ဖေးသည် ရထား၏ ကန့်လန့်ကာကို မ,တင်လိုက်သည့်အခါ ချီယန်ရှန့်တစ်ယေက် အလွန်ထိတ်လန့်နေသကဲ့သို့ ဖြူဖျော့​နေသည့်မျက်နှာဖြင့် သူ့ဓားကိုစီးကာ ရောက်လာသည်ကို တွေ့လိုက်ရသည်။

လင်းရု​ဖေး : “ချီကုန်းဇီ"

ချီယန်ရှန့်သည် ရထားရှေ့တွင် ရပ်လိုက်ပြီးနောက် သူ့ဓားကို လက်တွင်ကိုင်ကာ ​အော်လိုက်သည်။

“ထွက်လာခဲ့"

လင်းရု​​ဖေးသည် ယင်းကို အံ့အားသင့်စွာ ကြည့်နေမိပြီး ချီယန်ရှန့်တစ်ယောက် သူ့ကို ယခုလိုမျိုး ဆက်ဆံရန် ဘယ်လိုမျိုး ဆေးကိုများမှား​သောက်ခဲ့လဲ ဆိုတာ စိတ်ထဲတွင် သိချင်​​မိသွားသည်။ သို့သော်လည်း ရထားအောက်မှ ဖုန်မှုန့်များ ဖုံးလွှမ်းနေသော လူတစ်ဦးကို သူမြင်လိုက်ရသည်။ ထိုလူသည် မုန့်အိမ်​တော်တွင် နာခံစွာရှိ​နေရမည့် မုန့်လန်​ရောဖြစ်​နေ၏။

မုန့်လန်​ရောသည် သူ၏ဆံပင်ကို အလုံးစုစည်းထားပြီး ၀တ်စုံကိုလည်း ဖြစ်သလိုသလို ပြောင်းဝတ်ထားသည်။ သူက သိပ်ပြီးမသေးငယ်​သော အ၀တ်အိတ်ကို သယ်​ဆောင်ထားပြီး ​လှောင်​ပြောင်​ထေ့​ငေါ့စွာဖြင့် အော်လိုက်သည်။

“ရှန့်ရှန့် မင်းဘာလို့ ဒီမှာ ရှိ​နေတာလဲ"

“ရှန့်ရှန့်” ဟု ​ခေါ်သံကို ကြားလိုက်ချိန်တွက် လူအုပ်ကြီး၏အမူအရာကအနည်းငယ် နားလည်ရခက်ခဲသွားသည်။ ယွီ​ရွေ့က ငယ်ရွယ်သေးတာကြောင့် သူမသည် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 07, 2023 ⏰

Add this story to your Library to get notified about new parts!

ဆောင်းနှင်းဓားထက် ချယ်ရီဝေ [ ဘာသာပြန် ]Where stories live. Discover now