ကိုကို့ရဲ့အချစ်တော် (အပိုင်း-၆)

1K 57 0
                                    

"ရိပေါ်"

"မယ်ရီ ဘာလာလုပ်တာလဲ"

"အော် ရိပေါ်ဆီအလည်လာတာလေ"

"ဘာလို့အလည်လာတာ"

"မယ်ရီကအခုမှတရုတ်ပြည်ပြန်ရောက်ခါစလေ အဲ့တာဒီနေ့ရိပေါ်ကိုအကူအညီလေးတောင်းမလို့"

"ဘာ အကူအညီ"

"မယ်ရီကိုလေ ဒီနေ့အချိန်လေးတစ်ရက်ပေးပါလား မယ်ရီသွားချင်တဲ့နေရာတွေလိုက်ပို့ခိုင်းချင်လို့"

ရိပေါ်သည်းခံနိုင်စွမ်းကုန်လေပြီ။မနေ့ကပဲအခုလိုအနွယ်တွေလာဆက်မှာစိုးလို့အပြတ်ပြောထားတာတောင်ရအောင်လာသေးသည်။ရုပ်ကိုကမိတ်ကပ်တစ်ပိဿာနဲ့ သူ့ကိုယ်သူကလေးနဲ့လာနှိုင်းနေရသေးတယ်။ကြည့်ရင်းနဲ့တောင် အန်ချင်တယ်။ကလေးရဲ့ဆံချည်မျှင်လေးတောင်မမှီပဲ့နဲ့။

"တက်စီငှားပြီးသွား"

"ရိပေါ်ကလည်း မယ်ရီကမိန်းကလေးလေ ပြီးတော့တရုတ်ကိုခုမှလာခါစဆိုတော့ အန္တရာယ်များတယ်လေရိပေါ်ရယ် လိုက်ပို့ပါနော်"

"ငါ့ကို နင့်ခိုင်းဖက်များထင်နေလား!!!!"

ရိပေါ်တစ်ယောက်ထိုသို့အော်ထုတ်လိုက်တော့ မယ်ရီသာမက ရိပေါ်ရင်ခွင်ထဲကရှောင်းကျန့်လေးပင်လန့်သွားရသည်။ရိပေါ်ဆိုတာ သူအရမ်းစိတ်တိုမှသာခုလိုအော်တတ်ခြင်းဖြစ်သည်။ရှောင်းကျန့်လေးမှာလန့်လည်းလန့်ရသလို ဝမ်းလည်းသာရသည်။ကိုကိုကသူ့ကိုအတော်ချစ်တာပါလားလို့လည်းစိတ်ထဲတွေးမိသွားသည်။

ဝမ်မားမားကတော့ဒီမိန်းကလေးကိုသူကြည့်နေတာကြာပြီ။အိန္ဒြေကိုမရပါ။သူ့မျက်လုံးထဲအတော်အမြင်ကပ်လှသည်။ဒါပေမဲ့သူကလူကြီးဆိုတော့အလိုက်အထိုက်လေးပြောပေးနေရုံပင်ဖြစ်သည်။ရောင်လာကတည်းကအပေါ်ထပ်ကိုချည်းကြည့်နေတာ အတော်ပင်မျက်စိစူးလှသည်။သားရိပေါ်က သားကျန့်လေးအပေါ်အတော်ချစ်တာသိပေမဲ့ ဒီမိန်းကလေးကိုသူမျက်မုန်းကျိုးနေသည်။ရှင်းရှင်းပြောရရင်သားရိပေါ်ကို ဒီလိုမျိုးမိန်းကလေးတွေနဲ့မပတ်သက်စေချင်။သူအစက သားရိပေါ်အတွက်အလွန်စိတ်ပူနေခဲ့ရတယ်။အကြောင်းအရင်းကအခုခေတ်မှာမိန်းမကောင်းဆိုတာရှားသွားပြီလေ။ထမင်းထုပ်ဆွဲပြီးလိုက်ရှာလျှင်တောင် ထမင်းထုပ်သာကုန်ချင်ကုန်သွားမယ်။သားနဲ့လိုက်မဲ့မိန်းမမျိုးကိုရှာလို့တွေ့ချင်မှတွေ့လိမ့်မယ်။သားကျန့်လေးလိုအရာရာဖြူစင်တဲ့သူလေးနဲ့မှသူကသဘောတူတာ။ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲ့သားရိပေါ်ကသားကျန့်လေးကိုမေတ္တာသက်ဝင်နေကြောင်း သူ့ကိုလိုက်တောင်းပေးပါကြောင်းပြောပြတော့ ဝမ်မားမားမှာထခုန်မိမတတ်ပျော်ခဲ့ရသည်။

