ရိပေါ်အခန်းထဲပြန်ဝင်လာတော့ မနက်သုံးနာရီရှိနေပြီ ရှောင်းကျန့်ကိုလှမ်းကြည့်တော့ ကုတင်ပေါ်မှာခွေခွေလေးအိပ်ပျော်နေပြီ
သူကုတင်ပေါ်အသာတက်ကာ အိပ်မောကျနေတဲ့သူရဲ့မျက်နှာလေးကိုသေချာကြည့်မိတော့ အပြစ်ကင်းစင်စွာအိပ်နေတဲ့သူရဲ့မျက်နှာလေးက တစ်ချက်တစ်ချက်တွန့်ချိုးလာပြီး ရှိုက်သံလေးတွေထွက်ထွက်လာတာမို့ ငိုထားတယ်ဆိုတာ သိလိုက်သည်
အိပ်နေရင်းတွန့်ချိုးလာတဲ့နဖူးလေးကို သူအသာဖိပေးရင်း ဆံပင်လေးတွေကိုသပ်ပေးနေမိတယ် တစ်ရက်လောက်တော့ အမုန်းတွေဖယ်ထားပြီး ဒီလူသားမျက်နှာလေးကို တဝကြည့်ချင်ခဲ့တာ တစ်ချိန်ကမက်မောစွာငေးမောခဲ့ရတဲ့မျက်နှာလေးကိုလေ
မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုသေချာလိုက်မှတ်နေမိတယ် နောက်ဆိုသူကအများကြီးဒုက္ခတွေပေးမိမှာမို့ အခုလိုကြည်လင်နေတဲ့မျက်နှာလေးကိုထပ်တွေ့နိုင်ပါတော့မလားမသေချာဘူးလေ နဖူးပေါ်ကဆံပင်လေးတွေသပ်တင်နေရင်း နဖူးမှာရဲနေတာကိုတွေ့သွားတော့ ညနေကသူအရမ်းစိတ်တိုပြီး ကားထဲဆောင့်တွန်းလိုက်တဲ့အချိန် တံခါးဘောင်နဲ့တိုက်မိသွားတာကိုသတိရသွားသည်
ရဲနေတဲ့နဖူးလေးကိုအသာအယာပွတ်ပေးမိရင်းတစ်ဆက်တည်း ဟိုးရက်က သူလွှတ်ချခဲ့လို့လှေကားကပြုတ်ကျသွားတဲ့ကိုယ်လေးကိုသူပြန်မြင်ယောင်လာတယ်
မိသားစုနဲ့ပါတ်သတ်ရင်စိတ်ဆတ်လွန်းတဲ့သူက အဲ့နေ့ကသူအကြိမ်ကြိမ်ကြမ်တမ်းစွာဆက်ဆံလိုက်လို့ ပျော့ခွေနေတဲ့ကိုယ်လေးကို လှေကားနားထိခေါ်သွားပြီး အဲ့နေရာမှာအားအင်မရှိဘဲကိုယ့်ဘာသာဘယ်လိုရပ်တည်နိုင်မလဲဆိုပြီး ဒီတိုင်းပစ်ထားကာ အခန်းထဲပြန်ဝင်ခဲ့တယ် နှုတ်ကလဲ *လှေကားနားမှာရပ်နေဖို့တောင်ဘာအင်အားမှမရှိတဲ့ငါ့ညီလေးကိုမင်းတွန်းချတုန်းက ဘယ်လိုခံစားရလဲတစ်လှည့်ပြန်ခံကြည့်လှည့်လို့* ပြောလိုက်မိသေးတယ် သူပြုတ်ကျပါစေဆိုတဲ့ရည်ရွယ်ချက်မဟုတ်ခဲ့ပေမယ့် လှေကားကနေပြုတ်ကျသွားတဲ့အသံကြားတဲ့အခါ သူအပြေးအလွှား ဆင်းပြီးဖမ်းယူမိတယ် သူကကြောက်နေရအောင်တမင်ထားခဲ့တာပေမယ့် တစ်ကယ်တမ်းပြုတ်ကျသွားခဲ့တယ်လေ
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး