ကြီးကျယ်ခမ်းနားတဲ့ခန်းမထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေမြောက်များစွာဖြင့် ရှုပ်ယှက်ခတ်နေသည်။မီးဆိုင်းအကြီးကြီးတွေ၊ရှန်ပိန်မျှော်စင်တွေ၊အရောင်အသွေးစုံလင်တဲ့ အစားအသောက်တွေနဲ့ ပွဲလာသူတွေကလည်းကျော့ကျော့မော့မော့ဝတ်စားထားသည်မို့ မြင်ရတွေ့ရတာဟာအထက်တန်းဆန်လွန်းနေသည်။အခမ်းအနားရဲ့ဇာတ်လိုက်မလာသေးတာကြောင့် ပွဲထဲရောက်နေတဲ့လူတွေကတမျှော်မျှော်ဖြစ်နေကြသည်။ကိုရီးယားနိုင်ငံရဲ့ top ten ဝင်နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ဂျွန်ဂျောင်ဆိုးရဲ့ JMU gpရဲ့နှစ်၆၀ပြည့်အခမ်းအနားဖြစ်သည်။
"ကိုယ့်အသက်ရေ!"
ပြင်ဆင်နေတုန်းကြားလိုက်တဲ့ ချစ်ရသူရဲ့အသံချိုချိုကြောင့် ထယ်ယောင်းနားဖျားတွေရဲတက်သွားသည်။နှစ်ယောက်တည်းရှိတဲ့အချိန် ဒီလိုခေါ်ခြင်းကိုနေသားကျနေပေမယ့် ခုလိုဘေးမှာဒီဇိုင်နာနဲ့makeup artistပါရှိနေတော့ အရှက်သည်း၍လက်ချောင်းလေးတွေကို ပွတ်သပ်နေလိုက်သည်။
"ကိုယ့်အသက်ရေ...ပြီးပြီလား"
ထပ်ခေါ်လာပြန်တဲ့ထိုနာမ်စားနဲ့အတူ အနက်ရောင်suitဝမ်းဆက်ဖြင့်ချောမောခန့်ညားလှသည့်အမျိုးသားက သူ့အနားမှာလာရပ်သည်။ညာမျက်လုံးနဲ့နှုတ်ခမ်းထောင့်စွန်းမှာဖောက်ထားတဲ့piercingတွေကိုတော့ ယနေ့ချွတ်လို့ထားတာမို့ မြင်နေကျနဲ့ကွဲထွက်ပြီး လူကြီးလူကောင်းဆန်ဆန်ချောမောနေသည်။
ဒီဇိုင်နာအစ်မကြီးနဲ့ makeup artistကောင်မလေးကတော့ ထယ်ယောင်းအရှက်သည်းနေပုံနဲ့ ဂျောင်ကုရဲ့သည်းသည်းလှုပ်နေမှုကိုကြည့်၍ ပြုံးစိပြုံးစိဖြစ်နေကြသည်။
"ဒီလောက်ချောဖို့လိုလို့လား...ပွဲထဲကိုတောင်မခေါ်သွားချင်တော့ဘူးကွာ"
မှန်မှာမြင်နေရတဲ့ ထယ်ယောင်းရဲ့မျက်နှာချောချောလေးကို ကြည့်၍ ဂျောင်ကုကသက်ပျင်းချရင်းဆိုသည်။ထိုစကားကြောင့် ဒီဇိုင်းနာအစ်မကြီးနဲ့ makeup artistကောင်မလေးမှာ မချိုမချဥ်မျက်နှာပေးတွေဖြစ်ကုန်ကြသည်။သူတို့မြင်နေရတဲ့JMUရဲ့ဆက်ခံသူက ချစ်သူကိုမျိုချထားတော့မတတ်သည်းသည်းလှုပ်နေတာမလား?ထယ်ယောင်းကတော့ အကဲပိုနေတဲ့ဂျောင်ကုကြောင့် မျက်နှာတစ်ခုလုံးနီရဲနေပြီဖြစ်၏။