You'll also like

          

"သားရိပေါ် အရှုပ်ထုတ်တွေသယ်မလာနဲ့နော် မားမကြိုက်ဘူး သားကျန့်လေးမိဘတွေရဲ့မျက်နှာကရှိသေးတယ် နှစ်ဖက်မိဘတွေမျက်နှာပျက်အောင်မလုပ်မိစေနဲ့သားရိပေါ်"

"စိတ်ချပါမေမေ သားစိတ်ထဲ သားနှလုံးသားထဲမှာ ကလေးလေးတစ်ယောက်တည်းပဲ့ရှိတာပါ မားတို့မျက်နှာမပျက်စေရပါဘူး"

"ဒါဆိုပြီးရော မား သားကျန့်ကိုမနက်စာကျွေးလိုက်အုံးမယ် အရှုပ်ထုတ်တွေကိုရှင်းပြီးရင်လိုက်လာခဲ့ မားအိမ်ထဲမှာအမဂ်လာတွေမလိုချင်ဘူး ကျက်သရေယုတ်တယ်"

"ဟုတ်ကဲ့မေမေ"

"လာ သားကျန့် မား ကြက်ဆီထမင်းလုပ်ပေးထားတယ် သွားစားရအောင်နော်"

"ဟုတ်ကဲ့မားမား"

ရှောင်းကျန့်လေးကတော့ဝမ်မားနောက်ကိုပြုံးရွှင်စွာလိုက်ပါသွားလေတော့သည်။တကယ်တော့ဝမ်မားကသူသားရဲ့ကြင်ဖက်ဟာ ရှောင်းကျန့်လေးဖြစ်ကြောင်း သွယ်ဝိုက်တဲ့နည်းနဲ့အစစ်မကိုသတိပေးလိုက်ခြင်းဖြစ်သည်။

မယ်ရီတစ်ယောက်ကတော့ သူ့ကိုမှိုချိုးမျှစ်ချိုးပြောသွားသောကြောင့်အတော်စိတ်တိုကာဒေါသထွက်နေမိတယ်။

"မင်းလည်းပြန်တော့ နောက်ခါငါ့ရှေ့ကိုအရိပ်တောင်ပေါ်မလာမိစေနဲ့ ငါ့ကလေးအထင်လွဲရင်မင်းမလွယ်ဘူး"

"တောက် ဝမ်ရိပေါ် ရှင်တို့မိသားစုပြောထားတဲ့စကားတွေသေချာမှတ်ထား ရှင်နောင်တရစေရမယ်"

"မင်းသိအောင်လို့ငါပြောလိုက်မယ် ငါ့ဘဝမှာနောင်တဆိုတာမရှိဘူး အကုန်ပြည့်စုံနေပြီ"

"တောက် ရှင် ဝမ်ရိပေါ်"

မယ်ရီတစ်ယောက် တရှူးရှူးတရှဲရှဲနဲ့ဒေါသထွကါကာထွက်သွားလေတော့တယ်။

မယ်ရီထွက်သွားမှရိပေါ်လည်းထမင်းစားခန်းထဲသို့လာခဲ့တော့တယ်။ထမင်းစားခန်းထဲရောက်တော့ ကြက်ဆီထမင်းကို ပလုတ်ပလောင်းစားကာ ဝမ်မားနဲ့ပြုံးရယ်ကာစကားပြောနေတဲ့သူ့ကလေးလေးကျုမြင်တော့ခုနကသူ့ရငါထဲမှထွက်ပေါ်လာတဲ့ဒေါသမီးတွေတောင်ရေနဲ့ငြိမ်းသတ်လိုက်သလို ပျောက်ပျက်သွားရတော့သည်။

ဝမ်းမားကလည်းရှောင်းကျန့်လေးကိုတစ်သားသားနဲ့ ပွေ့ချီမတတ်ပင်။ဟုတ်ပါသည်လေ ကလေးလေးကချစ်မွှေးလေးပါနေတော့မည်သူမဆိုမချစ်ပဲမနေနိုင်။

"ကလေးလေး"

"ဗျာ"

"ကြည့်ပါအုံး ပေကုန်ပြီ လာ ကိုကိုသုတ်ပေးမယ်"

ကြက်ဆီထမင်းစားထားတော့ ပါးစပ်လေးမှာအဆီလေးတွေပေနေတော့ရိပေါ်ကသူ့ကလေးလေးကိုတယုတယလေးသုတ်ပေးနေတော့သည်။ရှောင်းကျန့်အခုလိုအခြေအနေမျိုးကိုအရမ်းပျော်သည်။ဝမ်မားမားကလည်းသူ့ကိုအရမ်းချစ်ပြီးဂရုစိုက် ကိုကိုဝမ်ရိပေါ်ကြီးကလည်းသူ့ကိုအရမ်းဂရုစိုက်တော့ သူ့မှာမိုးမဆုံးလေမဆုံးပျော်နေမိတယ်။

"ကလေးလေး ဒီနေ့ဘယ်သွားချင်သေးလဲ"

"မသွားတော့ဘူးကိုကို ကိုကိုနဲ့ပဲ့တစ်နေ့လုံးနေမှာ"

"ဟုတ်ပါပြီဗျာ"

"ပြီးရင် ကလေးအိမ်ဘက်ကိုသွားမယ်နော်ကိုကို"

"ဟုတ်ကဲ့ပါဗျ"

"ခစ်ခစ်"

ဒီလိုနဲ့ စားပြီးသောက်ပြီးတော့နှစ်ယောက်သားလက်ချင်းတွဲကာရှောင်းအိမ်တော်ဘက်ကိုလာခဲ့လေသည်။ကောင်းကင်မှားလည်တိမ်‌မည်းကြီးတွေအုံ့ဆိုင်းကာမကြာခင်မိုးစက်လေးတွေကျလာတော့မယ်ဆိုတာကိုနမိတ်ပြနေလေတယ်။ရှောင်းအိမ်တော်သို့ရောက်သော် ရှောင်းမားမားက

"အမယ်လေး အမောင်ကျန့်တို့များ ကျုပ်ကလင်နောက်များလိုက်သွားပြီလားလို့ ထင်နေတာ ပြန်လာသေးတယ်နော်"

လို့စလိုက်တော့ "မားကလည်း"ဟုဆိုကာ ရှောင်းကျန့်လေးတစ်ယောက်ရိပေါ်ရင်ခွင်ထဲသို့တိုးဝင်ကာရှက်နေတော့သည်။ရိပေါ်မှာတော့အသည်းတယားယားနှင့် ရှောင်းကျန့်ရဲ့ဆံပင်အုပ်အုပ်လေးကိုပွတ်သတ်ပေးနေတော့သည်။

ဒါနဲ့သူတို့လည်းဝမ်မားနဲ့ခနစကားပြောလိုက်ပြီး မိုးကလည်းသည်းကြီးမည်းကြီးရွာလာတော့အပေါ်ထပ်ကရှောင်းကျန့်အခန်းလေးသို့တက်လာကာ အိပ်ရာပေါ်တွင်ရှောင်းကျန့်လေးကိုရိပေါ်ကသူ့ရင်ခွင်ထဲထည့်ကာ ချစ်စကားလေးတွေနဲ့ကြည်နူးနေလိုက် နှုတ်ခမ်းပါးပါးလေးကိုဆွဲငုံလိုက်နဲ့ အလုပ်ကိုရှုပ်နေတော့သည်။ခနနေတော့ရှောင်းကျန့်ကကာတွန်းကားကြည့်ချင်သည်ဟုပြော၍ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်ထယတင်းကြပ်နေအောင်ဖက်ထားကာ TVကြည့်နေတော့တယ်။အပြင်ဘက်ကမိုးစက်လေးတွေကလည်းမစဲနိုင်သလို အချစ်လူသားလေးနှစ်ယောက်ဟာလည်း ပိုတိုးလိူ့ဖက်ထားဆဲပင်ဖြစ်သည်။

#Akvi

ကိုကို့ရဲ့အချစ်တော် (Complete)Where stories live. Discover now